ပြင်ပဈေးကွက်၌ ဒေါ်လာဈေးနှုန်းမှာ ကျပ် ၃၂ဝဝ ဝန်းကျင်အထိကျဆင်းခဲ့ပြီး ရွှေဈေးနှုန်းမှာလည်း ဆက်လက်ကျဆင်း

 1038

မျိုးကြီး (NP News) - စက်တင်ဘာ ၁၉

ပြင်ပဈေးကွက်၌ အမေရိကန်ဒေါ်လာဈေးနှုန်းမှာ ငွေကျပ် ၃၂ဝဝ အထိ ကျဆင်းခဲ့ပြီး ရွှေဈေးနှုန်းမှာလည်း ယခင်တစ်ပတ်ထက် ဆက်လက်ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လည်ပိုင်းတွင် ပြင်ပဒေါ်လာဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၃ဝဝ ဝန်းကျင်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ငွေကျပ် ၃၂ဝဝ ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မှာတော့ ဒေါ်လာဈေးက ပြီးခဲ့တဲ့တစ်ပတ်က ဈေးလောက်နဲ့စဖွင့်တယ်ပေါ့။ ဒါပေမယ့် ဈေးကဆက်ပြီး ကျဆင်းသွားတယ်။ အရောင်းအဝယ်အပိုင်းမှာတော့ အရောင်းတွေများနေတာတွေ့ရတယ်။ အဝယ်ကတော့ ရှိတော့ရှိတယ်။ ဒါပေမယ့် နည်းသွားတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

ပြင်ပဒေါ်လာဈေးကွက်၌ ဈေးနှုန်းမှာ ပြီးခဲ့သောတစ်ပတ်မှစ၍ တဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်ကာ စက်တင်ဘာလ ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၃၃ဝဝ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပိတ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယခုတစ်ပတ်အတွင်း၌လည်း ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်းမှာ ဆက်လက်ကျဆင်းနိုင်ကြောင်းလည်း သုံးသပ်ခန့်မှန်းမှုများရှိသည်။

အလားတူ ယနေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ပြင်ပဈေးကွက်၌ ရွှေဈေးနှုန်းမှာ ဆက်လက်ကျဆင်းလျက်ရှိပြီး တစ်ကျပ်သားလျှင် ၂၈ဝဝဝဝဝ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာပြီဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၇ ရက်တွင် အရောင်းအဝယ်ပြုလုပ်ခဲ့သော ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းဝန်းကျင်အထိ ကျဆင်းသွားခြင်းဖြစ်သည်။

နစကအနေဖြင့် ပြင်ပဈေးကွက်၌ ရွှေဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ရွှေဒင်္ဂါးပြားများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ျပင္ပေဈးကြက္၌ ေဒၚလာေဈးႏႈန္းမွာ က်ပ္ ၃၂ဝဝ ဝန္းက်င္အထိက်ဆင္းခဲ့ၿပီး ေ႐ႊေဈးႏႈန္းမွာလည္း ဆက္လက္က်ဆင္း
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁၉

ျပင္ပေဈးကြက္၌ အေမရိကန္ေဒၚလာေဈးႏႈန္းမွာ ေငြက်ပ္ ၃၂ဝဝ အထိ က်ဆင္းခဲ့ၿပီး ေ႐ႊေဈးႏႈန္းမွာလည္း ယခင္တစ္ပတ္ထက္ ဆက္လက္က်ဆင္းလာခဲ့ေၾကာင္း ေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

ယေန႔ (စက္တင္ဘာလ ၁၉ ရက္) ေန႔လည္ပိုင္းတြင္ ျပင္ပေဒၚလာေဈးကြက္၌ အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၃၃ဝဝ ဝန္းက်င္ျဖင့္ ေဈးဖြင့္ခဲ့ၿပီး ညေနပိုင္းတြင္ ေငြက်ပ္ ၃၂ဝဝ ဝန္းက်င္ျဖင့္သာ အေရာင္းအဝယ္ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“ဒီေန႔မွာေတာ့ ေဒၚလာေဈးက ၿပီးခဲ့တဲ့တစ္ပတ္က ေဈးေလာက္နဲ႔စဖြင့္တယ္ေပါ့။ ဒါေပမယ့္ ေဈးကဆက္ၿပီး က်ဆင္းသြားတယ္။ အေရာင္းအဝယ္အပိုင္းမွာေတာ့ အေရာင္းေတြမ်ားေနတာေတြ႕ရတယ္။ အဝယ္ကေတာ့ ရွိေတာ့ရွိတယ္။ ဒါေပမယ့္ နည္းသြားတယ္” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ျပင္ပေဒၚလာေဈးကြက္၌ ေဈးႏႈန္းမွာ ၿပီးခဲ့ေသာတစ္ပတ္မွစ၍ တျဖည္းျဖည္းက်ဆင္းလာျခင္းျဖစ္ကာ စက္တင္ဘာလ ၁၇ ရက္တြင္ တစ္ေဒၚလာလွ်င္ ၃၃ဝဝ က်ပ္ဝန္းက်င္ျဖင့္ အေရာင္းအဝယ္ပိတ္ခဲ့ေၾကာင္း ေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

ယခုတစ္ပတ္အတြင္း၌လည္း ျပင္ပေဈးကြက္တြင္ ေဒၚလာေဈးႏႈန္းမွာ ဆက္လက္က်ဆင္းႏိုင္ေၾကာင္းလည္း သုံးသပ္ခန႔္မွန္းမႈမ်ားရွိသည္။

အလားတူ ယေန႔ (စက္တင္ဘာလ ၁၉ ရက္)တြင္ ျပင္ပေဈးကြက္၌ ေ႐ႊေဈးႏႈန္းမွာ ဆက္လက္က်ဆင္းလ်က္ရွိၿပီး တစ္က်ပ္သားလွ်င္ ၂၈ဝဝဝဝဝ က်ပ္ဝန္းက်င္အထိ ေရာက္ရွိလာၿပီျဖစ္သည္။

ၿပီးခဲ့ေသာ စက္တင္ဘာလ ၁၇ ရက္တြင္ အေရာင္းအဝယ္ျပဳလုပ္ခဲ့ေသာ ေဈးႏႈန္းႏွင့္ႏႈိင္းယွဥ္ပါက ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္တစ္သိန္းဝန္းက်င္အထိ က်ဆင္းသြားျခင္းျဖစ္သည္။

နစကအေနျဖင့္ ျပင္ပေဈးကြက္၌ ေ႐ႊေဈးႏႈန္းႀကီးျမင့္မႈကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ေ႐ႊဒဂၤါးျပားမ်ားကို ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.