နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ ခိုင်တောင်ကျွန်းအတွင်းရှိ စိုက်ပျိုးဧက(၃ဝဝဝ)ကျော်ကို စံပြစိုက်ကွင်းအဖြစ် အကောင်အထည်ဖော်သွားမည်

 643

ယွန်း (NP News) - စက်တင်ဘာ ၁၉

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ ခိုင်တောင်ကျွန်းအတွင်းရှိ စိုက်ပျိုးဧက (၃ဝဝဝ)ကျော်ကို စံပြစိုက်ကွင်းအဖြစ် အကောင်အထည်ဖော်သွားမည်ဟု ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်ကပြောသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စက်တင်ဘာလ ၁၇ ရက်တွင် ကချင် ပြည်နယ်၊ ခိုင်တောင်ကျွန်း၌ ပြုလုပ်ခဲ့သောဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခိုင်တောင်ကျွန်းအတွင်းရှိ စိုက်ပျိုးရေးဧက (၃ဝဝဝ)ကျော်ရှိသော ကွင်း(၆)ကွင်းသည် ခေတ်အဆက်ဆက်တောင်သူများက အစေ့ထုတ်ပြောင်း၊ နှမ်း၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများကို စိုက်ပျိုးလုပ်ကိုင်သော နေရာဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်မှ ပြောသည်။

ယခုအခါ ၎င်းကွင်း(၆)ကွင်းအား ပြည်နယ်၏စံပြစိုက်ကွင်းဖြစ်လာစေရန် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော စိုက်ပျိုးရေးသမဝါယမအသင်းစုအဖြစ် ရင်းနှီး မတည်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စံပြစိုက်ကွင်းဖြစ်လာစေရန် စိုက်ပျိုးရေးနည်းပညာလိုအပ်ချက်၊ ရင်းနှီးမတည်ငွေနှင့် ဈေးကွက်ရရှိရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ရေးသည် တောင်သူများ ၏ လိုလားချက်ဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်ကဆိုသည်။

အဆိုပါ ခိုင်တောင်ကျွန်းသည် မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ကွင်း(၆)ကွင်းဖြင့် စိုက်ပျိုးမြေဧက(၃ဝဝဝ)ကျော်တွင် တောင်သူ(၉ဝဝ)နီးပါး တို့ သည် နှစ်စဉ်အစေ့ထုတ်ပြောင်း အပါအဝင် နှမ်း၊ ဆီမုန်းညှင်းနှင့် အခြားသီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြျဖင့္ ကခ်င္ျပည္နယ္၊ ခိုင္ေတာင္ကြၽန္းအတြင္းရွိ စိုက္ပ်ိဳးဧက(၃ဝဝဝ)ေက်ာ္ကို စံျပစိုက္ကြင္းအျဖစ္ အေကာင္အထည္ေဖာ္သြားမည္
ယြန္း (NP News) - စက္တင္ဘာ ၁၉

ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြျဖင့္ ကခ်င္ျပည္နယ္၊ ခိုင္ေတာင္ကြၽန္းအတြင္းရွိ စိုက္ပ်ိဳးဧက (၃ဝဝဝ)ေက်ာ္ကို စံျပစိုက္ကြင္းအျဖစ္ အေကာင္အထည္ေဖာ္သြားမည္ဟု ျပည္ နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္ကေျပာသည္။

ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္က စက္တင္ဘာလ ၁၇ ရက္တြင္ ကခ်င္ ျပည္နယ္၊ ခိုင္ေတာင္ကြၽန္း၌ ျပဳလုပ္ခဲ့ေသာေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

အဆိုပါ ခိုင္ေတာင္ကြၽန္းအတြင္းရွိ စိုက္ပ်ိဳးေရးဧက (၃ဝဝဝ)ေက်ာ္ရွိေသာ ကြင္း(၆)ကြင္းသည္ ေခတ္အဆက္ဆက္ေတာင္သူမ်ားက အေစ့ထုတ္ေျပာင္း၊ ႏွမ္း၊ ဆီထြက္သီးႏွံႏွင့္ အျခားသီးႏွံမ်ားကို စိုက္ပ်ိဳးလုပ္ကိုင္ေသာ ေနရာျဖစ္ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ေျပာသည္။

ယခုအခါ ၎ကြင္း(၆)ကြင္းအား ျပည္နယ္၏စံျပစိုက္ကြင္းျဖစ္လာေစရန္ ႏိုင္ငံစီးပြားျမႇင့္တင္ေရးရန္ပုံေငြျဖင့္ေဆာင္႐ြက္ေသာ စိုက္ပ်ိဳးေရးသမဝါယမအသင္းစုအျဖစ္ ရင္းႏွီး မတည္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စံျပစိုက္ကြင္းျဖစ္လာေစရန္ စိုက္ပ်ိဳးေရးနည္းပညာလိုအပ္ခ်က္၊ ရင္းႏွီးမတည္ေငြႏွင့္ ေဈးကြက္ရရွိေရးအတြက္ စီမံေဆာင္႐ြက္ေပးႏိုင္ေရးသည္ ေတာင္သူမ်ား ၏ လိုလားခ်က္ျဖစ္ေၾကာင္းလည္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ကဆိုသည္။

အဆိုပါ ခိုင္ေတာင္ကြၽန္းသည္ ျမစ္ႀကီးနားၿမိဳ႕နယ္၊ အက်ဲေက်း႐ြာအုပ္စုအတြင္း တည္ရွိၿပီး ကြင္း(၆)ကြင္းျဖင့္ စိုက္ပ်ိဳးေျမဧက(၃ဝဝဝ)ေက်ာ္တြင္ ေတာင္သူ(၉ဝဝ)နီးပါး တို႔ သည္ ႏွစ္စဥ္အေစ့ထုတ္ေျပာင္း အပါအဝင္ ႏွမ္း၊ ဆီမုန္းညႇင္းႏွင့္ အျခားသီးႏွံမ်ားကို စိုက္ပ်ိဳးထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.