တပ်မတော်သားများမှာ ပြည်သူထက် ခေါင်းတစ်လုံးမြင့်သည်ဆိုသော အတွေးအခေါ်မျိုး မရှိစေလိုဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 4024

မျိုးကြီး (NP News) - စက်တင်ဘာ ၂ဝ

တပ်မတော်သားများသည် ပြည်သူများထက် ခေါင်းတစ်လုံးမြင့်သည်ဆိုသော အတွေး အခေါ်မျိုးမှာ သွေးကွဲစေကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြေ ာသည်။

ယနေ့ (စက်တင်ဘာလ ၂ဝ ရက်)တွင် ပြုလုပ်သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားများကို တတ်နိုင်သမျှထောက်ပံ့မှုများ ပြုလုပ်ပေးနေသော်လည်း ပြည့် စုံလုံလောက်ကာ ချမ်းသာနေခြင်းမျိုး မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“တပ်မတော်သားတွေမှ၊ ကျွန်တော်တို့မှ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေတာမ ဟုတ်ဘူး။ ကျွန်တော်တို့မှ နိုင်ငံတော်ကို ချစ်နေတာမဟုတ်ဘူး။ ကျန်တဲ့ ဝန်ထမ်းတွေကလည်း နိုင်ငံတော်ကို ချစ်တယ်။ ဘာဝန်ထမ်းမှ မလုပ်ဘဲနဲ့ ပြည်သူတွေထဲကလည်း နိုင်ငံတော်ကို ချစ်နေတဲ့ သူတွေရှိတယ်။ ခင်ဗျားတို့ အခုမီဒီယာတွေထဲမှာ ဘာမှနိုင်ငံ့ဝန်ထမ်းလုပ်ခဲ့တဲ့ သူတွေမဟုတ်ဘူး။ မီဒီယာတွေထဲမှာ ကျွန်တော်တို့ထက် တောင်မှ တိုင်းပြည်ကို ချစ်နေတဲ့ မီဒီယာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နစကအနေဖြင့် နိုင်ငံဝန်ထမ်းများနှင့်ပတ်သက်၍ ခံစားခွင့် (၂၄)ခုကို ခွင့်ပြုပေးထားပြီး ၎င်းအထဲတွင် အိမ်ငှားစရိတ်များကို အဓိကလုပ်ဆောင်ပေးထားကြောင်း သိရသည်။

နိုင်ငံ၏ စီးပွားရေးအခြေအနေအရ တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်အားလုံးသည် နိုင်ငံတော်အ တွင်းရှိ ပြည်သူများသာဖြစ်ပြီး အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားမည်ဟုလည်း ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောသည်။

“တပ်မတော်နဲ့ပြည်သူရဲ့ကြားထဲမှာ တပ်မတော်သားတွေသည် ပြည်သူတွေထက် ခေါင်းတစ်လုံး မြင့်နေတယ်ဆိုတဲ့ အတွေးအခေါ်မျိုး မရောက်စေချင်ပါဘူး။ ပိုပြီး သွေး ကွဲပါတယ်။ တပ်မတော်သားတွေသည် အားလုံးထက်ပိုပြီး အနစ်နာခံတယ်ဆိုတဲ့ အတွေးအခေါ်မျိုး မရောက်စေချင်ပါဘူး သွေးကွဲပါတယ်။ အားလုံးသည် တန်းတူပဲဖြစ်တယ်။ တန်းတူထဲမှာမှ ပိုပြီးတော့ အနစ်အနာခံခဲ့တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိရင် ရပါပြီ။ အားလုံးထက် မြင့်မြတ်တယ်ဆိုတဲ့ စိတ်ဓာတ်က သွေးကွဲပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်သား၊ ရဲဘော်၊ ရဲမေ အားလုံးသည် ရွံ့ရွံ့ချွန်ချွန်ဆောင်ရွက်ပေးခဲ့မှုများရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

“တပ်ရင်း၊ တပ်ဖွဲ့အသီးသီးမှာ ရဲဘော်၊ ရဲမေတွေအားလုံးက ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ လိုအပ်လာလို့ရှိရင် လက်နက်ကိုင်ပြီး စောင့်ရတာဖြစ်ပါတယ်။ ပြောရရင် ခင် ဗျားတို့ထက် ကျွန်တော်တို့ သွေးသားတွေပါဗျာ။ ကျွန်တော်တို့က ပိုတောင် ရင်နာသေးတယ်။ တစ်ချို့ကိစ္စတွေမှာ။ ဒါတွေ မပြောလိုပါဘူး။ ဒါကြောင့်မိုလို့ တပ်မတော်သားတွေ၊ မိသားစုဝင်တွေအနေနဲ့က သူတို့မှာရှိတဲ့ ခံစားခွင့်တွေရှိပါတယ်။ ပြည့်စုံလုံ လောက်တာတော့ မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒါတွေကိုလည်း ကြိုးစားဆောင်ရွက်သွားမယ်။ လုပ်ဆောင်သွားမယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထု၊ ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များကို အစိုးရအနေနဲ့က ခြုံငုံစဉ်းစားရတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

zawgyi version
တပ္မေတာ္သားမ်ားမွာ ျပည္သူထက္ ေခါင္းတစ္လုံးျမင့္သည္ဆိုေသာ အေတြးအေခၚမ်ိဳး မရွိေစလိုဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂ဝ

တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ားထက္ ေခါင္းတစ္လုံးျမင့္သည္ဆိုေသာ အေတြး အေခၚမ်ိဳးမွာ ေသြးကြဲေစေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပ ာသည္။

ယေန႔ (စက္တင္ဘာလ ၂ဝ ရက္)တြင္ ျပဳလုပ္သတင္းစာရွင္းလင္းပြဲ၌ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္သားမ်ားကို တတ္ႏိုင္သမွ်ေထာက္ပံ့မႈမ်ား ျပဳလုပ္ေပးေနေသာ္လည္း ျပည့္ စုံလုံေလာက္ကာ ခ်မ္းသာေနျခင္းမ်ိဳး မရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“တပ္မေတာ္သားေတြမွ၊ ကြၽန္ေတာ္တို႔မွ ႏိုင္ငံေတာ္တာဝန္ကို ထမ္းေဆာင္ေနတာမ ဟုတ္ဘူး။ ကြၽန္ေတာ္တို႔မွ ႏိုင္ငံေတာ္ကို ခ်စ္ေနတာမဟုတ္ဘူး။ က်န္တဲ့ ဝန္ထမ္းေတြကလည္း ႏိုင္ငံေတာ္ကို ခ်စ္တယ္။ ဘာဝန္ထမ္းမွ မလုပ္ဘဲနဲ႔ ျပည္သူေတြထဲကလည္း ႏိုင္ငံေတာ္ကို ခ်စ္ေနတဲ့ သူေတြရွိတယ္။ ခင္ဗ်ားတို႔ အခုမီဒီယာေတြထဲမွာ ဘာမွႏိုင္ငံ့ဝန္ထမ္းလုပ္ခဲ့တဲ့ သူေတြမဟုတ္ဘူး။ မီဒီယာေတြထဲမွာ ကြၽန္ေတာ္တို႔ထက္ ေတာင္မွ တိုင္းျပည္ကို ခ်စ္ေနတဲ့ မီဒီယာေတြရွိတယ္” ဟု ၎က ေျပာသည္။

လက္ရွိတြင္ နစကအေနျဖင့္ ႏိုင္ငံဝန္ထမ္းမ်ားႏွင့္ပတ္သက္၍ ခံစားခြင့္ (၂၄)ခုကို ခြင့္ျပဳေပးထားၿပီး ၎အထဲတြင္ အိမ္ငွားစရိတ္မ်ားကို အဓိကလုပ္ေဆာင္ေပးထားေၾကာင္း သိရသည္။

ႏိုင္ငံ၏ စီးပြားေရးအေျခအေနအရ တပ္မေတာ္၊ ရဲတပ္ဖြဲ႕ဝင္အားလုံးသည္ ႏိုင္ငံေတာ္အ တြင္းရွိ ျပည္သူမ်ားသာျဖစ္ၿပီး အတတ္ႏိုင္ဆုံး လုပ္ေဆာင္ေပးသြားမည္ဟုလည္း ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“တပ္မေတာ္နဲ႔ျပည္သူရဲ႕ၾကားထဲမွာ တပ္မေတာ္သားေတြသည္ ျပည္သူေတြထက္ ေခါင္းတစ္လုံး ျမင့္ေနတယ္ဆိုတဲ့ အေတြးအေခၚမ်ိဳး မေရာက္ေစခ်င္ပါဘူး။ ပိုၿပီး ေသြး ကြဲပါတယ္။ တပ္မေတာ္သားေတြသည္ အားလုံးထက္ပိုၿပီး အနစ္နာခံတယ္ဆိုတဲ့ အေတြးအေခၚမ်ိဳး မေရာက္ေစခ်င္ပါဘူး ေသြးကြဲပါတယ္။ အားလုံးသည္ တန္းတူပဲျဖစ္တယ္။ တန္းတူထဲမွာမွ ပိုၿပီးေတာ့ အနစ္အနာခံခဲ့တယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳးရွိရင္ ရပါၿပီ။ အားလုံးထက္ ျမင့္ျမတ္တယ္ဆိုတဲ့ စိတ္ဓာတ္က ေသြးကြဲပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

လုံၿခဳံေရးႏွင့္ပတ္သက္၍ တပ္မေတာ္သား၊ ရဲေဘာ္၊ ရဲေမ အားလုံးသည္ ႐ြံ႕႐ြံ႕ခြၽန္ခြၽန္ေဆာင္႐ြက္ေပးခဲ့မႈမ်ားရွိေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

“တပ္ရင္း၊ တပ္ဖြဲ႕အသီးသီးမွာ ရဲေဘာ္၊ ရဲေမေတြအားလုံးက ေဆာင္႐ြက္ေပးခဲ့တာရွိပါတယ္။ လိုအပ္လာလို႔ရွိရင္ လက္နက္ကိုင္ၿပီး ေစာင့္ရတာျဖစ္ပါတယ္။ ေျပာရရင္ ခင္ ဗ်ားတို႔ထက္ ကြၽန္ေတာ္တို႔ ေသြးသားေတြပါဗ်ာ။ ကြၽန္ေတာ္တို႔က ပိုေတာင္ ရင္နာေသးတယ္။ တစ္ခ်ိဳ႕ကိစၥေတြမွာ။ ဒါေတြ မေျပာလိုပါဘူး။ ဒါေၾကာင့္မိုလို႔ တပ္မေတာ္သားေတြ၊ မိသားစုဝင္ေတြအေနနဲ႔က သူတို႔မွာရွိတဲ့ ခံစားခြင့္ေတြရွိပါတယ္။ ျပည့္စုံလုံ ေလာက္တာေတာ့ မရွိေသးပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒါေတြကိုလည္း ႀကိဳးစားေဆာင္႐ြက္သြားမယ္။ လုပ္ေဆာင္သြားမယ္။ ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ ျပည္သူလူထု၊ ဝန္ထမ္းမ်ား၊ လုံၿခဳံေရးအဖြဲ႕မ်ားကို အစိုးရအေနနဲ႔က ၿခဳံငုံစဥ္းစားရတာျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။

Picture

Ko Moe

20/09/2022 18:22

ပြည်သူနဲ့ တပ်မတော်အကြား ရန်တိုက်သူ စစ်စစ် တွေကို မြင်အောင်ကြည့်တတ်ကြဖို့ လိုအပ်လှပါတယ်။ကျွန်တော် အမြင်က ပြည်သူနဲ့ တပ်မတော်ကြားတင်မက ရဲတပ်သားတွေအပါအဝင် ဝန်ထမ်းတွေအကြားမှာ ချစ်တတ်ကြပါစေ နားလည်တတ်ကြပါစေဟုသော ခေါင်းစဉ်အောက်က အလုပ်တွေကို အလွယ်အကူဆုံးကနေစပြီး ပြင်းပြစွာ လုပ်ကိုင်ကြသင့်ပါတယ်။ဥပမာ ပြည်ပကနေ သို့မဟုတ် လုံခြုံသော နေရာကနေ သတင်းအမှားထုတ်ပြန်မှူ့တိုင်းကိုလည်း နည်းမျိူးစုံနဲ့ ချဉ်းကပ်ကြရမှာပါ။ဘာ့ကြောင့်လဲ ဘာရည်ရွယ်ချက်လဲ ဆိုတာမျိူးပေါ့။သတင်းထောက်တွေကိုလည်း တန်ဖိုးထားစိစစ်ယူကြရမှာဖြစ်ပါတယ်။အပြုသမားမဟုတ်လား အဖျက်သမားလား ဆိုတာမျိူးပေါ့။

Picture

Ko Moe

20/09/2022 18:24

VOA BBC RFA DVB Mizzima အပါအဝင် သတင်းသမားတွေကိုလည်း အညှာတည်ရာ ရုံးချူပ်ရှိရာ နေရာသို့ သွားရောက် ဆွေးနွေး မေးမြန်းအဖြေရှာကြရမှာ ဖြစ်ပါတယ် ခင်ဗျာ။

Picture

win zayar

20/09/2022 18:38

ဒီတစ်ခါတော့ စားသွားပီ🤣🇲🇲👏

Picture

Htun Aung Kyaw

20/09/2022 22:41

👍👍👍

Related news

© 2021. All rights reserved.