မိုဘိုင်းဆင်းမ်ကတ်သုံးစွဲမှု သန်း(၇ဝ)ခန့်ရှိပြီး အချက်အလက်မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်သုံးစွဲရန် နစက အသိပေး

 655

ယွန်း (NP News) - စက်တင်ဘာ ၂ဝ

မိုဘိုင်းဆင်းမ်ကတ်သုံးစွဲမှု သန်း(၇ဝ)ခန့်ရှိပြီး အချက်အလက်များ မှန်ကန်စွာဖြည့်စွက် ၍ မှတ်ပုံတင်သုံးစွဲရန် နစကမှ အသိပေးထားသည်။

နစက၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ ၁၉ ရက်၊ ညပိုင်းက အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ (၅၅)သန်းခန့်ရှိ၍ မိုဘိုင်းဆင်းမ်ကတ် သုံစွဲမှုမှာ သန်း(၇ဝ)ခန့်ရှိပြီး မြန်မာနိုင်ငံ သားအများစုသည် တစ်ဦးလျှင် မိုဘိုင်းဆင်းမ်ကတ် တစ်ကတ်ထက်ပို၍ သုံးစွဲနေကြောင်း နစကမှဆိုသည်။

သို့သော် မိုဘိုင်းဆင်းမ်ကတ်များ ဝယ်ယူသုံးစွဲရာတွင် စနစ်တကျမှတ်ပုံတင်၍ သုံးစွဲသူ များရှိသကဲ့သို့ ဈေးပေါပေါနှင့် အလွယ်တကူဝယ်ယူ သုံးစွဲသူများလည်းရှိကြောင်း သိရသည်။

လက်ရှိတွင် MPT၊ Ooredoo၊ ATOM၊ Mytel စသည့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေ တာများနှင့် ဆင်းမ်ကတ်ရောင်းချသည့်ဆိုင်များမှ ဆင်းမ်ကတ်များဝယ်ယူရာတွင် အ ချက်အလက်များအား မှန်ကန်စွာဖြည့်စွက်မှုမရှိခြင်း၊ ကြိုတင်မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်များ ကိုရောင်းချပေးခြင်းတို့ကြောင့် အချက်အလက်များသည် သုံးစွဲသူများ၏ အချက်အလက်များနှင့် ကိုက်ညီမှုမရှိကြောင်း နစကမှဆိုသည်။

ထို့ကြောင့် ယခုအခါတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာနမှ “ဆင်းမ်ကတ်မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Date Base အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း” ထုတ်ပြန်လိုက်သည်။

သို့ဖြစ်၍ မိုဘိုင်းဆင်းမ်ကတ်သုံးစွဲသူတိုင်းသည် မှန်ကန်စွာပြန်လည်မှတ်ပုံတင်နိုင်ရန်အတွက် သက်ဆိုင်ရာ အော်ပရေတာများနှင့် ဆင်းမ်ကတ် ရောင်းချသူများထံတွင် အွန်လိုင်းဝန်ဆောင်မှုဖြင့်သာမက အရောင်းဆိုင်များသို့ သွားရောက်၍ ဆက်သွယ်ဆောင် ရွက်ရန်လိုကြောင်း နစကမှ ဆိုသည်။

မြန်မာနိုင်ငံတွင် ဆယ်နှစ်တာကာလအတွင်း မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ တိုး တက်လာပြီး စမတ်ဖုန်းသုံးစွဲမှုများလည်း မြင့်တက် လာခဲ့ရာ အလွယ်တကူဝယ်ယူရရှိသည့် ဆင်းမ်ကတ်များကိုသုံး၍ ငွေကြေးလိမ်လည်မှု အပါအဝင် ရာဇဝတ်မှုကျူးလွန်မှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မိုဘိုင်းဆင်းကတ်သုံးစွဲသူများနှင့် သက်ဆိုင်ရာဦးစီးဌာနများအား ဆင်းမ်ကတ်များစနစ်တကျ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် မှန်ကန်စွာမှတ်ပုံတင် သုံးစွဲနိုင်ရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

zawgyi version
မိုဘိုင္းဆင္းမ္ကတ္သုံးစြဲမႈ သန္း(၇ဝ)ခန႔္ရွိၿပီး အခ်က္အလက္မွန္ကန္စြာျဖည့္စြက္၍ မွတ္ပုံတင္သုံးစြဲရန္ နစက အသိေပး
ယြန္း (NP News) - စက္တင္ဘာ ၂ဝ

မိုဘိုင္းဆင္းမ္ကတ္သုံးစြဲမႈ သန္း(၇ဝ)ခန႔္ရွိၿပီး အခ်က္အလက္မ်ား မွန္ကန္စြာျဖည့္စြက္ ၍ မွတ္ပုံတင္သုံးစြဲရန္ နစကမွ အသိေပးထားသည္။

နစက၏ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ စက္တင္ဘာလ ၁၉ ရက္၊ ညပိုင္းက အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ လူဦးေရ (၅၅)သန္းခန႔္ရွိ၍ မိုဘိုင္းဆင္းမ္ကတ္ သုံစြဲမႈမွာ သန္း(၇ဝ)ခန႔္ရွိၿပီး ျမန္မာႏိုင္ငံ သားအမ်ားစုသည္ တစ္ဦးလွ်င္ မိုဘိုင္းဆင္းမ္ကတ္ တစ္ကတ္ထက္ပို၍ သုံးစြဲေနေၾကာင္း နစကမွဆိုသည္။

သို႔ေသာ္ မိုဘိုင္းဆင္းမ္ကတ္မ်ား ဝယ္ယူသုံးစြဲရာတြင္ စနစ္တက်မွတ္ပုံတင္၍ သုံးစြဲသူ မ်ားရွိသကဲ့သို႔ ေဈးေပါေပါႏွင့္ အလြယ္တကူဝယ္ယူ သုံးစြဲသူမ်ားလည္းရွိေၾကာင္း သိရသည္။

လက္ရွိတြင္ MPT၊ Ooredoo၊ ATOM၊ Mytel စသည့္ မိုဘိုင္းဆက္သြယ္ေရး ေအာ္ပေရ တာမ်ားႏွင့္ ဆင္းမ္ကတ္ေရာင္းခ်သည့္ဆိုင္မ်ားမွ ဆင္းမ္ကတ္မ်ားဝယ္ယူရာတြင္ အ ခ်က္အလက္မ်ားအား မွန္ကန္စြာျဖည့္စြက္မႈမရွိျခင္း၊ ႀကိဳတင္မွတ္ပုံတင္ထားသည့္ ဆင္းမ္ကတ္မ်ား ကိုေရာင္းခ်ေပးျခင္းတို႔ေၾကာင့္ အခ်က္အလက္မ်ားသည္ သုံးစြဲသူမ်ား၏ အခ်က္အလက္မ်ားႏွင့္ ကိုက္ညီမႈမရွိေၾကာင္း နစကမွဆိုသည္။

ထို႔ေၾကာင့္ ယခုအခါတြင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဆက္သြယ္ေရးဦးစီးဌာနမွ “ဆင္းမ္ကတ္မွတ္ပုံတင္ျပဳလုပ္ရာတြင္ ျဖည့္စြက္ထားသည့္ အမည္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္တို႔အား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ e-ID Date Base အခ်က္အလက္မ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း” ထုတ္ျပန္လိုက္သည္။

သို႔ျဖစ္၍ မိုဘိုင္းဆင္းမ္ကတ္သုံးစြဲသူတိုင္းသည္ မွန္ကန္စြာျပန္လည္မွတ္ပုံတင္ႏိုင္ရန္အတြက္ သက္ဆိုင္ရာ ေအာ္ပေရတာမ်ားႏွင့္ ဆင္းမ္ကတ္ ေရာင္းခ်သူမ်ားထံတြင္ အြန္လိုင္းဝန္ေဆာင္မႈျဖင့္သာမက အေရာင္းဆိုင္မ်ားသို႔ သြားေရာက္၍ ဆက္သြယ္ေဆာင္ ႐ြက္ရန္လိုေၾကာင္း နစကမွ ဆိုသည္။

ျမန္မာႏိုင္ငံတြင္ ဆယ္ႏွစ္တာကာလအတြင္း မိုဘိုင္းဆက္သြယ္ေရးကြန္ရက္မ်ား တိုး တက္လာၿပီး စမတ္ဖုန္းသုံးစြဲမႈမ်ားလည္း ျမင့္တက္ လာခဲ့ရာ အလြယ္တကူဝယ္ယူရရွိသည့္ ဆင္းမ္ကတ္မ်ားကိုသုံး၍ ေငြေၾကးလိမ္လည္မႈ အပါအဝင္ ရာဇဝတ္မႈက်ဴးလြန္မႈမ်ား ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ မိုဘိုင္းဆင္းကတ္သုံးစြဲသူမ်ားႏွင့္ သက္ဆိုင္ရာဦးစီးဌာနမ်ားအား ဆင္းမ္ကတ္မ်ားစနစ္တက် ဝယ္ယူအသုံးျပဳႏိုင္ေရးႏွင့္ မွန္ကန္စြာမွတ္ပုံတင္ သုံးစြဲႏိုင္ေရးတို႔ကို အေလးအနက္ထားေဆာင္႐ြက္ရန္ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

Picture

Thet Oo

21/09/2022 07:45

ခုမှလုပ်တာနောက်ကျသေးတယ်ထိုင်းမှာမှတ်ပုံမတင်ရင်သုံးမရတာကြာပြီ

Picture

kothant zintun

21/09/2022 12:04

facebook ကြည့်လိုက်ရင် သာမန်videoလေးတောင် ဖြောင့်၂မကြည့်ရဘူး လပ်ကီးဂိမ်း onlineလောင်းကစား ဒီကြော်ငြာတွေပဲ မျက်စိရှုပိအောင် မြင်နေရတယ် မကစားချင်လို့ မကစားတာကွာ အာ့လောက်ကြော်ငြာဖို့ လိုလို့လား

Picture

kothant zintun

21/09/2022 12:05

onlineလောင်းကစားတွေ အရေးယူသင့်တယ်

Related news

© 2021. All rights reserved.