KPay အကောင့်များ အပိတ်ခံထားရပါက ဗဟိုဘဏ်သို့တိုက်ရိုက်တင်ပြနိုင်ကြောင်း KBZ အသိပေး

 2264

ဖူးပြည့် (NP News) - စက်တင်ဘာ ၂၁

မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများအနေဖြင့် ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ မဖြည့်သွင်းပါက ငွေကြေးစာရင်းများကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြန် မာနိုင်ငံတော်ဗဟိုဘဏ်က သတိပေးထုတ်ပြန်ထားပြီးနောက် KBZPay အကောင့်အချို့ ပိတ်သိမ်းခံရမှုများရှိလာကြောင်း သိရသည်။

KBZ ဘဏ်ဘက်ကလည်း သုံးစွဲသူများအနေဖြင့် မိမိတို့၏ အကောင့်များအား မှားယွင်းစွာ ယာယီအသုံးပြုခွင့် တားမြစ်ထားခံရသည်ဟု ယုံကြည်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုက်ရိုက်အကျိုးအကြောင်း တင်ပြနိုင်ကြောင်း ယနေ့ (စက်တင်ဘာလ ၂၁ ရက်)တွင် အသိပေးထုတ်ပြန်ကြေညာလိုက်သည်။

မိမိတို့၏အကောင့်များအား ပြန်လည် ဖွင့်လှစ်အသုံးပြုနိုင်ရေး အကျိုးအကြောင်းတင်ပြလိုသည့် သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ [email protected] သို့ အီးမေးလ်းတိုက်ရိုက်ပေးပို့ အကြောင်းကြားနိုင်ကြောင်း ဘဏ်ဘက်က အသိပေးထားသည်။

“မိုဘိုင်းငွေပေးချေမှုနဲ့ပတ်သက်ပြီး ကိုယ်ရေးအချက်အလက်တွေ ဖြည့်ဆည်းဖို့လုပ် ဆောင်တာက ပြည်သူလူထုရဲ့ ငွေရေးကြေးရေးဆိုင်ရာလုံခြုံမှုတွေ၊ ကိုယ်ရေးအချက်အ လက်ဆိုင်ရာလုံခြုံမှုတွေ၊ အကြမ်းဖက်မှု နှိမ်နင်းတားဆီး ရေးအတွက် ရည်ရွယ်ချက်တွေနဲ့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၂ဝ ရက်က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။

KBZ ဘဏ်အနေဖြင့် ၂ဝ၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (FIL) နှင့်အညီ ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုအပ်သလို အခါအားလျော်စွာ ညွှန်ကြားလာ သည့် ၂ဝ၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ AML/CTF များအပါအဝင် အမိန့်ထုတ်ပြန်ချက်များ၊ စည်းမျဥ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာကျင့်သုံးရကြောင်းလည်း အသိပေးထားသည်။

ထို့ကြောင့် ငွေရေးကြေးရေးကဏ္ဍ ကြီးကြပ်ရေးအဖွဲ့အစည်း၏ ညွှန်ကြားချက်အရ KBZPay အကောင့်အချို့အား ယာယီအသုံးပြုခွင့် တားမြစ်ထားမှုအပေါ် အဆင်မပြေမှုများနှင့် စိုးရိမ်မှုများရှိနေသည်ကို ကြားသိရပြီး ယခုအခြေအနေတွင် သုံးစွဲသူများအ တွက် အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ရသည့်အပေါ် အနူးအညွတ်တောင်းပန်ကြောင်း လည်း KBZ ဘက်က အသိပေးထားသည်။

zawgyi version
KPay အေကာင့္မ်ား အပိတ္ခံထားရပါက ဗဟိုဘဏ္သို႔တိုက္႐ိုက္တင္ျပႏိုင္ေၾကာင္း KBZ အသိေပး
ဖူးျပည့္ (NP News) - စက္တင္ဘာ ၂၁

မိုဘိုင္းေငြေပးေခ်မႈ အသုံးျပဳသူမ်ားအေနျဖင့္ ကိုယ္ေရးအခ်က္အလက္မ်ားကို ျပည့္စုံစြာ မျဖည့္သြင္းပါက ေငြေၾကးစာရင္းမ်ားကို အၿပီးပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း ျမန္ မာႏိုင္ငံေတာ္ဗဟိုဘဏ္က သတိေပးထုတ္ျပန္ထားၿပီးေနာက္ KBZPay အေကာင့္အခ်ိဳ႕ ပိတ္သိမ္းခံရမႈမ်ားရွိလာေၾကာင္း သိရသည္။

KBZ ဘဏ္ဘက္ကလည္း သုံးစြဲသူမ်ားအေနျဖင့္ မိမိတို႔၏ အေကာင့္မ်ားအား မွားယြင္းစြာ ယာယီအသုံးျပဳခြင့္ တားျမစ္ထားခံရသည္ဟု ယုံၾကည္ပါက ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သို႔ တိုက္႐ိုက္အက်ိဳးအေၾကာင္း တင္ျပႏိုင္ေၾကာင္း ယေန႔ (စက္တင္ဘာလ ၂၁ ရက္)တြင္ အသိေပးထုတ္ျပန္ေၾကညာလိုက္သည္။

မိမိတို႔၏အေကာင့္မ်ားအား ျပန္လည္ ဖြင့္လွစ္အသုံးျပဳႏိုင္ေရး အက်ိဳးအေၾကာင္းတင္ျပလိုသည့္ သုံးစြဲသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ [email protected] သို႔ အီးေမးလ္းတိုက္႐ိုက္ေပးပို႔ အေၾကာင္းၾကားႏိုင္ေၾကာင္း ဘဏ္ဘက္က အသိေပးထားသည္။

“မိုဘိုင္းေငြေပးေခ်မႈနဲ႔ပတ္သက္ၿပီး ကိုယ္ေရးအခ်က္အလက္ေတြ ျဖည့္ဆည္းဖို႔လုပ္ ေဆာင္တာက ျပည္သူလူထုရဲ႕ ေငြေရးေၾကးေရးဆိုင္ရာလုံၿခဳံမႈေတြ၊ ကိုယ္ေရးအခ်က္အ လက္ဆိုင္ရာလုံၿခဳံမႈေတြ၊ အၾကမ္းဖက္မႈ ႏွိမ္နင္းတားဆီး ေရးအတြက္ ရည္႐ြယ္ခ်က္ေတြနဲ႔ေဆာင္႐ြက္ရျခင္းျဖစ္ပါတယ္”ဟု နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက စက္တင္ဘာလ ၂ဝ ရက္က ျပဳလုပ္သည့္ သတင္းစာရွင္း လင္းပြဲ၌ ေျပာၾကားခဲ့သည္။

KBZ ဘဏ္အေနျဖင့္ ၂ဝ၁၆ ခုႏွစ္ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားဥပေဒ (FIL) ႏွင့္အညီ ဘဏ္လုပ္ငန္းမ်ား ေဆာင္႐ြက္ေနျခင္းျဖစ္သည့္အတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က လိုအပ္သလို အခါအားေလ်ာ္စြာ ၫႊန္ၾကားလာ သည့္ ၂ဝ၁၄ ခုႏွစ္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒႏွင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ AML/CTF မ်ားအပါအဝင္ အမိန႔္ထုတ္ျပန္ခ်က္မ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ား၊ ၫႊန္ၾကားခ်က္မ်ားကို အျပည့္အဝ လိုက္နာက်င့္သုံးရေၾကာင္းလည္း အသိေပးထားသည္။

ထို႔ေၾကာင့္ ေငြေရးေၾကးေရးက႑ ႀကီးၾကပ္ေရးအဖြဲ႕အစည္း၏ ၫႊန္ၾကားခ်က္အရ KBZPay အေကာင့္အခ်ိဳ႕အား ယာယီအသုံးျပဳခြင့္ တားျမစ္ထားမႈအေပၚ အဆင္မေျပမႈမ်ားႏွင့္ စိုးရိမ္မႈမ်ားရွိေနသည္ကို ၾကားသိရၿပီး ယခုအေျခအေနတြင္ သုံးစြဲသူမ်ားအ တြက္ အဆင္မေျပမႈမ်ားျဖစ္ေပၚခဲ့ရသည့္အေပၚ အႏူးအၫြတ္ေတာင္းပန္ေၾကာင္း လည္း KBZ ဘက္က အသိေပးထားသည္။

Picture

mr mtt

13/03/2024 00:29

မင်္ဂလာပါ NP News ခင်ဗျာ ကျွန်တော်. KPay Account ယာယီ အပိတ်ခံရသဖြင်. ဖေါ်ပြထားသော [email protected] သို. လိပ်မူပြီးစာပို.သော်လည်း Your message wasn't delivered to [email protected] because the address couldn't be found, or is unable to receive mail. ဟုစာပြန်လာပါသည်။ ထို.အပြင် ဗဟို ဘဏ် ၏ web site တွင် ဆက်သွယ် ရန် email address မတွေ့ ရပါသဖြင်. မည်ကဲ.သို. အသနားခံ စာတင်ပြ ရမလဲဆိုတာ အကြံပေးပါ ရန် အကူအညီတောင်းခံအပ်ပါသည်။

Related news

© 2021. All rights reserved.