အာဆီယံအတွင်း ပဋိညာဉ်နှင့်ဆန့်ကျင်သည့် အပြုအမူမျိုး မလုပ်ဆောင်ကြရန် အလှည့်ကျဥက္ကဋ္ဌက တိုက်တွန်းသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက အသိပေးခဲ့

 794

ထွန်း အမ်တီ (NP News) - စက်တင်ဘာ ၂၂

အာဆီယံဒေသအတွင်း၌ အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားတွင် အာဆီယံ၏ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည့် ဆောင်ရွက်မှုမျိုးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ဒေသတွင်းသို့ ယူဆောင်လာခြင်းမပြုရန်အတွက် အလှည့်ကျဥက္ကဋ္ဌက တိုက်တွန်းတားမြစ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံက အသိပေးတင်ပြခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့အား နိုင်ငံ ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စက်တင်ဘာလ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံ ပဋိညာဉ်၌ အဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု နှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမရှိရန်နှင့် ပြည်ပမှဝင်ရောက်စွက်ဖက်မှု၊ ဖိအားအားပေးမှုများ ကင်းရှင်းရေးတို့ကို အတိအလင်း ထည့်သွင်းပြ ဋ္ဌာန်းထားသည်။

ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အ စည်းများအဖြစ် အတိအလင်းကြေငြာထားသည့် NUG ၊ CRPH နှင့် NUCC တို့နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံခဲ့သည့် ကိစ္စအပေါ် ကန့်ကွက်ကြောင်းကိုလည်း ပြောကြားခဲ့သည်ဟု သိရသည်။

၂ဝ၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းပြီးသည့်နောက် တစ်နှစ်ကျော်ကာလအတွင်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ဆက်တိုက်ဖိအားပေးမှုများရှိနေခဲ့ပြီး အချို့သောအဖွဲ့ဝင်နိုင်ငံများက ပိုမိုဆိုးရွားသည့် ဆက်ဆံမှုများကို လုပ်ဆောင်ခဲ့ကြသည်။

မလေးရှားနိုင်ငံအနေဖြင့် NUG ၊ CRPH အပေါ် သိသိသာသာ ထောက်ခံအားပေးမှုမျိုးကို မကြာခဏလုပ်ဆောင်တတ်ပြီး အကြမ်းဖက်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း အကြမ်းဖက်လုပ်ငန်းစဉ်များ ချိတ်ဆက်ဆောင်ရွက်မှုများကို စင်ကာပူနိုင်ငံအနေ ဖြင့် ၎င်း၏ မြေပေါ်တွင် လက်ခံကာ အရေးယူမှုများမပြုလုပ်ခဲ့ပေ။

မြန်မာနိုင်ငံအနေဖြင့်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရုရှား၊ တရုတ်ဦးဆောင်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းတွင် ဆွေးနွေးဖက်မိတ်ဖက်နိုင်ငံအဖြစ်သို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

zawgyi version
အာဆီယံအတြင္း ပဋိညာဥ္ႏွင့္ဆန႔္က်င္သည့္ အျပဳအမူမ်ိဳး မလုပ္ေဆာင္ၾကရန္ အလွည့္က်ဥကၠ႒က တိုက္ တြန္းသင့္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးက အသိေပးခဲ့
ထြန္း အမ္တီ (NP News) - စက္တင္ဘာ ၂၂

အာဆီယံေဒသအတြင္း၌ အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္းၾကားတြင္ အာဆီယံ၏ စည္းမ်ဥ္းမ်ားႏွင့္ ဆန႔္က်င္ေနသည့္ ေဆာင္႐ြက္မႈမ်ိဳးကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ မိမိတို႔ေဒသတြင္းသို႔ ယူေဆာင္လာျခင္းမျပဳရန္အတြက္ အလွည့္က်ဥကၠ႒က တိုက္တြန္းတားျမစ္ေဆာင္႐ြက္ေပးရန္ ျမန္မာႏိုင္ငံက အသိေပးတင္ျပခဲ့ေၾကာင္း သိရသည္။

ကေမာၻဒီးယား ႏိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဌာန၊ ဒုတိယဝန္ႀကီးႏွင့္ အာဆီယံဥကၠ႒၏ အထူးကိုယ္စားလွယ္႐ုံးအဖြဲ႕ေခါင္းေဆာင္ H.E. Dr. KUNG Phoak ဦးေဆာင္သည့္ ကေမာၻဒီးယားကိုယ္စားလွယ္အဖြဲ႕အား ႏိုင္ငံ ျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က စက္တင္ဘာလ ၂၁ ရက္က ေနျပည္ေတာ္ရွိ ႏိုင္ငံ ျခားေရးဝန္ႀကီးဌာန၌ လက္ခံေတြ႕ဆုံခဲ့စဥ္ အထက္ပါအတိုင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အာဆီယံ ပဋိညာဥ္၌ အဖြဲ႕ဝင္ႏိုင္ငံအားလုံး၏ လြတ္လပ္မႈ၊ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈ၊ တန္းတူရည္တူရွိမႈ ႏွင့္ အမ်ိဳးသားေရးလကၡဏာမ်ားကို ေလးစားလိုက္နာရန္၊ အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္းၾကား ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္မႈမရွိရန္ႏွင့္ ျပည္ပမွဝင္ေရာက္စြက္ဖက္မႈ၊ ဖိအားအားေပးမႈမ်ား ကင္းရွင္းေရးတို႔ကို အတိအလင္း ထည့္သြင္းျပ ႒ာန္းထားသည္။

ယင္းသို႔ ေတြ႕ဆုံရာတြင္ ႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံက အၾကမ္းဖက္အဖြဲ႕အ စည္းမ်ားအျဖစ္ အတိအလင္းေၾကျငာထားသည့္ NUG ၊ CRPH ႏွင့္ NUCC တို႔ႏွင့္ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက အေမရိကန္ျပည္ေထာင္စုတြင္ ေတြ႕ဆုံခဲ့သည့္ ကိစၥအေပၚ ကန႔္ကြက္ေၾကာင္းကိုလည္း ေျပာၾကားခဲ့သည္ဟု သိရသည္။

၂ဝ၂၁ ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္းၿပီးသည့္ေနာက္ တစ္ႏွစ္ေက်ာ္ကာလအတြင္း အာဆီယံအေနျဖင့္ ျမန္မာႏိုင္ငံကို ဆက္တိုက္ဖိအားေပးမႈမ်ားရွိေနခဲ့ၿပီး အခ်ိဳ႕ေသာအဖြဲ႕ဝင္ႏိုင္ငံမ်ားက ပိုမိုဆိုး႐ြားသည့္ ဆက္ဆံမႈမ်ားကို လုပ္ေဆာင္ခဲ့ၾကသည္။

မေလးရွားႏိုင္ငံအေနျဖင့္ NUG ၊ CRPH အေပၚ သိသိသာသာ ေထာက္ခံအားေပးမႈမ်ိဳးကို မၾကာခဏလုပ္ေဆာင္တတ္ၿပီး အၾကမ္းဖက္ကာကြယ္ေရးဆိုင္ရာ ကိစၥရပ္မ်ားတြင္လည္း အၾကမ္းဖက္လုပ္ငန္းစဥ္မ်ား ခ်ိတ္ဆက္ေဆာင္႐ြက္မႈမ်ားကို စင္ကာပူႏိုင္ငံအေန ျဖင့္ ၎၏ ေျမေပၚတြင္ လက္ခံကာ အေရးယူမႈမ်ားမျပဳလုပ္ခဲ့ေပ။

ျမန္မာႏိုင္ငံအေနျဖင့္လည္း ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ႐ုရွား၊ တ႐ုတ္ဦးေဆာင္သည့္ ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕အစည္းတြင္ ေဆြးေႏြးဖက္မိတ္ဖက္ႏိုင္ငံအျဖစ္သို႔ ဝင္ေရာက္ႏိုင္ခဲ့ၿပီျဖစ္သည္။

Picture

Ko Moe

22/09/2022 16:46

မလေးက စစ်ကို လိုလားနေတာလား မသိပါဘူး

Related news

© 2021. All rights reserved.