၂ဝ၂၃ ခုနှစ်အတွက် အများပြည်သူ အလုပ်ပိတ်ရက်များကို နစက ကြေညာ၊ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက် (၉)ရက်သတ်မှတ်

 5213

မျိုးကြီး (NP News) - စက်တင်ဘာ ၂၁

၂ဝ၂၃ ခုနှစ်အတွက် အများပြည်သူ အလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာထားပြီး မြန်မာနှစ်သစ်ကူးရုံးပိတ်ရက် (၉)ရက်အထိရှိကြောင်း သိရသည်။

အဆိုပါရုံးပိတ်ရက်များကို မြန်မာနိုင်ငံအတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့်လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရ ကြေညာခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။

လာမည့် ၂ဝ၂၃ ခုနှစ်အတွင်း၌ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအဖြစ် ဧပြီလ ၉ ရက်မှ ၁၇ ရက်အထိ (၉)ရက်တိတိသတ်မှတ်ထားပြီး သီတင်းကျွတ်ရုံးပိတ်ရက်ကို (၃)ရက် သတ်မှတ်ထားကြောင်း သိရသည်။

၎င်းနှစ်အတွင်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ အပါအဝင် အများပြည်သူတို့၏ အလုပ်ပိတ်ရက်စုစုပေါင်းမှာ (၂၇)ရက်အထိရှိမည်ဖြစ်ကြောင်း နစကမှ အသိပေးကြေ ညာထားသည်။

သို့သော် ကရင်နှစ်သစ်ကူးနေ့(ပြာသိုလဆန်း ၁ ရက်)မှာ ၂ဝ၂၃ ခုနှစ်အတွင်း ကျရောက်ခြင်းမရှိကြောင်းနှင့် အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)နေ့နှင့် ဒီပါဝလီနေ့များအတွက် ကျရောက်မည့်နေ့ရက်များကို သီးခြားကြေညာမည်ဟုလည်း မှတ်ချက်အနေဖြင့် နစကမှ ထည့်သွင်းထုတ်ပြန်ထားသည်။

ထို့ပြင် ၂ဝ၂၃ ခုနှစ်အတွင်း ဘဏ်ပိတ်ရက်များကို သက်ဆိုင်ရာအဖွဲ့အစည်းက ကြေညာသွားမည်ဟုလည်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
၂ဝ၂၃ ခုႏွစ္အတြက္ အမ်ားျပည္သူ အလုပ္ပိတ္ရက္မ်ားကို နစက ေၾကညာ၊ ျမန္မာႏွစ္သစ္ကူး႐ုံးပိတ္ရက္ (၉)ရက္သတ္မွတ္
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၁

၂ဝ၂၃ ခုႏွစ္အတြက္ အမ်ားျပည္သူ အလုပ္ပိတ္ရက္မ်ားကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ေၾကညာထားၿပီး ျမန္မာႏွစ္သစ္ကူး႐ုံးပိတ္ရက္ (၉)ရက္အထိရွိေၾကာင္း သိရသည္။

အဆိုပါ႐ုံးပိတ္ရက္မ်ားကို ျမန္မာႏိုင္ငံအတြင္းရွိ ႐ုံးမ်ား၏ ပိတ္ရက္ႏွင့္လႊဲေျပာင္းႏိုင္သည့္ စာခ်ဳပ္စာတမ္းမ်ားအက္ဥပေဒပုဒ္မ ၂၅ အရ ေၾကညာျခင္းျဖစ္ေၾကာင္း နစကမွ ဆိုသည္။

လာမည့္ ၂ဝ၂၃ ခုႏွစ္အတြင္း၌ ျမန္မာႏွစ္သစ္ကူး႐ုံးပိတ္ရက္မ်ားအျဖစ္ ဧၿပီလ ၉ ရက္မွ ၁၇ ရက္အထိ (၉)ရက္တိတိသတ္မွတ္ထားၿပီး သီတင္းကြၽတ္႐ုံးပိတ္ရက္ကို (၃)ရက္ သတ္မွတ္ထားေၾကာင္း သိရသည္။

၎ႏွစ္အတြင္း လြတ္လပ္ေရးေန႔၊ ျပည္ေထာင္စုေန႔ အပါအဝင္ အမ်ားျပည္သူတို႔၏ အလုပ္ပိတ္ရက္စုစုေပါင္းမွာ (၂၇)ရက္အထိရွိမည္ျဖစ္ေၾကာင္း နစကမွ အသိေပးေၾက ညာထားသည္။

သို႔ေသာ္ ကရင္ႏွစ္သစ္ကူးေန႔(ျပာသိုလဆန္း ၁ ရက္)မွာ ၂ဝ၂၃ ခုႏွစ္အတြင္း က်ေရာက္ျခင္းမရွိေၾကာင္းႏွင့္ အီဒုလ္အႆြဟာ(ကုရ္ဘာနီအီးဒ္)ေန႔ႏွင့္ ဒီပါဝလီေန႔မ်ားအတြက္ က်ေရာက္မည့္ေန႔ရက္မ်ားကို သီးျခားေၾကညာမည္ဟုလည္း မွတ္ခ်က္အေနျဖင့္ နစကမွ ထည့္သြင္းထုတ္ျပန္ထားသည္။

ထို႔ျပင္ ၂ဝ၂၃ ခုႏွစ္အတြင္း ဘဏ္ပိတ္ရက္မ်ားကို သက္ဆိုင္ရာအဖြဲ႕အစည္းက ေၾကညာသြားမည္ဟုလည္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.