မြန်မာနှင့် နယ်ခြားတင်းမာမှု ဘင်္ဂလားဒေ့ရှ်စိုးရိမ်မှုကို အာဆီယံသံတမန်တို့ လက်ဆင့်ကမ်းမည်

 857

Htay Oung (NP News) - စက်တင်ဘာ ၂ဝ

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက် အခြေအနေများနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့စိုးရိမ်မှုတွေကို သူတို့ရဲ့ အစိုးရအဖွဲ့များထံ ပြန်လည်သတင်းပို့မှာဖြစ်ကြောင်း ဒါကာအခြေစိုက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) သံတမန်တွေက ပြောပြတယ်လို့ Dhaka Tribune က ယနေ့ ရေးသားပါတယ်။

ဒါကာမြို့ရှိ အရှေ့တောင်အာရှနိုင်ငံများမှ သံတမန်အကြီးအကဲများနဲ့ စက်တင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့ တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ရဲ့လက်ရှိအခြေအနေများကို ဘင်္ဂလားဒေ့ရှ်ယာယီနိုင်ငံခြားရေးဝန်ကြီး (အငြိမ်းစား) ရေတပ်ဗိုလ်ချုပ် မိုဟာမက် ကော်ရှက်အလမ်က အသိပေးလိုက်တယ်လို့ ဆိုပါတယ်။

မြန်မာဘက်မှ မော်တာကျည်တွေ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့ လတ်တလောဖြစ်ရပ် များနဲ့ပတ်သက်ပြီ နက်ရှိုင်းစွာ စိုးရိမ်ပူပန်ကြောင်း ဘင်္ဂလားဒေ့ရှ်ယာယီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာရဲ့ဝေဟင်မှ အရမ်းကာရောပစ်ခတ်မှုတွေကြောင့် နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသများနေ ပြည်သူ တို့ရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုများနဲ့ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြရတယ်လို့ ရှင်းပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း မော်တာကျည်မျိုးစုံကျရောက်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးက စက်တင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ အသိအမှတ်ပြုခဲ့ပေမယ့် တိုက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ သောင်းကျန်းသူများက အမြောက်၊ မော်တာများနဲ့ အမျိုးမျိုးပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး လွှဲချ အပြစ်တင်ဖို့ ကြိူးစားခဲ့ပါတယ်။

လက်ရှိဖြစ်ရပ်များကြောင့် မြန်မာနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသနေ အပြစ်မဲ့ပြည်သူများအကြား ကြောက်လန့် တကြားဖြစ်ပေါ်နေခဲ့ကြောင်းထောက်ပြလိုက်ပြီး အများပြည်သူတို့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေ တဲ့လုပ်ရပ်များမှ ရှောင်ကြဉ်ဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာကို တိုက်တွန်းထားပါတယ်။

ဩဂုတ်လမှစပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအနေနဲ့ ၄ ကြိမ်မြောက် မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ ပြီး မြန်မာဘက်မှ ပစ်ခတ်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်းပြသခဲ့ပါတယ်။

ယခုသတင်းနဲ့ဆက်စပ်ပြီး ကမ္ဘာ့ကုလမဂ္ဂအနေဖြင့် မြန်မာစစ်တပ်ရဲ့ပစ်ခတ်မှုမှ အကာအကွယ်ပေးဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် “လူမဝင်ရ“ ကန့်သတ်နယ်မြေမှာ ခိုလှုံနေကြသူ ဒုက္ခသည်ဘင်္ဂါလီ (မူရင်း-ရိုဟင်ဂျာဟုဖော်ပြ) တို့က တောင်းဆိုလိုက်တယ်လို့ Dhaka Tribune က ယမန်နေ့ ရေးသားပါတယ်။

လူမျိုးသုဉ်းပြုမှုမှ အသက်ရှင်ကျန်ရစ်ခဲ့သူတွေဟာ မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ၂ဝ၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် “ကန့်သတ်မြေ “ (၎င်းတို့အခေါ် သုညမျဉ်း) မှာ ခိုလှုံနေထိုင်ခဲ့ကြကြောင်း၊ စက်တင်ဘာ ၁၆ ရက်နေ့ မြန်မာစစ်တပ်ရဲ့မော်တာများနဲ့ပစ်ခတ်မှု ကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးပြီး ၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် တောင်ပြိုလက်ယာမှ ဒုက္ခသည်ဘင်္ဂါလီစခန်းနေထိုင်သူများအပေါ် မြန်မာ စစ်တပ်က မကြာခဏပစ်ခတ်လျက်ရှိကြောင်း၊ ဘင်္ဂါလီတို့အနေနဲ့ ရခိုင်ပြည်နယ်ရှိ ဇာတိမြေသို့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် အကာအကွယ်ပေးရေးအစီအစဉ်များ ဆောင်ရွက်ပေးရန် အရေးပေါ်တောင်းဆိုကြောင်း ကုလသမဂ္ဂဋ္ဌာနချုပ်ထံပေးပို့စာမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဂေါင်းဒုံ “ကန့်သတ်မြေ” အနီးနေထိုင်သူမိသားစုတွေရဲ့ဘေးအန္တရာယ်ကင်းရှင်း ရေးအတွက် ယခုတောင်းဆိုချက်ကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအနေနဲ့ ချက်ချင်းအရေးယူဆောင်ရွက်မှာဖြစ် ကြောင်း ဘန်ဒါဘန် ဒုတိယကော်မရှင်နာမင်းကြီး (DC) က ယမန်နေ့မှာ အတည်ပြုပါတယ်။

နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံရှိ ဒါကာသံရုံးဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပဲဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားစည်းရိုးမှာ “Single Fence” တစ်ထပ်စည်းရိုး အမျိုးအစားဖြစ်ပြီး နှစ်နိုင်ငံနယ်ခြား စည်ရိုးရဲ့ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသတ်မှတ်ထားတဲ့အကွာအဝေးအထိမှာ မြန်မာပိုင်ဖြစ်ပါတယ်။ မြန်မာဘက်မှာ လည်း အလားတူဖြစ်ပါတယ်။ အဆိုပါမြေတို့က “No Man’s Lann “ လူမဝင်ရ ကန့်သတ်နယ်မြေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာ ဖော်ပြထားတဲ့ “ Zero Line” သုံညမျဉ်းဆိုတာက စစ်မက်ဖြစ်ပွားဆဲ ယာယီနှစ်ဖက် နားလည်မှု အသုံးအနှုန်းသာဖြစ်ပြီး တရားဝင် သုံးစွဲဖို့ မသင့်တာမျိုးဖြစ်ပါတယ်။

မြန်မာစစ်တပ်ကြောင့် ထွက်ပြေးသွားတယ်ဆိုသူတို့က ၎င်းနယ်မြေမှာ တဲများထိုးပြီးနေထိုင်ကြတာက ၂ဝ၁၇ ခုနှစ် ကတည်းကဖြစ်ပါတယ်။ ၎င်းတို့မှာ ARSA အကြမ်းဖက်များရောနှောနေတဘ်လို့ အိန္ဒိယ RAW ထောက်လှမ်းရေးရဲ့ မှတ်ချက်ကို နယူးဒေလီနဲ့ ဒါကာသတင်းစာတို့က ဖော်ပြခဲ့ပြီး ကျွန်တော် ဘာသာပြန်ဆိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အဆိုပါနေရာမှာ နေထိုင်ခြင်းမပြုကြဖို့ NLD အစိုးရ ပြည်ထဲရေး ဒုဝန်ကြီးကိုယ်တိုင် သွားရောက် တားဆီးခဲ့ပေမယ့်လည်း မလိုက်နာခဲ့ဘူးလို့ သိရပါတယ်။ ဒုက္ခသည်တို့အကြားရောက်ရှိနေတဲ့ မလေးရှားသတင်း ထောက်က မြန်မာဝန်ကြီး လာရောက်တားဆီးပုံကို ရုပ်သံရိုက်ကူးကာ လူမှုကွန်ရက်မှာပင် လွှင့်တင်ခဲ့ပါတယ်။

အမှန်အားဖြင့် အဆိုပါနယ်မြေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသူ ဘင်္ဂလားဒေ့ရှ်သည် နှစ်နိုင်ငံ ချစ်ကြည် လေးစား၍ ရှုတ်ထွေးမှုတွေမဖြစ်စေဖို့ ဆန္ဒအမှန်ရှိပါက ၎င်းနယ်မြေမှ ဒုက္ခသည်ဆိုသူတို့ကို ဥရောပနိုင်ငံများ လုပ် လေ့ရှိသကဲ့သို့ အနည်းဆုံး ဂျိုင်းနှစ်ဖက်မှ မယူကာ ဆွဲထုတ်ပေးသွားလောက်ပါတယ်။

သို့သော် ၎င်းကန့်သတ်မြေနေထိုင်သူတို့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များကို လက်ခံ တွေ့ဆုံရုံမက ယခုနောက်ပိုင်း စားသောက်ဆိုင်တွေဖွင့်လှစ်တဲ့အထိ စည်ကားလာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကော့ခ်ဘဇား ဒုက္ခသည်စခန်းရောက် နိုင်ငံတကာကိုယ်စားပြုသူများတွင် တစ်ချိန်က မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီလီးလည်း ပါဝင်ပါတယ်။

လူမျိုးတစ်မျိုးလို့ အမည်တပ်ခေါ်ဝေါ်ခြင်းမှာ ၎င်းလူမျိုး အမှန်တကယ်ရှိသည်ဟု အသိအမှတ်ပြုခြင်း မဟုတ်ဘဲ လူ့အခွင့်အရေးအရ သူတို့နှစ်သက်ရာအမည်ကို ခေါ်ဝေါ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူပင် ဒုက္ခသည်များဖြစ်၍ ၎င်းတို့နှစ်သက်ရာ နေထိုင်ခွင့်ရှိတယ်လို့ ဥပဒေကိုကျော်လွန်ကာ ဆုံးဖြတ်ခဲ့ရင် ၎င်းတို့အနေဖြင့် ဒါကာအစိုးရက သံဆူးကြိုးခတ်ထားသည့် စခန်းဝင်းအတွင်းမနေကြဘဲ ရှိတ်ဟာစီနာရဲ့ “ဂါနာ ဘာဘန်“ ဝန်ကြီးချုပ်စံအိမ်တော်သို့ ပြောင်းရွှေ့ခွင့်ပြုသင့်ပါတယ်။

နိုင်ငံတကာ အကူအညီပေးဖို့ ဘင်္ဂါလီတို့ရဲ့တောင်းဆိုချက်က အထူးအဆန်းတော့ မဟုတ်ပါ။ NLD အစိုးရ လက်ထက် ဒုက္ခသည်များနေရပ်ပြန်ရေးအတွက် ၎င်းတို့တောင်းဆိုချက်က ရခိုင်မြောက်ပိုင်းမှာ နိုင်ငံတကာက “Safe_Zone” ဘေးအန္တရာယ်ကင်းရှင်းရေး< လေယာဉ်မပျံသန်းရဇုံမှာ အချက်တစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။

နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး ဒုက္ခသည်များအတွင်း သဘောကွဲလွဲသကဲ့သို့ RSO နဲ့ ARSA တို့ကလည်း ၂ ဖွဲ့အထက် ကွဲပါတယ်။ ဒါ့ကြောင့် စက်တင်ဘာလမှာ NUG အစီအစဉ်နဲ့နေရပ်ပြန်မယ်ဆိုတဲ့ မူဟစ်အူလာ အသတ်ခံရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့ဝင် ၅၇ နိုင်ငံပါ OIC အဖွဲ့ကြီးအတွင်းမှာပင် ARSA နဲ့ပတ်သက်ပြီး အကြမ်းဖက်တွေနဲ့ ဆက်စပ်တယ်လို့ဆိုကာ လက်မခံနိုင်တဲ့နိုင်ငံတွေ ရှိနေပါတယ်။

ရခိုင်မြောက်ပိုင်းတွင် ၉၆ ရာခိုင်နှုန်းမှာ ဘင်္ဂါလီတွေဖြစ်ပြီး ကျန်ရာခိုင်နှုန်းကသာ မြို့နေ ရခိုင်လူမျိုးအရေအတွက် ထက် လူဦးရေဟာ များပြားလာပြီဖြစ်ပါတယ်။ ထိုသို့ဆိုလျှင် NUG နဲ့ AA တို့က မီးနဲ့ ကစားနေပြီဖြစ်ကြောင်း ရုပ်လုံးပေါ်လာကာ လူဦးရေ ၃ သန်းကို ကိုယ်စားပြုတယ်ဆိုသူတို့ရဲ့အနောက်တံခါး အမျိုးသားလုံခြုံရေးအတွက် ကျန် ပြည်မနေ သန်း ၅ဝ ကျော်တို့က စောင့်ကြည့်ရန်သာရှိပါတယ်။

(Bangladesh Pratidin., 17 September 2022,” Texas sends another busload of migrants to Kamala Harris’s home.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ျမန္မာႏွင့္ နယ္ျခားတင္းမာမႈ ဘဂၤလားေဒ့ရွ္စိုးရိမ္မႈကို အာဆီယံသံတမန္တို႔ လက္ဆင့္ကမ္းမည္
Htay Oung (NP News) - စက္တင္ဘာ ၂ဝ

ဘဂၤလားေဒ့ရွ္-ျမန္မာနယ္စပ္တေလွ်ာက္ အေျခအေနမ်ားနဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္ရဲ႕စိုးရိမ္မႈေတြကို သူတို႔ရဲ႕ အစိုးရအဖြဲ႕မ်ားထံ ျပန္လည္သတင္းပို႔မွာျဖစ္ေၾကာင္း ဒါကာအေျခစိုက္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (အာဆီယံ) သံတမန္ေတြက ေျပာျပတယ္လို႔ Dhaka Tribune က ယေန႔ ေရးသားပါတယ္။

ဒါကာၿမိဳ႕ရွိ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွ သံတမန္အႀကီးအကဲမ်ားနဲ႔ စက္တင္ဘာလ ၁၉ ရက္၊ တနလၤာေန႔ ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံနယ္စပ္ရဲ႕လက္ရွိအေျခအေနမ်ားကို ဘဂၤလားေဒ့ရွ္ယာယီႏိုင္ငံျခားေရးဝန္ႀကီး (အၿငိမ္းစား) ေရတပ္ဗိုလ္ခ်ဳပ္ မိုဟာမက္ ေကာ္ရွက္အလမ္က အသိေပးလိုက္တယ္လို႔ ဆိုပါတယ္။

ျမန္မာဘက္မွ ေမာ္တာက်ည္ေတြ ဘဂၤလားေဒ့ရွ္ ပိုင္နက္အတြင္း က်ေရာက္ေပါက္ကြဲခဲ့တဲ့ လတ္တေလာျဖစ္ရပ္ မ်ားနဲ႔ပတ္သက္ၿပီ နက္ရႈိင္းစြာ စိုးရိမ္ပူပန္ေၾကာင္း ဘဂၤလားေဒ့ရွ္ယာယီႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ ျမန္မာရဲ႕ေဝဟင္မွ အရမ္းကာေရာပစ္ခတ္မႈေတြေၾကာင့္ ႏွစ္ႏိုင္ငံနယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ေဒသမ်ားေန ျပည္သူ တို႔ရဲ႕အသက္အိုးအိမ္စည္းစိမ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား ထိခိုက္ပ်က္စီးၿပီး လူေသဆုံးမႈမ်ားနဲ႔ ျပင္းထန္ ဒဏ္ရာမ်ား ရရွိခဲ့ၾကရတယ္လို႔ ရွင္းျပပါတယ္။

ဘဂၤလားေဒ့ရွ္ပိုင္နက္အတြင္း ေမာ္တာက်ည္မ်ိဳးစုံက်ေရာက္မႈကို ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္ေက်ာ္မိုးက စက္တင္ဘာလ ၁၈ ရက္၊ တနဂၤေႏြေန႔မွာ အသိအမွတ္ျပဳခဲ့ေပမယ့္ တိုက္ပြဲမွာ ပါဝင္ပတ္သက္ေနတဲ့ ေသာင္းက်န္းသူမ်ားက အေျမာက္၊ ေမာ္တာမ်ားနဲ႔ အမ်ိဳးမ်ိဳးပစ္ခတ္ခဲ့တယ္လို႔ စြပ္စြဲလိုက္ၿပီး လႊဲခ် အျပစ္တင္ဖို႔ ႀကိဴးစားခဲ့ပါတယ္။

လက္ရွိျဖစ္ရပ္မ်ားေၾကာင့္ ျမန္မာနဲ႔နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ေဒသေန အျပစ္မဲ့ျပည္သူမ်ားအၾကား ေၾကာက္လန႔္ တၾကားျဖစ္ေပၚေနခဲ့ေၾကာင္းေထာက္ျပလိုက္ၿပီး အမ်ားျပည္သူတို႔ အသက္အိုးအိမ္စည္းစိမ္ကို ထိခိုက္ပ်က္စီးေစ တဲ့လုပ္ရပ္မ်ားမွ ေရွာင္ၾကဥ္ဖို႔ ဘဂၤလားေဒ့ရွ္က ျမန္မာကို တိုက္တြန္းထားပါတယ္။

ဩဂုတ္လမွစၿပီး ဘဂၤလာေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး႒ာနအေနနဲ႔ ၄ ႀကိမ္ေျမာက္ ျမန္မာသံအမတ္ႀကီးကို ဆင့္ေခၚခဲ့ ၿပီး ျမန္မာဘက္မွ ပစ္ခတ္မႈအေပၚ ျပင္းထန္စြာကန႔္ကြက္ေၾကာင္းျပသခဲ့ပါတယ္။

ယခုသတင္းနဲ႔ဆက္စပ္ၿပီး ကမာၻ႔ကုလမဂၢအေနျဖင့္ ျမန္မာစစ္တပ္ရဲ႕ပစ္ခတ္မႈမွ အကာအကြယ္ေပးဖို႔ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္စပ္ “လူမဝင္ရ“ ကန႔္သတ္နယ္ေျမမွာ ခိုလႈံေနၾကသူ ဒုကၡသည္ဘဂၤါလီ (မူရင္း-႐ိုဟင္ဂ်ာဟုေဖာ္ျပ) တို႔က ေတာင္းဆိုလိုက္တယ္လို႔ Dhaka Tribune က ယမန္ေန႔ ေရးသားပါတယ္။

လူမ်ိဳးသုဥ္းျပဳမႈမွ အသက္ရွင္က်န္ရစ္ခဲ့သူေတြဟာ ျမန္မာစစ္တပ္ရဲ႕ရက္စက္ၾကမ္းၾကဳတ္မႈေတြကေန လြတ္ေျမာက္ဖို႔အတြက္ ၂ဝ၁၇ ခုႏွစ္ကတည္းက ဘဂၤလားေဒ့ရွ္-ျမန္မာနယ္စပ္ “ကန႔္သတ္ေျမ “ (၎တို႔အေခၚ သုညမ်ဥ္း) မွာ ခိုလႈံေနထိုင္ခဲ့ၾကေၾကာင္း၊ စက္တင္ဘာ ၁၆ ရက္ေန႔ ျမန္မာစစ္တပ္ရဲ႕ေမာ္တာမ်ားနဲ႔ပစ္ခတ္မႈ ေၾကာင့္ အသက္ ၁၇ ႏွစ္အ႐ြယ္ လူငယ္တစ္ဦးေသဆုံးၿပီး ၅ ဦးျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ရကၡိဳင့္တပ္ေတာ္နဲ႔ တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းေၾကာင့္ ေတာင္ၿပိဳလက္ယာမွ ဒုကၡသည္ဘဂၤါလီစခန္းေနထိုင္သူမ်ားအေပၚ ျမန္မာ စစ္တပ္က မၾကာခဏပစ္ခတ္လ်က္ရွိေၾကာင္း၊ ဘဂၤါလီတို႔အေနနဲ႔ ရခိုင္ျပည္နယ္ရွိ ဇာတိေျမသို႔ ဂုဏ္သိကၡာရွိစြာ ေနရပ္ျပန္ႏိုင္ေရးအတြက္ အကာအကြယ္ေပးေရးအစီအစဥ္မ်ား ေဆာင္႐ြက္ေပးရန္ အေရးေပၚေတာင္းဆိုေၾကာင္း ကုလသမဂၢ႒ာနခ်ဳပ္ထံေပးပို႔စာမွာ ေဖာ္ျပထားပါတယ္။
ဘဂၤလားေဒ့ရွ္-ျမန္မာနယ္စပ္ ေဂါင္းဒုံ “ကန႔္သတ္ေျမ” အနီးေနထိုင္သူမိသားစုေတြရဲ႕ေဘးအႏၲရာယ္ကင္းရွင္း ေရးအတြက္ ယခုေတာင္းဆိုခ်က္ကို ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးအေနနဲ႔ ခ်က္ခ်င္းအေရးယူေဆာင္႐ြက္မွာျဖစ္ ေၾကာင္း ဘန္ဒါဘန္ ဒုတိယေကာ္မရွင္နာမင္းႀကီး (DC) က ယမန္ေန႔မွာ အတည္ျပဳပါတယ္။

ႏိုင္ငံတကာ လုပ္ထုံးလုပ္နည္းအရ ျမန္မာႏိုင္ငံရွိ ဒါကာသံ႐ုံးဆိုသည္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံပဲျဖစ္ပါတယ္။
ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္ျခားစည္း႐ိုးမွာ “Single Fence” တစ္ထပ္စည္း႐ိုး အမ်ိဳးအစားျဖစ္ၿပီး ႏွစ္ႏိုင္ငံနယ္ျခား စည္႐ိုးရဲ႕ဘဂၤလားေဒ့ရွ္ဘက္ျခမ္းသတ္မွတ္ထားတဲ့အကြာအေဝးအထိမွာ ျမန္မာပိုင္ျဖစ္ပါတယ္။ ျမန္မာဘက္မွာ လည္း အလားတူျဖစ္ပါတယ္။ အဆိုပါေျမတို႔က “No Man’s Lann “ လူမဝင္ရ ကန႔္သတ္နယ္ေျမျဖစ္ၿပီး ဘဂၤလားေဒ့ရွ္မီဒီယာေတြမွာ ေဖာ္ျပထားတဲ့ “ Zero Line” သုံညမ်ဥ္းဆိုတာက စစ္မက္ျဖစ္ပြားဆဲ ယာယီႏွစ္ဖက္ နားလည္မႈ အသုံးအႏႈန္းသာျဖစ္ၿပီး တရားဝင္ သုံးစြဲဖို႔ မသင့္တာမ်ိဳးျဖစ္ပါတယ္။

ျမန္မာစစ္တပ္ေၾကာင့္ ထြက္ေျပးသြားတယ္ဆိုသူတို႔က ၎နယ္ေျမမွာ တဲမ်ားထိုးၿပီးေနထိုင္ၾကတာက ၂ဝ၁၇ ခုႏွစ္ ကတည္းကျဖစ္ပါတယ္။ ၎တို႔မွာ ARSA အၾကမ္းဖက္မ်ားေရာေႏွာေနတဘ္လို႔ အိႏၵိယ RAW ေထာက္လွမ္းေရးရဲ႕ မွတ္ခ်က္ကို နယူးေဒလီနဲ႔ ဒါကာသတင္းစာတို႔က ေဖာ္ျပခဲ့ၿပီး ကြၽန္ေတာ္ ဘာသာျပန္ဆိုေဖာ္ျပခဲ့ၿပီးျဖစ္ပါတယ္။

ဒီအတြက္ေၾကာင့္ အဆိုပါေနရာမွာ ေနထိုင္ျခင္းမျပဳၾကဖို႔ NLD အစိုးရ ျပည္ထဲေရး ဒုဝန္ႀကီးကိုယ္တိုင္ သြားေရာက္ တားဆီးခဲ့ေပမယ့္လည္း မလိုက္နာခဲ့ဘူးလို႔ သိရပါတယ္။ ဒုကၡသည္တို႔အၾကားေရာက္ရွိေနတဲ့ မေလးရွားသတင္း ေထာက္က ျမန္မာဝန္ႀကီး လာေရာက္တားဆီးပုံကို ႐ုပ္သံ႐ိုက္ကူးကာ လူမႈကြန္ရက္မွာပင္ လႊင့္တင္ခဲ့ပါတယ္။

အမွန္အားျဖင့္ အဆိုပါနယ္ေျမကို ကာကြယ္ေစာင့္ေရွာက္ဖို႔ တာဝန္ရွိသူ ဘဂၤလားေဒ့ရွ္သည္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ ေလးစား၍ ရႈတ္ေထြးမႈေတြမျဖစ္ေစဖို႔ ဆႏၵအမွန္ရွိပါက ၎နယ္ေျမမွ ဒုကၡသည္ဆိုသူတို႔ကို ဥေရာပႏိုင္ငံမ်ား လုပ္ ေလ့ရွိသကဲ့သို႔ အနည္းဆုံး ဂ်ိဳင္းႏွစ္ဖက္မွ မယူကာ ဆြဲထုတ္ေပးသြားေလာက္ပါတယ္။

သို႔ေသာ္ ၎ကန႔္သတ္ေျမေနထိုင္သူတို႔မွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ၁၅ ႏိုင္ငံမွ ကိုယ္စားလွယ္မ်ားကို လက္ခံ ေတြ႕ဆုံ႐ုံမက ယခုေနာက္ပိုင္း စားေသာက္ဆိုင္ေတြဖြင့္လွစ္တဲ့အထိ စည္ကားလာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ ေကာ့ခ္ဘဇား ဒုကၡသည္စခန္းေရာက္ ႏိုင္ငံတကာကိုယ္စားျပဳသူမ်ားတြင္ တစ္ခ်ိန္က ျမန္မာႏိုင္ငံ ဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ ရန္ဟီလီးလည္း ပါဝင္ပါတယ္။

လူမ်ိဳးတစ္မ်ိဳးလို႔ အမည္တပ္ေခၚေဝၚျခင္းမွာ ၎လူမ်ိဳး အမွန္တကယ္ရွိသည္ဟု အသိအမွတ္ျပဳျခင္း မဟုတ္ဘဲ လူ႔အခြင့္အေရးအရ သူတို႔ႏွစ္သက္ရာအမည္ကို ေခၚေဝၚျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

အလားတူပင္ ဒုကၡသည္မ်ားျဖစ္၍ ၎တို႔ႏွစ္သက္ရာ ေနထိုင္ခြင့္ရွိတယ္လို႔ ဥပေဒကိုေက်ာ္လြန္ကာ ဆုံးျဖတ္ခဲ့ရင္ ၎တို႔အေနျဖင့္ ဒါကာအစိုးရက သံဆူးႀကိဳးခတ္ထားသည့္ စခန္းဝင္းအတြင္းမေနၾကဘဲ ရွိတ္ဟာစီနာရဲ႕ “ဂါနာ ဘာဘန္“ ဝန္ႀကီးခ်ဳပ္စံအိမ္ေတာ္သို႔ ေျပာင္းေ႐ႊ႕ခြင့္ျပဳသင့္ပါတယ္။

ႏိုင္ငံတကာ အကူအညီေပးဖို႔ ဘဂၤါလီတို႔ရဲ႕ေတာင္းဆိုခ်က္က အထူးအဆန္းေတာ့ မဟုတ္ပါ။ NLD အစိုးရ လက္ထက္ ဒုကၡသည္မ်ားေနရပ္ျပန္ေရးအတြက္ ၎တို႔ေတာင္းဆိုခ်က္က ရခိုင္ေျမာက္ပိုင္းမွာ ႏိုင္ငံတကာက “Safe_Zone” ေဘးအႏၲရာယ္ကင္းရွင္းေရး< ေလယာဥ္မပ်ံသန္းရဇုံမွာ အခ်က္တစ္ခုအေနနဲ႔ ပါဝင္ခဲ့ပါတယ္။

ေနရပ္ျပန္ေရးနဲ႔ပတ္သက္ၿပီး ဒုကၡသည္မ်ားအတြင္း သေဘာကြဲလြဲသကဲ့သို႔ RSO နဲ႔ ARSA တို႔ကလည္း ၂ ဖြဲ႕အထက္ ကြဲပါတယ္။ ဒါ့ေၾကာင့္ စက္တင္ဘာလမွာ NUG အစီအစဥ္နဲ႔ေနရပ္ျပန္မယ္ဆိုတဲ့ မူဟစ္အူလာ အသတ္ခံရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဖြဲ႕ဝင္ ၅၇ ႏိုင္ငံပါ OIC အဖြဲ႕ႀကီးအတြင္းမွာပင္ ARSA နဲ႔ပတ္သက္ၿပီး အၾကမ္းဖက္ေတြနဲ႔ ဆက္စပ္တယ္လို႔ဆိုကာ လက္မခံႏိုင္တဲ့ႏိုင္ငံေတြ ရွိေနပါတယ္။

ရခိုင္ေျမာက္ပိုင္းတြင္ ၉၆ ရာခိုင္ႏႈန္းမွာ ဘဂၤါလီေတြျဖစ္ၿပီး က်န္ရာခိုင္ႏႈန္းကသာ ၿမိဳ႕ေန ရခိုင္လူမ်ိဳးအေရအတြက္ ထက္ လူဦးေရဟာ မ်ားျပားလာၿပီျဖစ္ပါတယ္။ ထိုသို႔ဆိုလွ်င္ NUG နဲ႔ AA တို႔က မီးနဲ႔ ကစားေနၿပီျဖစ္ေၾကာင္း ႐ုပ္လုံးေပၚလာကာ လူဦးေရ ၃ သန္းကို ကိုယ္စားျပဳတယ္ဆိုသူတို႔ရဲ႕အေနာက္တံခါး အမ်ိဳးသားလုံၿခဳံေရးအတြက္ က်န္ ျပည္မေန သန္း ၅ဝ ေက်ာ္တို႔က ေစာင့္ၾကည့္ရန္သာရွိပါတယ္။

(Bangladesh Pratidin., 17 September 2022,” Texas sends another busload of migrants to Kamala Harris’s home.” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

Ko Moe

20/09/2022 13:30

မလေးရှား သံအမတ်ကို သတင်းစာရှင်းလင်းပွဲ ပေးလိုက်ပါ။မဟုတ်တရုတ်လုပ်နေရင် ချက်ချင်းဖြေရှင်းပါ အိုအိုက်စီကိုလည်း ရှင်းလင်းဆွေးနွေးပြီး ကိုယ့်နိုင်ငံကို ကာကွယ်ပါ။အရိပ်မထိုးမိပါ စေနဲ့ ။ဘယ်အရိပ်မဆို တန်ဖိုးရှိမှ ကိုယ့်အပေါ်

Related news

© 2021. All rights reserved.