ပြင်ပဈေးကွက်၌ ဒေါ်လာဈေးနှုန်းမှာ ကျပ် ၃ဝဝဝ ဝန်းကျင်အထိကျဆင်းသွားခဲ့ပြီး ရွှေဈေးလည်း ဆက်လက်ကျဆင်းကာ ဝယ်ယူသူနည်းပါး

 3613

မျိုးကြီး (NP News) - စက်တင်ဘာ ၂ဝ

ပြင်ပဈေးကွက်၌ ဒေါ်လာဈေးနှုန်းမှာ ငွေကျပ် ၃ဝဝဝ ဝန်းကျင်အထိ ကျဆင်းသွားခဲ့ပြီး ရွှေဈေးနှုန်းမှာလည်း ဆက်လက်ကျဆင်းနေကာ ဝယ်ယူသူနည်းပါးကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ (စက်တင်ဘာလ ၂ဝ ရက်)တွင် ပြင်ပဒေါ်လာဈေးကွက်၌ အမေရိကန်တစ်ဒေါ် လာလျှင် ၃ဝ၈ဝ ကျပ်ဝန်းကျင်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

“ဒေါ်လာဈေးက ၃၂ဝဝ အောက်ကို ကျတယ်ပေါ့။ အခုနက ၃၁ဝဝ အောက်မှာပဲ အဝယ်ရှိတယ်။ အဝယ်ကတော့ ၃ဝဝဝ လောက်ပဲ ကြိုက်တယ်။ ၃၁ဝဝ အထက်မှာ အဝယ်မရှိဘူး။ အဲဒီလိုပုံစံလေးပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် ပြင်ပဒေါ်လာဈေးကွက်၌ ဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စီစဉ်ဆောင်ရွက်မှုများရှိလာပါကလည်း ပိုမိုကျဆင်းလာနိုင်ကြောင်း လုပ်ငန်းရှင်အချို့က မှတ်ချက်ပြုသုံးသပ်ထားသည်။

အလားတူ ယနေ့တွင်လည်း ပြင်ပရွှေဈေးကွက်၌ ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၇ သိန်းဝန်းကျင်အထိကျဆင်းသွားခဲ့ပြီး ဝယ်ယူမည့်သူနည်းပါးခဲ့ကြောင်း ဈေးကွက်အ တွင်းမှ စုံစမ်းသိရှိရသည်။

“ရွှေကတော့ ၂၇ သိန်းအထက်မှာ အဝယ်မရှိဘူးဖြစ်နေတယ်။ ဝယ်ထားတဲ့လူတွေက လည်း အခုနက ဘယ်လိုပြောမလဲ အရှုံးနည်းအောင်ဆိုပြီးတော့ တစ်ကျပ်သားကို တစ်သိန်း၊ နှစ်သိန်းလောက်အရှုံးခံပြီးတော့ ထုတ်ရောင်းနေကြတယ်ပေါ့နော်။ ပြန်ဝယ်မယ့်လူကလည်း တက်ရိပ်မရှိတဲ့အတွက် မဝယ်ဘူးပေါ့” ဟု အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ယခုတစ်ပတ်နှင့် လာမည့်ရှေ့တစ်ပတ်တွင်လည်း ရွှေဈေးနှုန်းမှာ အကျဘက်သို့ ဆက် လက်ဦးတည်သွားနိုင်ကြောင်းနှင့် ဒေါ်ဈေးနှုန်းမှာလည်း ဆက်လက်ကျဆင်းနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

zawgyi version
ျပင္ပေဈးကြက္၌ ေဒၚလာေဈးႏႈန္းမွာ က်ပ္ ၃ဝဝဝ ဝန္းက်င္အထိက်ဆင္းသြားခဲ့ၿပီး ေ႐ႊေဈးလည္း ဆက္လက္က်ဆင္းကာ ဝယ္ယူသူနည္းပါး
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂ဝ

ျပင္ပေဈးကြက္၌ ေဒၚလာေဈးႏႈန္းမွာ ေငြက်ပ္ ၃ဝဝဝ ဝန္းက်င္အထိ က်ဆင္းသြားခဲ့ၿပီး ေ႐ႊေဈးႏႈန္းမွာလည္း ဆက္လက္က်ဆင္းေနကာ ဝယ္ယူသူနည္းပါးေၾကာင္း ေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

ယေန႔ (စက္တင္ဘာလ ၂ဝ ရက္)တြင္ ျပင္ပေဒၚလာေဈးကြက္၌ အေမရိကန္တစ္ေဒၚ လာလွ်င္ ၃ဝ၈ဝ က်ပ္ဝန္းက်င္အထိ က်ဆင္းသြားခဲ့ေၾကာင္း သိရသည္။

“ေဒၚလာေဈးက ၃၂ဝဝ ေအာက္ကို က်တယ္ေပါ့။ အခုနက ၃၁ဝဝ ေအာက္မွာပဲ အဝယ္ရွိတယ္။ အဝယ္ကေတာ့ ၃ဝဝဝ ေလာက္ပဲ ႀကိဳက္တယ္။ ၃၁ဝဝ အထက္မွာ အဝယ္မရွိဘူး။ အဲဒီလိုပုံစံေလးေပါ့” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ျပင္ပေဒၚလာေဈးကြက္၌ ေဈးႏႈန္းမွာ တျဖည္းျဖည္းက်ဆင္းလာလ်က္ရွိၿပီး ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ စီစဥ္ေဆာင္႐ြက္မႈမ်ားရွိလာပါကလည္း ပိုမိုက်ဆင္းလာႏိုင္ေၾကာင္း လုပ္ငန္းရွင္အခ်ိဳ႕က မွတ္ခ်က္ျပဳသုံးသပ္ထားသည္။

အလားတူ ယေန႔တြင္လည္း ျပင္ပေ႐ႊေဈးကြက္၌ ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ ၂၇ သိန္းဝန္းက်င္အထိက်ဆင္းသြားခဲ့ၿပီး ဝယ္ယူမည့္သူနည္းပါးခဲ့ေၾကာင္း ေဈးကြက္အ တြင္းမွ စုံစမ္းသိရွိရသည္။

“ေ႐ႊကေတာ့ ၂၇ သိန္းအထက္မွာ အဝယ္မရွိဘူးျဖစ္ေနတယ္။ ဝယ္ထားတဲ့လူေတြက လည္း အခုနက ဘယ္လိုေျပာမလဲ အရႈံးနည္းေအာင္ဆိုၿပီးေတာ့ တစ္က်ပ္သားကို တစ္သိန္း၊ ႏွစ္သိန္းေလာက္အရႈံးခံၿပီးေတာ့ ထုတ္ေရာင္းေနၾကတယ္ေပါ့ေနာ္။ ျပန္ဝယ္မယ့္လူကလည္း တက္ရိပ္မရွိတဲ့အတြက္ မဝယ္ဘူးေပါ့” ဟု အထက္ပါစီးပြားေရးလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

ယခုတစ္ပတ္ႏွင့္ လာမည့္ေရွ႕တစ္ပတ္တြင္လည္း ေ႐ႊေဈးႏႈန္းမွာ အက်ဘက္သို႔ ဆက္ လက္ဦးတည္သြားႏိုင္ေၾကာင္းႏွင့္ ေဒၚေဈးႏႈန္းမွာလည္း ဆက္လက္က်ဆင္းႏိုင္ေၾကာင္း ၎က ခန႔္မွန္းထားသည္။

Picture

Pho Htaung

20/09/2022 21:41

ဒေါ်လာစျေးကျမှ ဖြစ်မှာ ကျေးလက်ပြည်သူတွေ ကုန်စျေးနှုန်းကြောင့် ဒုက္ခရောက်နေကြတယ်

Picture

Tun Hla Kyaw

20/09/2022 22:32

ဒေါ်လာကျတာဆင်းရဲလူတန်းစားအတွက်ကောင်းတယ်

Related news

© 2021. All rights reserved.