လာမည့်ပညာသင်နှစ်မှစ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာအထက်တန်း ကျောင်း (၅ဝ) တိုးချဲ့ဖွင့်လှစ်မည်

 810

မျိုးကြီး (NP News) - စက်တင်ဘာ ၂၁

လာမည့်ပညာသင်နှစ်မှစ၍ ခရိုင်(၅ဝ)ရှိ အခြေခံပညာအထက်ကျောင်း(၅ဝ)တွင် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာ အထက်တန်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေက နေပြည်တော်ရှိ ဝန်ကြီးဌာနတွင် စက်တင်ဘာလ ၂ဝ ရက်ကပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံး သည်အထိ အခမဲ့ပညာသင်ယူနိုင်ရေးကို မူဝါဒချမှတ်အကောင်အထည်ဖော်နေကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် KG+9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Grade 10၊ Grade 11၊ Grade 12 နှင့် အဆင့်မြင့်တက္ကသိုလ်ပညာများအထိ သင်ယူနိုင်ကြောင်းလည်း ဝန်ကြီးဒေါက်တာညွန့်ဖေက ပြောသည်။

သို့သော် Grade 10၊ Grade 11၊ Grade 12 အထိ မတက်ရောက်နိုင်သော ကျောင်းသား၊ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေးအထက်တန်းကျောင်း၊ မွေးမြူရေးအထက်တန်း ကျောင်းနှင့် နည်းပညာအထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“သူတို့ကို လေ့ကျင့်မွေးထုတ်ပေးလိုက်မယ်ဆိုလို့ရှိရင်။ သူတို့လုပ်တဲ့ စီးပွားရေးကို အ ထောက်အကူပြုတဲ့ အတတ်ပညာတွေ တတ်လာမှာဖြစ်ပါတယ်။ ဒါကိုမျှော်တွေးပြီး တော့မှ။ အခုခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိပါတယ်။ ၁၂၇ ခရိုင်မှာ First wave အနေနဲ့ ကျွန် တော်တို့ ကျောင်းပေါင်း ၅ဝ လောက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုတွဲဖွင့်ဖို့သက် ဆိုင်ရာဝန်ကြီးတွေနဲ့ ကျွန်တော် ဆွေးနွေးထားပြီးဖြစ်ပါတယ်။ ကျောင်းပေါင်း ၅ဝ လောက် စဖွင့်မယ်” ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားဖူး သည်။

အဆိုပါ ခရိုင်(၅ဝ)ရှိ အခြေခံပညာအထက်တန်းကျောင်း (၅ဝ)တွင် ၂ဝ၂၃-၂ဝ၂၄ ခုနှစ်ပညာသင်နှစ်မှစ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
လာမည့္ပညာသင္ႏွစ္မွစ၍ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ နည္းပညာ အထက္တန္းေက်ာင္း (၅ဝ) တိုးခ်ဲ႕ဖြင့္လွစ္မည္
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၁

လာမည့္ပညာသင္ႏွစ္မွစ၍ ခ႐ိုင္(၅ဝ)ရွိ အေျခခံပညာအထက္ေက်ာင္း(၅ဝ)တြင္ စိုက္ ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ နည္းပညာ အထက္တန္ေက်ာင္းမ်ား တိုးခ်ဲ႕ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ပညာေရးဝန္ႀကီးေဒါက္တာၫြန႔္ေဖက ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာနတြင္ စက္တင္ဘာလ ၂ဝ ရက္ကျပဳလုပ္ေသာ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံသားတိုင္း အနည္းဆုံး KG+9 ၿပီးဆုံး သည္အထိ အခမဲ့ပညာသင္ယူႏိုင္ေရးကို မူဝါဒခ်မွတ္အေကာင္အထည္ေဖာ္ေနေၾကာင္း ၎က ဆိုသည္။

ထို႔ျပင္ KG+9 ေအာင္ျမင္ၿပီးေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ Grade 10၊ Grade 11၊ Grade 12 ႏွင့္ အဆင့္ျမင့္တကၠသိုလ္ပညာမ်ားအထိ သင္ယူႏိုင္ေၾကာင္းလည္း ဝန္ႀကီးေဒါက္တာၫြန႔္ေဖက ေျပာသည္။

သို႔ေသာ္ Grade 10၊ Grade 11၊ Grade 12 အထိ မတက္ေရာက္ႏိုင္ေသာ ေက်ာင္းသား၊ေက်ာင္းသူမ်ားအေနျဖင့္ စိုက္ပ်ိဳးေရးအထက္တန္းေက်ာင္း၊ ေမြးျမဴေရးအထက္တန္း ေက်ာင္းႏွင့္ နည္းပညာအထက္တန္းေက်ာင္းမ်ားသို႔ တက္ေရာက္ႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“သူတို႔ကို ေလ့က်င့္ေမြးထုတ္ေပးလိုက္မယ္ဆိုလို႔ရွိရင္။ သူတို႔လုပ္တဲ့ စီးပြားေရးကို အ ေထာက္အကူျပဳတဲ့ အတတ္ပညာေတြ တတ္လာမွာျဖစ္ပါတယ္။ ဒါကိုေမွ်ာ္ေတြးၿပီး ေတာ့မွ။ အခုခ႐ိုင္ေပါင္း ၁၂၇ ခ႐ိုင္ရွိပါတယ္။ ၁၂၇ ခ႐ိုင္မွာ First wave အေနနဲ႔ ကြၽန္ ေတာ္တို႔ ေက်ာင္းေပါင္း ၅ဝ ေလာက္မွာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ စက္မႈတြဲဖြင့္ဖို႔သက္ ဆိုင္ရာဝန္ႀကီးေတြနဲ႔ ကြၽန္ေတာ္ ေဆြးေႏြးထားၿပီးျဖစ္ပါတယ္။ ေက်ာင္းေပါင္း ၅ဝ ေလာက္ စဖြင့္မယ္” ဟု နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုထားဖူး သည္။

အဆိုပါ ခ႐ိုင္(၅ဝ)ရွိ အေျခခံပညာအထက္တန္းေက်ာင္း (၅ဝ)တြင္ ၂ဝ၂၃-၂ဝ၂၄ ခုႏွစ္ပညာသင္ႏွစ္မွစ၍ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.