အိမ်ထောင်စုလူဦးရေစာရင်းကွဲလွဲခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်အပိုကိုင်ဆောင်ခြင်းများကို လဝကရုံးများ၌ သွားရောက်ဖြေရှင်းရန် အသိပေး

 2446

မျိုးကြီး (NP News) - စက်တင်ဘာ ၂ဝ

အိမ်ထောင်စုလူဦးရေစာရင်းကွဲလွဲခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်အပိုကိုင်ဆောင်ခြင်းများကို နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန် အသိပေးထုတ်ပြန်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက် ညပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်ကို စာရင်းသွင်းထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ် ထောင်စုလူဦးရေစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်လည်း ဝန်ကြီးဌာနက အသိပေးထားသည်။

ယခုနှစ် နိုဝင်ဘာလ ၁ ရက်အထိ သတ်မှတ်ကာလအတွင်း ဖြေရှင်းဆောင်ရွက်ခြင်း မပြုလုပ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးဌာနက သတိပေးထားသည်။

ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးနေသူများနှင့် ပုံစံ ၆၆/၆ အိမ် ထောင်စုလူဦးရေစာရင်း(အထစ) ပျောက်ဆုံး၊ ပျက်စီးနေသူများသည် သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်သတင်းပို့ ဖြေရှင်းရမည်ဖြစ်သည်။

လက်ရှိ၌ မည်သည့်အရပ်ဒေသတွင်မှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ) မရှိသေးသူများကို နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သတင်းပို့ကာ ပန်းခင်းစီမံချက်အရ စိစစ်ဆောင်ရွက်ပေးမည်ဟုလည်း ဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။

zawgyi version
အိမ္ေထာင္စုလူဦးေရစာရင္းကြဲလြဲျခင္းႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္အပိုကိုင္ေဆာင္ျခင္းမ်ားကို လဝက႐ုံးမ်ား၌ သြားေရာက္ေျဖရွင္းရန္ အသိေပး
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂ဝ

အိမ္ေထာင္စုလူဦးေရစာရင္းကြဲလြဲျခင္းႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္အပိုကိုင္ေဆာင္ျခင္းမ်ားကို နီးစပ္ရာၿမိဳ႕နယ္ လဝက႐ုံးမ်ားသို႔ သြားေရာက္ေျဖရွင္းေဆာင္႐ြက္ရန္ အသိေပးထုတ္ျပန္ထားသည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက စက္တင္ဘာလ ၁၉ ရက္ ညပိုင္းက အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

လက္ရွိတြင္ ဝန္ႀကီးဌာနမွ e-ID Biographic Registration Software နည္းပညာျဖင့္ ႏိုင္ငံသား၊ ဧည့္ႏိုင္ငံသား၊ ႏိုင္ငံသား ျပဳခြင့္ရသူႏွင့္ အျခားအသိအမွတ္ျပဳကတ္တစ္မ်ိဳးမ်ိဳးကိုင္ေဆာင္သူ (၅၂)သန္းေက်ာ္ကို စာရင္းသြင္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ႏိုင္ငံသားစိစစ္ေရးကတ္ႏွင့္ အျခားအသိအမွတ္ျပဳကတ္မ်ား၊ ပုံစံ ၆၆/၆ အိမ္ ေထာင္စုလူဦးေရစာရင္းမ်ားကြဲလြဲျခင္း၊ အပိုကိုင္ေဆာင္ျခင္းမ်ားအား နီးစပ္ရာၿမိဳ႕နယ္လဝက႐ုံးမ်ားသို႔ သြားေရာက္ေျဖရွင္းေဆာင္႐ြက္ရန္လည္း ဝန္ႀကီးဌာနက အသိေပးထားသည္။

ယခုႏွစ္ ႏိုဝင္ဘာလ ၁ ရက္အထိ သတ္မွတ္ကာလအတြင္း ေျဖရွင္းေဆာင္႐ြက္ျခင္း မျပဳလုပ္ပါက ဥပေဒႏွင့္အညီ ေဆာင္႐ြက္သြားမည္ဟုလည္း ဝန္ႀကီးဌာနက သတိေပးထားသည္။

ထို႔ျပင္ ႏိုင္ငံသားစိစစ္ေရးကတ္ ေပ်ာက္ဆုံး၊ ပ်က္စီးေနသူမ်ားႏွင့္ ပုံစံ ၆၆/၆ အိမ္ ေထာင္စုလူဦးေရစာရင္း(အထစ) ေပ်ာက္ဆုံး၊ ပ်က္စီးေနသူမ်ားသည္ သက္ဆိုင္ရာၿမိဳ႕နယ္လဝက႐ုံးမ်ားသို႔ သြားေရာက္သတင္းပို႔ ေျဖရွင္းရမည္ျဖစ္သည္။

လက္ရွိ၌ မည္သည့္အရပ္ေဒသတြင္မွ အိမ္ေထာင္စုလူဦးေရစာရင္း ပုံစံ ၆၆/၆(အထစ) မရွိေသးသူမ်ားကို နီးစပ္ရာၿမိဳ႕နယ္ လဝက႐ုံးမ်ားသို႔ သတင္းပို႔ကာ ပန္းခင္းစီမံခ်က္အရ စိစစ္ေဆာင္႐ြက္ေပးမည္ဟုလည္း ဝန္ႀကီးဌာနက အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.