PDF များ၏ အကြမ်းဖက်ဆန်သော လုပ်ရပ်များကို NLD ပါတီထောက်ခံသူအချို့မှ ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

 2834

NP News - စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၃၄/၃၅ လမ်း မြို့ပတ်လမ်းရှိ NLD ပါတီရုံးရှေ့တွင် NLD ပါတီထောက်ခံသူများမှ NUG-PDF များ၏ အကြမ်းဖက်ဆန်သောလုပ်ရပ်များအားလုံးကို ရှုတ်ချကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်ဟူ သတင်းရရှိသည်။

NUG-PDF များ၏ အကြမ်းဖက်ဆန်သောလုပ်ရပ်များအားလုံးကို ရှုတ်ချ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ စက်တင်ဘာလ(၂၁) ရက် နံနက်ပိုင်းက NLD ပါတီထောက်ခံသူ အင်အား ၅ဝ ဦးခန့်တို့မှ ပါတီကိုယ်စားပြုအင်္ကျီများဝတ်ဆင်၍ အကြမ်း ဖက်ဆန်သောလုပ်ရပ်များကျူးလွန်နေသည့် PDF များ၏ လုပ်ဆောင်မှုများကို ရှုတ်ချကြောင်း ဗီနိုင်းဆိုင်းဘုတ်များ၊ “အမေစုကျန်းမာပါစေ” ဟူသော ဆိုင်းဘုတ်များအား ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။

PDF များ၏ အကြမ်းဖက်ဆန်သောလုပ်ရပ်များအား ရှုတ်ချကြောင်းပြုလုပ်သည့်ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ များသည် NUG ၊ CRPH နှင့် PDF တို့၏လုပ်ရပ်အကျိုးဆက်များကြောင့် အပြစ်မဲ့ NLD ပါတီဝင်များ သေဆုံး မှုများရှိနေကြောင်း၊ NUG ၏ အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချကြ ရှုတ်ချကြ၊ မြန်မာ့နိုင်ငံရေးလောကမှ NLD ပါတီအား ပျောက်ကွယ်အောင်လုပ်ဆောင်နေကြသော NUG-CRPH နှင့် PDF များအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ၊ NUG-CRPH နှင့် PDF တို့၏အကြမ်းဖက်လုပ်ရပ်များ ချက်ချင်းရပ် ချက်ချင်းရပ် စသည့်ကြွေးကြော်သံများအား ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version;
PDF မ်ား၏ အၾကမ္းဖက္ဆန္ေသာ လုပ္ရပ္မ်ားကို NLD ပါတီေထာက္ခံသူအခ်ိဳ႕မွ ရႈတ္ခ်ေၾကာင္း ဆႏၵထုတ္ေဖာ္
NP News - စက္တင္ဘာ ၂၁

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကန္ေကာက္ရပ္ကြက္ ၃၄/၃၅ လမ္း ၿမိဳ႕ပတ္လမ္းရွိ NLD ပါတီ႐ုံးေရွ႕တြင္ NLD ပါတီေထာက္ခံသူမ်ားမွ NUG-PDF မ်ား၏ အၾကမ္းဖက္ဆန္ေသာလုပ္ရပ္မ်ားအားလုံးကို ရႈတ္ခ်ကန႔္ကြက္ေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့သည္ဟူ သတင္းရရွိသည္။

NUG-PDF မ်ား၏ အၾကမ္းဖက္ဆန္ေသာလုပ္ရပ္မ်ားအားလုံးကို ရႈတ္ခ် ကန႔္ကြက္ေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲကို ယေန႔ စက္တင္ဘာလ(၂၁) ရက္ နံနက္ပိုင္းက NLD ပါတီေထာက္ခံသူ အင္အား ၅ဝ ဦးခန႔္တို႔မွ ပါတီကိုယ္စားျပဳအက်ႌမ်ားဝတ္ဆင္၍ အၾကမ္း ဖက္ဆန္ေသာလုပ္ရပ္မ်ားက်ဴးလြန္ေနသည့္ PDF မ်ား၏ လုပ္ေဆာင္မႈမ်ားကို ရႈတ္ခ်ေၾကာင္း ဗီႏိုင္းဆိုင္းဘုတ္မ်ား၊ “အေမစုက်န္းမာပါေစ” ဟူေသာ ဆိုင္းဘုတ္မ်ားအား ကိုင္ေဆာင္ကာ ဆႏၵေဖာ္ထုတ္ပြဲျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

PDF မ်ား၏ အၾကမ္းဖက္ဆန္ေသာလုပ္ရပ္မ်ားအား ရႈတ္ခ်ေၾကာင္းျပဳလုပ္သည့္ဆႏၵေဖာ္ထုတ္ပြဲတြင္ ပါဝင္သူ မ်ားသည္ NUG ၊ CRPH ႏွင့္ PDF တို႔၏လုပ္ရပ္အက်ိဳးဆက္မ်ားေၾကာင့္ အျပစ္မဲ့ NLD ပါတီဝင္မ်ား ေသဆုံး မႈမ်ားရွိေနေၾကာင္း၊ NUG ၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို ရႈတ္ခ်ၾက ရႈတ္ခ်ၾက၊ ျမန္မာ့ႏိုင္ငံေရးေလာကမွ NLD ပါတီအား ေပ်ာက္ကြယ္ေအာင္လုပ္ေဆာင္ေနၾကေသာ NUG-CRPH ႏွင့္ PDF မ်ားအား ဆန္႔က်င္ၾက ဆန္႔က်င္ၾက၊ NUG-CRPH ႏွင့္ PDF တို႔၏အၾကမ္းဖက္လုပ္ရပ္မ်ား ခ်က္ခ်င္းရပ္ ခ်က္ခ်င္းရပ္ စသည့္ေႂကြးေၾကာ္သံမ်ားအား ေႂကြးေၾကာ္ခဲ့ၾကေၾကာင္း သိရသည္။

Picture

Ko Moe

21/09/2022 13:05

အမှန်အကန်ပါပဲဗျာ။အစိမ်းတွေလည်း နားလည်ကြသင့်ပါတယ်။အနီစစ်စစ်တွေကြိး မဟုတ်ကြပါဘူး။ပီဒိအက်ဖ်ဟာ အနီဆယ်ပုံ တစ်ပုံပါ ဖို့ မလွယ်ပါဘူး။အရိုင်းအစိုင်းလေးတွေများပါတယ်။နားမလည်ကြတာရော အစင်မပြေတာရောကြောင့် ဖြသ်နေတာတွေပါနေပါတယ်။တကယ့်လက်ကိုင်တုတ်ဟာ ရှိနေပါတယ်။အခြားအဖွဲ့အစည်းတွေကဖြသ်ပါတယ်။ဖင်လန်နိုင်ငံသား ခံယူထားသောငြိမ်းချမ်းအောင်တို့အဖွဲ့တွေပါနေတာ များပါတယ်။

Picture

Ko Moe

21/09/2022 13:08

👉(လဒကို ဒေါင်းထင် အကောင်းတွေ သိပ်မြင်လားလို့) ပြောနေတာ ဖင်လန်နိုင်ငံသား ခံယူထားသော ရိုဟင်ဂျာအမည်ရရှိရေး ဒေါ်လာအမြောက်အများယူလုပ်စားနေတဲ့ ငြိမ်းချမ်းအောင် ဟာ အဓိက ခေါင်းဆောင်ပိုင်းမှာ ပါနေပါတယ်။

Picture

Gni Ndhjs

23/09/2022 10:28

ရေကြောင့်ဖြစ်သောအညစ်ကြေးျဖစ်ရင်ရေနှင့်ဆေးမှပြောင်ပါမယ်nldအမည်ခံnugcrphကြောင့်နိုင်ငံ၏တရားဉပဒေစိုးမိုးမှု့မရိှလက်နတ်မဲ့ပြည်သူများအသတ်ခံနေရကာနိုင်ငံရေးရှုပ်ထွေးအောင်လုပ်ပီးတိုင်းပြည်ပျက်လျှင်တောင်ဂရုမစိုက်ပဲအဖျက်လုပ်ရပ်လုပ်နေသောnugကိုနိုင်ငံချစ်မြတ်နိုးပြည်သူကိုကာကွယ်ဖို့nldစစ်စစ်များကရံှုချမှု့ကိုကြိုဆိုပါတယ်

Related news

© 2021. All rights reserved.