ပင်နယ်တီသွင်းဂိုး မပါသည့် ဂိုးသွင်းနှုန်းတွင် မက်ဆီက စီရော်နယ်ဒိုထက် တစ်ဂိုးအသာ သွင်းယူနိုင်ခဲ့

 630

ဖြိုးခန့်(NP News) - စက်တင်ဘာ ၂ဝ

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးမက်ဆီသည် မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုထက် ပွဲပေါင်း ၁၅ဝ လျော့နည်းသော် လည်း ပင်နယ်တီဂိုး မပါသည့် စုစုပေါင်းဂိုးအရေအတွက် အဆင့်သတ်မှတ်ချက်တွင် မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုကို ကျော်တက်သွားခဲ့ကြောင်းသိရသည်။

အသက်(၃၅)နှစ်အရွယ် မက်ဆီသည် စက်တင်ဘာ(၁၈)ရက်၊ ညနေပိုင်းက လိုင်ယွန်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ပီအက်စ်ဂျီအသင်းအတွက် ဂိုး သွင်းယူပေးနိုင်ခဲ့သည်၊၊ မက်ဆီသည် ၎င်း၏ကစားသမားဘဝတစ်လျှောက်လုံးတွင် သွင်းယူခဲ့သည့် ဂိုးများအနက်မှ ပင်နယ်တီသွင်းဂိုးမပါသည့် ဂိုးအရေအတွက် (၆၇၂) ဂိုးသွင်းယူခဲ့ပြီး စီရော်နယ်ဒိုက ကစားသမားဘဝတစ်လျှောက်လုံးတွင် သွင်းယူခဲ့သောဂိုးများထဲမှ ပယ်နယ်တီမပါဘဲ သွင်းယူသည့် ဂိုးအရေ အတွက် (၆၇၁)ဂိုး သွင်းယူထားခဲ့သည်။

မန်ယူအသင်းတွင် ကစားရသည်ကို ပိုပိုပြီး စိတ်ပျက်လာပုံပေါ်သော စီရော်နယ်ဒိုသည် ပြိုင်ဖက် မက်ဆီကို နောက်ထပ်စံချိန်တစ်ခု ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ပျက်နေလိမ့်မည်ဖြစ်ကြောင်း သိရသည်။

စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် (၁၈၉)ပွဲ ကစားထားပြီး ကမ္ဘာ့ဖလား လေးကြိမ်၊ ဥရောပချန်ပီယံ (၅) ကြိမ်၊ နေးရှင်းလိဂ်ဖိုင်နယ်တစ်ပွဲနှင့် ကွန်ဖက်ဒရေးရှင်းဖလား တစ်ကြိမ်တို့တွင် ပါဝင်ကစားပေးထားကြောင်း သိရသည်။

မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် (၁၆၂)ပွဲ ကစားပေးထားပြီး ကမ္ဘာ့ဖလား လေးကြိမ်၊ ကိုပါအမေရိက ဖလား ခြောက်ကြိမ်ကစားထားပြီး နိုင်ငံတကာဆုဖလားကို တစ်ကြိမ်သာ ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်ဒိုသည် မတူညီသော အသင်း ၄ သင်းအတွက် ပြိုင်ပွဲစုံ (၉၄၁) ပွဲကစားထားပြီး (၆၉၉)ဂိုးသွင်းယူထားကာ မက်ဆီထက် သွင်းဂိုး ပိုများကြောင်းသိရသည်။

မက်ဆီ၊ စီရော်နယ်ဒိုတို့နှင့် အတူတွဲကစားဖူးသည့် ဗီတင်ဟာ က ၎င်းတို့နှစ်ဦးလုံးသည် အားလုံးထင်ထားသည် ထက် ပိုပြီးတူသည့်အရာများရှိကြောင်း ပြောကြားခဲ့သည်။
ဗီတင်ဟာက “သူတို့နှစ်ယောက်ကို စိတ်ဝမ်းကွဲစေတဲ့အရာတွေထက် ပိုပြီးစည်းလုံးစေတဲ့အရာတွေ အများကြီးရှိပါ တယ်။ သူတို့တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ကစားနည်းတွေ၊ ကိုယ်ပိုင်လက္ခဏာတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကို စည်းလုံးစေတဲ့အရာတွေကတော့ တကယ်ကိုကြီးမားပါတယ်။ သူတို့နှစ်ဦးမှာ ရှိပြီးသားအရာတွေကို ထည့်မတွက်ဘဲ ပိုလိုချင်တဲ့ဆန္ဒတွေက အဲဒီစည်းလုံးစေတဲ့ အရာတွေထဲက တစ်ခုပါပဲ” ဟု ပြောဆိုခဲ့သည်။

မက်ဆီနှင့် စီရော်နယ်ဒိုတို့နှစ်ဦးလုံးသည် အသင်းအသစ်များတွင် ကစားလျက်ရှိကြောင်း စီရော်နယ်ဒိုသည် ၂ဝ၂၁ ခုနှစ်တွင် ဂျုဗင်တပ်အသင်းမှ မန်ယူအသင်းသို့ပြန်လည်ပြောင်းရွှေ့ကစားခဲ့ပြီး မက်ဆီသည် ၂ဝ၂၁ ခုနှစ်တွင် ဘာစီ လိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

Zawgyi Version;
ပင္နယ္တီသြင္းဂိုး မပါသည့္ ဂိုးသြင္းႏႈန္းတြင္ မက္ဆီက စီေရာ္နယ္ဒိုထက္ တစ္ဂိုးအသာ သြင္းယူႏိုင္ခဲ့
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၂ဝ

ပီအက္စ္ဂ်ီအသင္း တိုက္စစ္မႉးမက္ဆီသည္ မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒိုထက္ ပြဲေပါင္း ၁၅ဝ ေလ်ာ့နည္းေသာ္ လည္း ပင္နယ္တီဂိုး မပါသည့္ စုစုေပါင္းဂိုးအေရအတြက္ အဆင့္သတ္မွတ္ခ်က္တြင္ မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုကို ေက်ာ္တက္သြားခဲ့ေၾကာင္းသိရသည္။

အသက္(၃၅)ႏွစ္အ႐ြယ္ မက္ဆီသည္ စက္တင္ဘာ(၁၈)ရက္၊ ညေနပိုင္းက လိုင္ယြန္အသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ ပီအက္စ္ဂ်ီအသင္းအတြက္ ဂိုး သြင္းယူေပးႏိုင္ခဲ့သည္၊၊ မက္ဆီသည္ ၎၏ကစားသမားဘဝတစ္ေလွ်ာက္လုံးတြင္ သြင္းယူခဲ့သည့္ ဂိုးမ်ားအနက္မွ ပင္နယ္တီသြင္းဂိုးမပါသည့္ ဂိုးအေရအတြက္ (၆၇၂) ဂိုးသြင္းယူခဲ့ၿပီး စီေရာ္နယ္ဒိုက ကစားသမားဘဝတစ္ေလွ်ာက္လုံးတြင္ သြင္းယူခဲ့ေသာဂိုးမ်ားထဲမွ ပယ္နယ္တီမပါဘဲ သြင္းယူသည့္ ဂိုးအေရ အတြက္ (၆၇၁)ဂိုး သြင္းယူထားခဲ့သည္။

မန္ယူအသင္းတြင္ ကစားရသည္ကို ပိုပိုၿပီး စိတ္ပ်က္လာပုံေပၚေသာ စီေရာ္နယ္ဒိုသည္ ၿပိဳင္ဖက္ မက္ဆီကို ေနာက္ထပ္စံခ်ိန္တစ္ခု ရႈံးနိမ့္ခဲ့သည့္အတြက္ စိတ္ပ်က္ေနလိမ့္မည္ျဖစ္ေၾကာင္း သိရသည္။

စီေရာ္နယ္ဒိုသည္ ေပၚတူဂီအသင္းအတြက္ (၁၈၉)ပြဲ ကစားထားၿပီး ကမာၻ႔ဖလား ေလးႀကိမ္၊ ဥေရာပခ်န္ပီယံ (၅) ႀကိမ္၊ ေနးရွင္းလိဂ္ဖိုင္နယ္တစ္ပြဲႏွင့္ ကြန္ဖက္ဒေရးရွင္းဖလား တစ္ႀကိမ္တို႔တြင္ ပါဝင္ကစားေပးထားေၾကာင္း သိရသည္။

မက္ဆီသည္ အာဂ်င္တီးနားအသင္းအတြက္ (၁၆၂)ပြဲ ကစားေပးထားၿပီး ကမာၻ႔ဖလား ေလးႀကိမ္၊ ကိုပါအေမရိက ဖလား ေျခာက္ႀကိမ္ကစားထားၿပီး ႏိုင္ငံတကာဆုဖလားကို တစ္ႀကိမ္သာ ဆြတ္ခူးရရွိခဲ့သည္။ စီေရာ္နယ္ဒိုသည္ မတူညီေသာ အသင္း ၄ သင္းအတြက္ ၿပိဳင္ပြဲစုံ (၉၄၁) ပြဲကစားထားၿပီး (၆၉၉)ဂိုးသြင္းယူထားကာ မက္ဆီထက္ သြင္းဂိုး ပိုမ်ားေၾကာင္းသိရသည္။

မက္ဆီ၊ စီေရာ္နယ္ဒိုတို႔ႏွင့္ အတူတြဲကစားဖူးသည့္ ဗီတင္ဟာ က ၎တို႔ႏွစ္ဦးလုံးသည္ အားလုံးထင္ထားသည္ ထက္ ပိုၿပီးတူသည့္အရာမ်ားရွိေၾကာင္း ေျပာၾကားခဲ့သည္။
ဗီတင္ဟာက “သူတို႔ႏွစ္ေယာက္ကို စိတ္ဝမ္းကြဲေစတဲ့အရာေတြထက္ ပိုၿပီးစည္းလုံးေစတဲ့အရာေတြ အမ်ားႀကီးရွိပါ တယ္။ သူတို႔တစ္ေယာက္ခ်င္းစီမွာ ကိုယ္ပိုင္ကစားနည္းေတြ၊ ကိုယ္ပိုင္လကၡဏာေတြ ရွိၾကပါတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ဦးကို စည္းလုံးေစတဲ့အရာေတြကေတာ့ တကယ္ကိုႀကီးမားပါတယ္။ သူတို႔ႏွစ္ဦးမွာ ရွိၿပီးသားအရာေတြကို ထည့္မတြက္ဘဲ ပိုလိုခ်င္တဲ့ဆႏၵေတြက အဲဒီစည္းလုံးေစတဲ့ အရာေတြထဲက တစ္ခုပါပဲ” ဟု ေျပာဆိုခဲ့သည္။

မက္ဆီႏွင့္ စီေရာ္နယ္ဒိုတို႔ႏွစ္ဦးလုံးသည္ အသင္းအသစ္မ်ားတြင္ ကစားလ်က္ရွိေၾကာင္း စီေရာ္နယ္ဒိုသည္ ၂ဝ၂၁ ခုႏွစ္တြင္ ဂ်ဳဗင္တပ္အသင္းမွ မန္ယူအသင္းသို႔ျပန္လည္ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး မက္ဆီသည္ ၂ဝ၂၁ ခုႏွစ္တြင္ ဘာစီ လိုနာအသင္းမွ ပီအက္စ္ဂ်ီအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားခဲ့သည္။

Related news

© 2021. All rights reserved.