ကော့မှူးမြို့နယ်ရှိ အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့်အဓမ္မလက်ထပ်စေပြီး ငွေကြေးများရယူခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်(၁၂)နှစ်ချမှတ်

 516

NP News - စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်စေပြီး ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သူအား အလုပ်နှင့် ထောင် ဒဏ်(၁၂)နှစ် ချမျတ်ခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

ယမန်နေ့(စက်တင်ဘာလ ၂၁ရက်)တွင် အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်နေ ကိုသာယာအောင်သည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့တွင်နေထိုင်သူ အသက်(၂၄)နှစ်အ ရွယ် အမျိုးသမီးအား တရုတ်နိုင်ငံရှိ မီးလုံးစက်ရုံတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး လစာ (၈)သိန်းခန့်ရရှိ၍ စားစရိတ်ငြိမ်းပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း နစကမှဆိုသည်။

သို့သော် ကိုသာယာအောင်သည် အဆိုပါအမျိုးသမီးအား တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

ထို့ကြောင့် ကိုသာယာအောင်အား ကမာရွတ်မြို့မရဲစခန်း(ပ) ၂၃၂၉/ ၂ဝ၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ပြီး အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း နစကမှဆိုထားသည်။

ထို့နောက် ယမန်နေ့(စက်တင်ဘာလ ၂၁ရက်)တွင် လူကုန်ကူးမှုတာဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ေကာ့မႉးၿမိဳ႕နယ္ရွိ အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္အမ်ိဳးသားႏွင့္အဓမၼလက္ထပ္ေစၿပီး ေငြေၾကးမ်ားရယူခဲ့သူအား အလုပ္ႏွင့္ေထာင္ဒဏ္(၁၂)ႏွစ္ခ်မွတ္
NP News - စက္တင္ဘာ ၂၂

ရန္ကုန္တိုင္းေဒသႀကီး၊ ေကာ့မႉးၿမိဳ႕နယ္ရွိ အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္အမ်ိဳးသားႏွင့္ အဓမၼလက္ထပ္ေစၿပီး ေငြေၾကးအက်ိဳးအျမတ္မ်ား ရယူခဲ့သူအား အလုပ္ႏွင့္ ေထာင္ ဒဏ္(၁၂)ႏွစ္ ခ်မ်တ္ခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

ယမန္ေန႔(စက္တင္ဘာလ ၂၁ရက္)တြင္ အထက္ပါကဲ့သို႔ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါက္ကံၿမိဳ႕သစ္ေန ကိုသာယာေအာင္သည္ ရန္ကုန္တိုင္း၊ ေကာ့မႉးၿမိဳ႕တြင္ေနထိုင္သူ အသက္(၂၄)ႏွစ္အ ႐ြယ္ အမ်ိဳးသမီးအား တ႐ုတ္ႏိုင္ငံရွိ မီးလုံးစက္႐ုံတြင္ အလုပ္လုပ္ရမည္ျဖစ္ၿပီး လစာ (၈)သိန္းခန႔္ရရွိ၍ စားစရိတ္ၿငိမ္းပို႔ေဆာင္ေပးမည္ဟု စည္း႐ုံးေျပာဆိုခဲ့ေၾကာင္း နစကမွဆိုသည္။

သို႔ေသာ္ ကိုသာယာေအာင္သည္ အဆိုပါအမ်ိဳးသမီးအား တ႐ုတ္မယားအျဖစ္ အဓမၼလက္ထပ္ေပါင္းသင္းေစၿပီး ေငြေၾကးအက်ိဳးအျမတ္မ်ား ေခါင္းပုံျဖတ္ရယူခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ကိုသာယာေအာင္အား ကမာ႐ြတ္ၿမိဳ႕မရဲစခန္း(ပ) ၂၃၂၉/ ၂ဝ၁၉၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄ ျဖင့္ အမႈဖြင့္ၿပီး အေနာက္ပိုင္းခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ေၾကာင္း နစကမွဆိုထားသည္။

ထို႔ေနာက္ ယမန္ေန႔(စက္တင္ဘာလ ၂၁ရက္)တြင္ လူကုန္ကူးမႈတာဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄ အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၂)ႏွစ္က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.