ကားနှင့်ဆိုင်ကယ်များအား ယာဉ်စစ်ဆေးခြင်းမပြုဘဲ လိုင်စင်သက်တမ်းတိုးပေးခြင်းကို ယခုနှစ်ကုန်အထိ ဆောင်ရွက်ပေးမည်

 1247

ဟိန်း (NP News) - စက်တင်ဘာ ၁၉

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်က ယာဉ်သက်တမ်းတိုးခြင်းလုပ်ငန်းများအား ၂ဝ၂၃ ခုနှစ်၊ ဇွန်လအထိ ယာဉ်စစ်ဆေးခြင်းကင်းလွတ်ခွင့်ဖြင့် ဆောင်ရွက်ပေးမည်ဆိုသည့်သတင်းများ လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့ပြီးနောက် ယာဉ်စစ်ဆေးခြင်းမပြုဘဲ လိုင်စင်သက်တမ်းတိုးပေးခြင်းကို ယခုနှစ်ကုန်အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ (စက်တင်ဘာလ ၁၉ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် နှစ်လဲသက်တမ်းတိုးခြင်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရုံးများ၌ လူစုလူဝေးအ နည်းဆုံးဖြစ်စေရေးနှင့် လုပ်ငန်းများ မြန်ဆန်စွာပြီးစီးရေးအတွက် တိုင်းဒေသကြီး/ပြည် နယ်/ခရိုင်ရုံးများရှိ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်နှင့် မော်‌တော်ဆိုင်ကယ်များအနက် ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေး၍ အခြားမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းနှင့်သာ တိုက် ဆိုင်စစ်ဆေး၍ ယာဉ်စစ်ကင်းလွတ်ဖြင့် သက်တမ်းတိုးခြင်းကို ၂ဝ၂၁ ခုနှစ် မတ်လ ၁၇ ရက်မှစတင်လုပ်ဆောင်ခဲ့သည်။

ထို့နောက် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ်နှင့် ၂ဝ၂၂ ခုနှစ် ဇွန်လတွင် တစ်ကြိမ် ယာဉ်စစ်ကင်းလွတ်ခွင့် ထုတ်ပြန်ထားခဲ့သည်။

ထို့ကြောင့် ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေး၍ အခြားယာဉ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းနှင့်သာ တိုက်ဆိုင်စစ်ဆေးခြင်းကို ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆက်လက်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယာဉ်သက်တမ်းတိုးလိုသူများအနေဖြင့် အွန်လိုင်းဘွတ်ကင်ရယူရန် မလိုအပ်ဘဲ ယာဉ် မောင်းလိုင်စင် သက်တမ်းတိုးလိုသူများနှင့် ယာဉ်မောင်းလိုင်စင်အသစ် လျှောက်ထားသူများအနေဖြင့်သာ အွန်လိုင်းဘွတ်ကင်ရယူရန်လိုအပ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

zawgyi version
ကားႏွင့္ဆိုင္ကယ္မ်ားအား ယာဥ္စစ္ေဆးျခင္းမျပဳဘဲ လိုင္စင္သက္တမ္းတိုးေပးျခင္းကို ယခုႏွစ္ကုန္အထိ ေဆာင္႐ြက္ေပးမည္
ဟိန္း (NP News) - စက္တင္ဘာ ၁၉

ၿပီးခဲ့သည့္ စက္တင္ဘာလ ဒုတိယပတ္က ယာဥ္သက္တမ္းတိုးျခင္းလုပ္ငန္းမ်ားအား ၂ဝ၂၃ ခုႏွစ္၊ ဇြန္လအထိ ယာဥ္စစ္ေဆးျခင္းကင္းလြတ္ခြင့္ျဖင့္ ေဆာင္႐ြက္ေပးမည္ဆိုသည့္သတင္းမ်ား လူမႈကြန္ရက္စာမ်က္ႏွာ၌ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ယာဥ္စစ္ေဆးျခင္းမျပဳဘဲ လိုင္စင္သက္တမ္းတိုးေပးျခင္းကို ယခုႏွစ္ကုန္အထိ ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔ (စက္တင္ဘာလ ၁၉ ရက္) တြင္ ထုတ္ျပန္ေၾကညာလိုက္သည္။

ကိုဗစ္-၁၉ ေၾကာင့္ ေခတၱရပ္ဆိုင္းခဲ့ရသည့္ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ ႏွစ္လဲသက္တမ္းတိုးျခင္းမ်ား ျပန္လည္ဖြင့္လွစ္ေဆာင္႐ြက္ရာတြင္ ႐ုံးမ်ား၌ လူစုလူေဝးအ နည္းဆုံးျဖစ္ေစေရးႏွင့္ လုပ္ငန္းမ်ား ျမန္ဆန္စြာၿပီးစီးေရးအတြက္ တိုင္းေဒသႀကီး/ျပည္ နယ္/ခ႐ိုင္႐ုံးမ်ားရွိ မွတ္ပုံတင္ထားသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ ေမာ္‌ေတာ္ဆိုင္ကယ္မ်ားအနက္ ခရီးသည္တင္ယာဥ္မ်ားကိုသာ ယာဥ္စစ္ေဆး၍ အျခားေမာ္ေတာ္ယာဥ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအားလုံးကို ယာဥ္စစ္ေဆးျခင္းမျပဳဘဲ မွတ္တမ္းႏွင့္သာ တိုက္ ဆိုင္စစ္ေဆး၍ ယာဥ္စစ္ကင္းလြတ္ျဖင့္ သက္တမ္းတိုးျခင္းကို ၂ဝ၂၁ ခုႏွစ္ မတ္လ ၁၇ ရက္မွစတင္လုပ္ေဆာင္ခဲ့သည္။

ထို႔ေနာက္ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလတြင္ တစ္ႀကိမ္၊ ဒီဇင္ဘာလတြင္ တစ္ႀကိမ္ႏွင့္ ၂ဝ၂၂ ခုႏွစ္ ဇြန္လတြင္ တစ္ႀကိမ္ ယာဥ္စစ္ကင္းလြတ္ခြင့္ ထုတ္ျပန္ထားခဲ့သည္။

ထို႔ေၾကာင့္ ခရီးသည္တင္ယာဥ္မ်ားကိုသာ ယာဥ္စစ္ေဆး၍ အျခားယာဥ္မ်ားအားလုံးကို ယာဥ္စစ္ေဆးျခင္းမျပဳဘဲ မွတ္တမ္းႏွင့္သာ တိုက္ဆိုင္စစ္ေဆးျခင္းကို ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလကုန္အထိ ဆက္လက္ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ယာဥ္သက္တမ္းတိုးလိုသူမ်ားအေနျဖင့္ အြန္လိုင္းဘြတ္ကင္ရယူရန္ မလိုအပ္ဘဲ ယာဥ္ ေမာင္းလိုင္စင္ သက္တမ္းတိုးလိုသူမ်ားႏွင့္ ယာဥ္ေမာင္းလိုင္စင္အသစ္ ေလွ်ာက္ထားသူမ်ားအေနျဖင့္သာ အြန္လိုင္းဘြတ္ကင္ရယူရန္လိုအပ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

Related news

© 2021. All rights reserved.