အလှမယ် Han lay ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရ

 1882

အိဖြူ (NP News) - စက်တင်ဘာ ၂၂

Miss Grand Myanmar 2020 အလှမယ် ဟန်လေး (ခေါ်) သော်နန္ဒာအောင်သည် ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံကူးလက်မှတ်အသိမ်းခံထားရကြောင်း သတင်းရရှိသည်။

အလှမယ်ဟန်လေးသည် ဗီယက်နမ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ပြန်အဝင်တွင် ယခုကဲ့သို့ ဖမ်း ဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး သူမသည် အင်တာပို၏စာရင်းတွင် ပါဝင်နေသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့မှ ဘန်ကောက်လေဆိပ်တွင် စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူမသည် စက်တင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က ဗီယက်နမ်နိုင်ငံသို့ ဗီဇာကိစ္စဖြင့် သွား ရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းလေဆိပ်သို့ပြန်အဝင်တွင် ထိုင်းရဲများမှ ဖမ်းဆီခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ဘန်ကောက်လေဆိပ် ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံထားရကြောင်း အ လှမယ်ဟန်လေးကိုယ်တိုင်မှ ထိုင်းမီဒီယာများသို့ ပြောကြားခဲ့ကြောင်း သတင်းများအရ သိရသည်။

အလှမယ်ဟန်လေးက “မနေ့က ညက လေဆိပ်လူဝင်မှုကြီးကြပ်ရေးအချုပ်မှာ ထိန်း သိမ်းခံခဲ့ရပြီး ဒီနေ့ စက်တင်ဘာလ ၂၂ ရက် မနက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံကိုပြန်ဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း မရခဲ့တာကြောင့် UNHCR ထံသို့ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့ပါတယ်။ UNHCR က လေယာဥ်ပေါ်မတက်ဖို့နဲ့ ဗီယက်နမ်ကိုပြန်ရင် မြန် မာနိုင်ငံသို့ ပြန်ပို့ခြင်းခံရနိုင်တယ်” ဟု ပြောခဲ့ကြောင်း ဆိုသည်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး (ခေါ်) သော်နန္ဒာအောင်သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာရယူပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ရေးနှင့် စစ်တပ်အား တော်လှန်ရေးလုပ်ငန်းစဥ်များတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ Miss Grand Internationl 2020 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံတကာစင်မြင့်ထက်မှတဆင့် မြန်မာ့စစ်တပ်၏လုပ်ရပ်များနှင့် စစ်အာဏာရှင် စနစ်အား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးဖြစ်သည်။

ထို့နောက် သူမသည် မြန်မာနိုင်ငံသို့ ပြန်လာခြင်းမရှိတော့ဘဲ ထိုင်းနိုင်ငံတွင် အခြေချနေထိုင်ကာ အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ကာ ထိုင်းနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံ၍ နေထိုင်ခဲ့သည်။

လက်ရှိတွင် အလှမယ်ဟန်လေး၏ပတ်စပို့သည် ပျောက်ဆုံးစာရင်း၌ ပါဝင်နေကြောင်းသိရကာ မြန်မာနိုင်ငံမှ ပြစ်မှုကျူးလွန်ထားသူစာရင်းထဲတွင် ထည့်သွင်းခြင်းခံထားရသဖြင့် ဖမ်းဆီးထိန်းသိမ်းပေးရန် မြန်မာအစိုးရဘက်မှ ဗီယက်နမ်အစိုးရထံသို့ အကြောင်း ကြားခဲ့ပုံရကြောင်း ဟန်လေးကိုယ်တိုင်က ဖွင့်ဟပြောခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

လက်ရှိတွင် ဟန်လေးသည် ထိုင်းနိုင်ငံသို့လည်း ဝင်ရောက်၍ မရသကဲ့သို့ ဗီယက်နမ်နိုင်ငံသို့ ပြန်ဝင်ပါကလည်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရမည်ကို စိုးရိမ်သဖြင့် UNHCR ၏ အကူအညီကိုစောင့်ဆိုင်းနေရကြောင်း သိရသည်။

Zawgyi Version;
အလွမယ္ Han lay ထိုင္းႏိုင္ငံ ဘန္ေကာက္ေလဆိပ္တြင္ ဖမ္းဆီးထိန္းသိမ္းခံရ
အိျဖဴ (NP News) - စက္တင္ဘာ ၂၂

Miss Grand Myanmar 2020 အလွမယ္ ဟန္ေလး (ေခၚ) ေသာ္နႏၵာေအာင္သည္ ထိုင္းႏိုင္ငံ ဘန္ေကာက္ေလဆိပ္တြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ႏိုင္ငံကူးလက္မွတ္အသိမ္းခံထားရေၾကာင္း သတင္းရရွိသည္။

အလွမယ္ဟန္ေလးသည္ ဗီယက္နမ္ႏိုင္ငံမွ ထိုင္းႏိုင္ငံသို႔ျပန္အဝင္တြင္ ယခုကဲ့သို႔ ဖမ္း ဆီးထိန္းသိမ္းခံခဲ့ရျခင္းျဖစ္ၿပီး သူမသည္ အင္တာပို၏စာရင္းတြင္ ပါဝင္ေနသည္ဟုဆိုကာ ထိုင္းရဲတပ္ဖြဲ႕မွ ဘန္ေကာက္ေလဆိပ္တြင္ ေစာင့္ဆိုင္း၍ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သူမသည္ စက္တင္ဘာလ ၂၁ ရက္၊ ဗုဒၶဟူးေန႔က ဗီယက္နမ္ႏိုင္ငံသို႔ ဗီဇာကိစၥျဖင့္ သြား ေရာက္ခဲ့ျခင္းျဖစ္ၿပီး ထိုင္းေလဆိပ္သို႔ျပန္အဝင္တြင္ ထိုင္းရဲမ်ားမွ ဖမ္းဆီခဲ့ျခင္းျဖစ္ကာ လက္ရွိတြင္ ဘန္ေကာက္ေလဆိပ္ ထိန္းသိမ္းေရးစခန္း၌ ထိန္းသိမ္းခံထားရေၾကာင္း အ လွမယ္ဟန္ေလးကိုယ္တိုင္မွ ထိုင္းမီဒီယာမ်ားသို႔ ေျပာၾကားခဲ့ေၾကာင္း သတင္းမ်ားအရ သိရသည္။

အလွမယ္ဟန္ေလးက “မေန႔က ညက ေလဆိပ္လူဝင္မႈႀကီးၾကပ္ေရးအခ်ဳပ္မွာ ထိန္း သိမ္းခံခဲ့ရၿပီး ဒီေန႔ စက္တင္ဘာလ ၂၂ ရက္ မနက္ပိုင္းမွာ ဗီယက္နမ္ႏိုင္ငံကိုျပန္ဖို႔ လုပ္ေဆာင္ခဲ့ေပမယ့္လည္း မရခဲ့တာေၾကာင့္ UNHCR ထံသို႔ဆက္သြယ္ကာ အကူအညီေတာင္းခံခဲ့ပါတယ္။ UNHCR က ေလယာဥ္ေပၚမတက္ဖို႔နဲ႔ ဗီယက္နမ္ကိုျပန္ရင္ ျမန္ မာႏိုင္ငံသို႔ ျပန္ပို႔ျခင္းခံရႏိုင္တယ္” ဟု ေျပာခဲ့ေၾကာင္း ဆိုသည္။

Miss Grand Myanmar 2020 အလွမယ္ ဟန္ေလး (ေခၚ) ေသာ္နႏၵာေအာင္သည္ ျမန္မာႏိုင္ငံတြင္ စစ္တပ္အာဏာရယူၿပီးေနာက္ပိုင္း စစ္အာဏာရွင္စနစ္အား ဆန႔္က်င္ေရးႏွင့္ စစ္တပ္အား ေတာ္လွန္ေရးလုပ္ငန္းစဥ္မ်ားတြင္ ကိုယ္တိုင္ပါဝင္ခဲ့သူတစ္ဦးျဖစ္ၿပီး၊ Miss Grand Internationl 2020 ၿပိဳင္ပြဲတြင္ ျမန္မာကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ႏိုင္ငံတကာစင္ျမင့္ထက္မွတဆင့္ ျမန္မာ့စစ္တပ္၏လုပ္ရပ္မ်ားႏွင့္ စစ္အာဏာရွင္ စနစ္အား ဆန႔္က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့သူတစ္ဦးျဖစ္သည္။

ထို႔ေနာက္ သူမသည္ ျမန္မာႏိုင္ငံသို႔ ျပန္လာျခင္းမရွိေတာ့ဘဲ ထိုင္းႏိုင္ငံတြင္ အေျခခ်ေနထိုင္ကာ အႏုပညာလုပ္ငန္းမ်ားကို ဆက္လက္လုပ္ကိုင္ကာ ထိုင္းႏိုင္ငံတြင္ ခိုလႈံခြင့္ေတာင္းခံ၍ ေနထိုင္ခဲ့သည္။

လက္ရွိတြင္ အလွမယ္ဟန္ေလး၏ပတ္စပို႔သည္ ေပ်ာက္ဆုံးစာရင္း၌ ပါဝင္ေနေၾကာင္းသိရကာ ျမန္မာႏိုင္ငံမွ ျပစ္မႈက်ဴးလြန္ထားသူစာရင္းထဲတြင္ ထည့္သြင္းျခင္းခံထားရသျဖင့္ ဖမ္းဆီးထိန္းသိမ္းေပးရန္ ျမန္မာအစိုးရဘက္မွ ဗီယက္နမ္အစိုးရထံသို႔ အေၾကာင္း ၾကားခဲ့ပုံရေၾကာင္း ဟန္ေလးကိုယ္တိုင္က ဖြင့္ဟေျပာခဲ့သည္ဟု မီဒီယာမ်ားတြင္ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။

လက္ရွိတြင္ ဟန္ေလးသည္ ထိုင္းႏိုင္ငံသို႔လည္း ဝင္ေရာက္၍ မရသကဲ့သို႔ ဗီယက္နမ္ႏိုင္ငံသို႔ ျပန္ဝင္ပါကလည္း ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ျခင္းခံရမည္ကို စိုးရိမ္သျဖင့္ UNHCR ၏ အကူအညီကိုေစာင့္ဆိုင္းေနရေၾကာင္း သိရသည္။

Picture

Ma Sue

22/09/2022 12:32

နစက ကြမ်းနေပြီ

Picture

Htun Aung Kyaw

22/09/2022 14:40

အရင်ကတည်းက ဒါမျိုးနိုင်ငံဖြတ်ကျော် တရားခံတွေကို ထောင့်စေ့နေအောင်လုပ်ရမှာ နစကဘက်က၊ ဒါနဲ့ ဒီကိစ္စက ဟို Arms trader နဲ့များ သက်ဆိုင်လေမလား🤔။

Related news

© 2021. All rights reserved.