နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ် ပြဋ္ဌာန်းနိုင်ရေးနှင့်ပတ်သက်၍ ပါတီများထံမှ သီးခြားအကြံပြုချက် တောင်းခံရန်မရှိဟု UEC ဆို

 455

မျိုးကြီး (NP News) - စက်တင်ဘာ ၂၁

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ပြဋ္ဌာန်းနိုင်ရေးနှင့်ပတ်သက်၍ ပါတီများထံမှ သီးခြားအကြံပြုချက် တောင်းခံရန်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။

ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက စက်တင်ဘာလ ၂ဝ ရက်တွင် နေပြည်တော်ရှိ ပြန် ကြားရေးဝန်ကြီးဌာန၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကော်မရှင်၌ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်နှင့် နည်းဥပဒေအသစ်များ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒါက ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွေ့အကြုံတွေပေါ်မှာ မူတည်ပြီးတော့လည်း ကောင်း၊ ပြီးတော့ နိုင်ငံရေးပါတီတွေကို စစ်ဆေးတွေ့ရှိချက်ပေါ်မှာ မူတည်ပြီးသော် လည်း ကောင်း ပိုမိုပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အတွက် နိုင်ငံရေးပါတီတွေ တည်ထောင်တဲ့ကိစ္စ၊ နိုင်ငံရေးပါတီတွေ အင်အားစုဖွဲ့တာနဲ့ ရန်ပုံငွေစာရင်းတွေထားတဲ့ကိစ္စ၊ နိုင်ငံရေးပါတီတွေ ရုံးခန်းတွေလုပ်တာ၊ ပြီးရင် ပါတီလုပ်ငန်းတွေ ဆောင်ရွက်တဲ့ကိစ္စ အဲဒီနေရာမှာ ပိုမိုပြီး စနစ်တကျပြည့်စုံကောင်းမွန်အောင် လိုအပ်တာများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ကော်မ ရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးများ၏ စိစစ်မှုများအပါအဝင် ဥပ ဒေပြုရေးလုပ်ငန်းစဉ်အတိုင်း ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့ ဒီဟာနဲ့ပတ်သက်လို့တော့ နိုင်ငံရေးပါတီတွေကို သီးခြားအကြံ ပြုချက်တောင်းခံဖို့ မရှိပါဘူး။ ဥပဒေပြုရေးလုပ်ငန်းစဉ်များအတိုင်းပဲ စနစ်တကျစိစစ်ပြီးခါကြမှ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားလိုပါတယ်” ဟုကော် မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆိုသည်။

အဆိုပါဥပဒေအသစ် ရေးဆွဲနေခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများထံမှ သဘော ထားမှတ်ချက်များကို ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တောင်းခံသင့်ကြောင်းလည်း ပါတီများဘက်က ပြောဆိုမှုများရှိနေသည်။

zawgyi version
ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒသစ္ ျပ႒ာန္းႏိုင္ေရးႏွင့္ပတ္သက္၍ ပါတီမ်ားထံမွ သီးျခားအႀကံျပဳခ်က္ ေတာင္းခံရန္မရွိဟု UEC ဆို
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၁

ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအသစ္ျပ႒ာန္းႏိုင္ေရးႏွင့္ပတ္သက္၍ ပါတီမ်ားထံမွ သီးျခားအႀကံျပဳခ်က္ ေတာင္းခံရန္မရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္ မရွင္(UEC)အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ေျပာသည္။

ေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက စက္တင္ဘာလ ၂ဝ ရက္တြင္ ေနျပည္ေတာ္ရွိ ျပန္ ၾကားေရးဝန္ႀကီးဌာန၌ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္ သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ေကာ္မရွင္၌ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအသစ္ႏွင့္ နည္းဥပေဒအသစ္မ်ား ျပ႒ာန္းႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

“ဒါက ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲအေတြ႕အႀကဳံေတြေပၚမွာ မူတည္ၿပီးေတာ့လည္း ေကာင္း၊ ၿပီးေတာ့ ႏိုင္ငံေရးပါတီေတြကို စစ္ေဆးေတြ႕ရွိခ်က္ေပၚမွာ မူတည္ၿပီးေသာ္ လည္း ေကာင္း ပိုမိုျပည့္စုံေကာင္းမြန္ေအာင္ ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ ဒီလို ေဆာင္႐ြက္တဲ့အတြက္ ႏိုင္ငံေရးပါတီေတြ တည္ေထာင္တဲ့ကိစၥ၊ ႏိုင္ငံေရးပါတီေတြ အင္အားစုဖြဲ႕တာနဲ႔ ရန္ပုံေငြစာရင္းေတြထားတဲ့ကိစၥ၊ ႏိုင္ငံေရးပါတီေတြ ႐ုံးခန္းေတြလုပ္တာ၊ ၿပီးရင္ ပါတီလုပ္ငန္းေတြ ေဆာင္႐ြက္တဲ့ကိစၥ အဲဒီေနရာမွာ ပိုမိုၿပီး စနစ္တက်ျပည့္စုံေကာင္းမြန္ေအာင္ လိုအပ္တာမ်ား ျပင္ဆင္ျပ႒ာန္းႏိုင္ေရးေဆာင္႐ြက္ျခင္းျဖစ္ပါတယ္” ဟု ေကာ္မ ရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ေျပာသည္။

ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအသစ္ကို ျပ႒ာန္းႏိုင္ေရး ေဆာင္႐ြက္ရာတြင္ ဥပေဒေရးရာဝန္ႀကီးဌာန၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးမ်ား၏ စိစစ္မႈမ်ားအပါအဝင္ ဥပ ေဒျပဳေရးလုပ္ငန္းစဥ္အတိုင္း ျပ႒ာန္းႏိုင္ေရးေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဒီဟာနဲ႔ပတ္သက္လို႔ေတာ့ ႏိုင္ငံေရးပါတီေတြကို သီးျခားအႀကံ ျပဳခ်က္ေတာင္းခံဖို႔ မရွိပါဘူး။ ဥပေဒျပဳေရးလုပ္ငန္းစဥ္မ်ားအတိုင္းပဲ စနစ္တက်စိစစ္ၿပီးခါၾကမွ ျပ႒ာန္းႏိုင္ေရးေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေျဖၾကားလိုပါတယ္” ဟုေကာ္ မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ဆိုသည္။

အဆိုပါဥပေဒအသစ္ ေရးဆြဲေနျခင္းႏွင့္ပတ္သက္၍ ႏိုင္ငံေရးပါတီမ်ားထံမွ သေဘာ ထားမွတ္ခ်က္မ်ားကို ေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ေတာင္းခံသင့္ေၾကာင္းလည္း ပါတီမ်ားဘက္က ေျပာဆိုမႈမ်ားရွိေနသည္။

Related news

© 2021. All rights reserved.