နီပေါတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေကြမ်းကို လက်မှတ်ရေးထိုးရန် သမ္မတက ငြင်းပယ်

937

Htay Oung (NP News) - စက်တင်ဘာ ၂၂
နီပေါလွှတ်တော်က အဆိုပြုထားတဲ့ ပြင်ဆင်ချက်ကို သမ္မတဖြစ်သူ ဘေဒယာဒေဝီ ဘန်ဒရီက လက်မှတ်ရေးထိုးရန် ငြင်းဆိုပြီးနောက် အငြင်းပွားဖွယ် နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး ခတ္တမန်ဒူအစိုးရနဲ့ နိုင်ငံ့ခေါင်းဆောင်တို့ ထိပ်တိုက်တွေ့ကြရာမှ ဗုဒ္ဓဟူး နေ့(စက်တင်ဘာလ ၂၁ ရက်)မှာ နိုင်ငံအတွင်း မငြိမ်မသက်ဖြစ်ရတဲ့ အခြေအနေကို ဆိုက်ရောက်လာခဲ့တယ်လို့ Reuters က စက်တင်ဘာလ ၂၁ ရက်ကရေးသားပါတယ်။
ဥပဒေကြမ်းမှာ နေရပ်လိပ်စာမသိ မိဘတို့ရဲ့ ကလေးများကို နိုင်ငံသားဖြစ်ခွင့် လက် မှတ်ထုတ်ပေးဖို့ အဆိုပြုထားပါတယ်။ ပြင်ဆင်ချက်အနေနဲ့ နီပေါမိခင်မှမွေးဖွားသော် လည်း ဖခင်အမည်မသိ ကလေးများကို မိခင်ဖြစ်သူက ကျမ်းကျိန်လွှာ တင်သွင်းပြီးနောက် နိုင်ငံသားဖြစ်ခွင့် စာရွက်စာတမ်းများ ရရှိစေမှာ ဖြစ်ပါတယ်။
အသက် ၁၆-နှစ်အရွယ်ရှိသူကို နီပေါနိုင်ငံသားဖြစ်ခွင့်ပြုကြောင်း အဲ့ဒီအက်ဥပဒေပြင် ဆင်ချက်ကို နိုင်ငံတော်အကြီးအကဲအဖြစ် အတည်ပြုရန် သမ္မတ ဘန်ဒရီအတွက် နောက်ဆုံးရက်ဟာ ၂ဝ၁၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စက်တင်ဘာလ ၂ဝ ရက် သန်းခေါင်ယံအချိန်မှာ သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
သမ္မတကြီးရဲ့စိုးရိမ်မှုတွေကို အစိုးရနဲ့ လွှတ်တော်က ဖြေရှင်းပေးခြင်း မရှိတဲ့အတွက် ဒီဥပဒေကြမ်းကို အတည်ပြုဖို့ ငြင်းဆိုလိုက်ပါတယ်လို့ အသေးစိတ်အချက်အလက်များ ဖော်ပြခြင်းမရှိဘဲ ဘန်ဒရီရဲ့ လက်ထောက်တစ်ဦး က Reuters ကို ပြောပြပါတယ်။
သမ္မတအနေနဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပါလီမန်မှာ မဲအများစုဖြင့် နှစ်ကြိမ်အတည်ပြုဖို့ လိုအပ်တယ်လို့ ဥပဒေကျွမ်းကျင်သူများက ရှင်းပြပါတယ်။
အဲ့ဒီလို လက်မှတ်မထိုးဘဲ နေခြင်းဟာ အခမ်းအနားလုပ်ထုံးလုပ်နည်းအရ နိုင်ငံတော်အကြီးအကဲတစ်ဦးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအေပေါ် ပြင်းထန်စွာချိုးဖောက်ရာ ရောက်ရှိနေတယ်လို့ နီပေါတရားရုံးချုပ် အငြိမ်းစား တရားသူကြီးတစ်ဦးက ဝေဖန်ပါတယ်။ ဘန်ဒရီဟာ သမ္မတရာထူးမှ နုတ်ထွက်သင့် ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို တရားရုံးချုပ်မှာ တရားစွဲဆို သင့်တယ်လို့လည်း ပြောပါတယ်။
အာဏာရ မဟာမိတ်အဖွဲ့ထိပ်တန်းခေါင်းဆောင်တွေအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး နိုဝင်ဘာလ ၂ဝ ရက်မှာ အခြေအနေကို ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ကြောင်း ဝန် ကြီးချုပ် ရှားဗဟာဒူးဒီအူးဘာရဲ့ လက်ထောက်ဖြစ်သူများက ပြောပြပါတယ်။
ဒါ့ပြင် တည်ဆဲနိုင်ငံသားဖြစ်ခွင့် ပြဋ္ဌာန်းချက်များအရ နီပေါအမျိုးသားနဲ့ လက်ထပ်ထားတဲ့ နိုင်ငံခြားအမျိုးသမီးတစ်ဦးဟာ သု့ရဲ့ အိမ်ထောင်ရေး အထောက်အထားတွေကို ပြ သပြီး နိုင်ငံခြားသားအဖြစ်မှ စွန့်လွှတ်ခဲ့ရင် နီပေါနိုင်ငံသား လက်မှတ်ရရှိခွင့်ရရှိရေးကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။
နှစ်ပေါင်း ၂၄ဝ ကြာမြင့်ခဲ့တဲ့ ဘုရင်စနစ်ကို ပယ်ဖျက်ပြီး နီပေါနိုင်ငံဟာ ၂ဝဝ၈ ခုနှစ်မှာ “ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ”ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံထက် ၄.၆ ဆ ပိုမို ငယ်ရွယ်တဲ့ ကုန်းတွင်းပိတ်နိုင်ငံမှာ ဟိန္ဒူဘာသာဝင် ၈၁ ရာခိုင်နှုန်းပါဝင်တဲ့ လူဦး ရေ သန်း ၃ဝ ကျော် နေထိုင်ပါတယ်။ ဘာလီ-ဂျုံ-ကြံ-ဆေးရွက်ကြီး၊ ဂုံလျှော် စိုက်ပျိုးခြင်းတို့အပြင် ခရီးသွားလုပ်ငန်းမှ အဓိကဝင်ငွေရရှိပြီး ကမ္ဘာ့ ဂျီဒီပီတိုးတက်မှု အလျင်မြန်ဆုံး တိုင်းပြည်များမှာ ပါဝင်ပါတယ်။
ဖက်ဒရယ် ပါတီစုံ နိုင်ငံရေးစနစ် ကျင့်သုံးပြီး အဓိက နိုင်ငံရေးအုပ်စုများဖြစ်တဲ့ “နီပေါ ကွန်မြူနစ်ပါတီ”၊ “နေပါလီ ကွန်ဂရက်ပါတီ” နှစ်ခုအပြင် အခြားပါတီများမှ ရွေး ကောက်ခံကိုယ်စားလှယ်များ ပါဝင်တဲ့ ဖက်ဒရယ် လွှတ်တော်တည်ရှိပါတယ်။
ယခုကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်မှာ နီပေါနိုင်ငံသားဖြစ်ခွင့် ရရှိဖို့ (၇)နှစ် စောင့် ဆိုင်းရမယ်လို့ ပြဋ္ဌာန်းချက် ပါဝင်ကြောင်း အဓိက အတိုက်အခံဖြစ်တဲ့ စည်းလုံးညီညွတ်သော မာ့က်စ် လီနင်ဝါဒ (UML) ကွန်မြူနစ်ပါတီ အကြီးတန်း ခေါင်းဆောင် ဆူယာသာပါက ပြောပါတယ်။

zawgyi version
နီေပါတြင္ ႏိုင္ငံသားျဖစ္ခြင့္ဥပေဒၾကမ္းကို လက္မွတ္ေရးထိုးရန္ သမၼတက ျငင္းပယ္
Htay Oung (NP News) - စက္တင္ဘာ ၂၂
နီေပါလႊတ္ေတာ္က အဆိုျပဳထားတဲ့ ျပင္ဆင္ခ်က္ကို သမၼတျဖစ္သူ ေဘဒယာေဒဝီ ဘန္ဒရီက လက္မွတ္ေရးထိုးရန္ ျငင္းဆိုၿပီးေနာက္ အျငင္းပြားဖြယ္ ႏိုင္ငံသားျဖစ္ခြင့္ဥပေဒနဲ႔ ပတ္သက္ၿပီး ခတၱမန္ဒူအစိုးရနဲ႔ ႏိုင္ငံ့ေခါင္းေဆာင္တို႔ ထိပ္တိုက္ေတြ႕ၾကရာမွ ဗုဒၶဟူး ေန႔(စက္တင္ဘာလ ၂၁ ရက္)မွာ ႏိုင္ငံအတြင္း မၿငိမ္မသက္ျဖစ္ရတဲ့ အေျခအေနကို ဆိုက္ေရာက္လာခဲ့တယ္လို႔ Reuters က စက္တင္ဘာလ ၂၁ ရက္ကေရးသားပါတယ္။
ဥပေဒၾကမ္းမွာ ေနရပ္လိပ္စာမသိ မိဘတို႔ရဲ႕ ကေလးမ်ားကို ႏိုင္ငံသားျဖစ္ခြင့္ လက္ မွတ္ထုတ္ေပးဖို႔ အဆိုျပဳထားပါတယ္။ ျပင္ဆင္ခ်က္အေနနဲ႔ နီေပါမိခင္မွေမြးဖြားေသာ္ လည္း ဖခင္အမည္မသိ ကေလးမ်ားကို မိခင္ျဖစ္သူက က်မ္းက်ိန္လႊာ တင္သြင္းၿပီးေနာက္ ႏိုင္ငံသားျဖစ္ခြင့္ စာ႐ြက္စာတမ္းမ်ား ရရွိေစမွာ ျဖစ္ပါတယ္။
အသက္ ၁၆-ႏွစ္အ႐ြယ္ရွိသူကို နီေပါႏိုင္ငံသားျဖစ္ခြင့္ျပဳေၾကာင္း အဲ့ဒီအက္ဥပေဒျပင္ ဆင္ခ်က္ကို ႏိုင္ငံေတာ္အႀကီးအကဲအျဖစ္ အတည္ျပဳရန္ သမၼတ ဘန္ဒရီအတြက္ ေနာက္ဆုံးရက္ဟာ ၂ဝ၁၅ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရ စက္တင္ဘာလ ၂ဝ ရက္ သန္းေခါင္ယံအခ်ိန္မွာ သက္တမ္းကုန္ဆုံးသြားခဲ့ၿပီ ျဖစ္ပါတယ္။
သမၼတႀကီးရဲ႕စိုးရိမ္မႈေတြကို အစိုးရနဲ႔ လႊတ္ေတာ္က ေျဖရွင္းေပးျခင္း မရွိတဲ့အတြက္ ဒီဥပေဒၾကမ္းကို အတည္ျပဳဖို႔ ျငင္းဆိုလိုက္ပါတယ္လို႔ အေသးစိတ္အခ်က္အလက္မ်ား ေဖာ္ျပျခင္းမရွိဘဲ ဘန္ဒရီရဲ႕ လက္ေထာက္တစ္ဦး က Reuters ကို ေျပာျပပါတယ္။
သမၼတအေနနဲ႔ ဥပေဒၾကမ္းကို အတည္ျပဳဖို႔အတြက္ ပါလီမန္မွာ မဲအမ်ားစုျဖင့္ ႏွစ္ႀကိမ္အတည္ျပဳဖို႔ လိုအပ္တယ္လို႔ ဥပေဒကြၽမ္းက်င္သူမ်ားက ရွင္းျပပါတယ္။
အဲ့ဒီလို လက္မွတ္မထိုးဘဲ ေနျခင္းဟာ အခမ္းအနားလုပ္ထုံးလုပ္နည္းအရ ႏိုင္ငံေတာ္အႀကီးအကဲတစ္ဦးရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒေအေပၚ ျပင္းထန္စြာခ်ိဳးေဖာက္ရာ ေရာက္ရွိေနတယ္လို႔ နီေပါတရား႐ုံးခ်ဳပ္ အၿငိမ္းစား တရားသူႀကီးတစ္ဦးက ေဝဖန္ပါတယ္။ ဘန္ဒရီဟာ သမၼတရာထူးမွ ႏုတ္ထြက္သင့္ ဒါမွမဟုတ္ တစ္ေယာက္ေယာက္က သူ႔ကို တရား႐ုံးခ်ဳပ္မွာ တရားစြဲဆို သင့္တယ္လို႔လည္း ေျပာပါတယ္။
အာဏာရ မဟာမိတ္အဖြဲ႕ထိပ္တန္းေခါင္းေဆာင္ေတြအေနနဲ႔ ဗုဒၶဟူးေန႔မွာ ေတြ႕ဆုံၿပီး ႏိုဝင္ဘာလ ၂ဝ ရက္မွာ အေျခအေနကို ေဆြးေႏြးဆုံးျဖတ္ၾကမွာျဖစ္ေၾကာင္း ဝန္ ႀကီးခ်ဳပ္ ရွားဗဟာဒူးဒီအူးဘာရဲ႕ လက္ေထာက္ျဖစ္သူမ်ားက ေျပာျပပါတယ္။
ဒါ့ျပင္ တည္ဆဲႏိုင္ငံသားျဖစ္ခြင့္ ျပ႒ာန္းခ်က္မ်ားအရ နီေပါအမ်ိဳးသားနဲ႔ လက္ထပ္ထားတဲ့ ႏိုင္ငံျခားအမ်ိဳးသမီးတစ္ဦးဟာ သု႔ရဲ႕ အိမ္ေထာင္ေရး အေထာက္အထားေတြကို ျပ သၿပီး ႏိုင္ငံျခားသားအျဖစ္မွ စြန႔္လႊတ္ခဲ့ရင္ နီေပါႏိုင္ငံသား လက္မွတ္ရရွိခြင့္ရရွိေရးကိုလည္း စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။
ႏွစ္ေပါင္း ၂၄ဝ ၾကာျမင့္ခဲ့တဲ့ ဘုရင္စနစ္ကို ပယ္ဖ်က္ၿပီး နီေပါႏိုင္ငံဟာ ၂ဝဝ၈ ခုႏွစ္မွာ “ဖက္ဒရယ္ ဒီမိုကရက္တစ္ သမၼတႏိုင္ငံ”ျဖစ္လာခဲ့ပါတယ္။ ျမန္မာႏိုင္ငံထက္ ၄.၆ ဆ ပိုမို ငယ္႐ြယ္တဲ့ ကုန္းတြင္းပိတ္ႏိုင္ငံမွာ ဟိႏၵဴဘာသာဝင္ ၈၁ ရာခိုင္ႏႈန္းပါဝင္တဲ့ လူဦး ေရ သန္း ၃ဝ ေက်ာ္ ေနထိုင္ပါတယ္။ ဘာလီ-ဂ်ဳံ-ႀကံ-ေဆး႐ြက္ႀကီး၊ ဂုံေလွ်ာ္ စိုက္ပ်ိဳးျခင္းတို႔အျပင္ ခရီးသြားလုပ္ငန္းမွ အဓိကဝင္ေငြရရွိၿပီး ကမာၻ႔ ဂ်ီဒီပီတိုးတက္မႈ အလ်င္ျမန္ဆုံး တိုင္းျပည္မ်ားမွာ ပါဝင္ပါတယ္။
ဖက္ဒရယ္ ပါတီစုံ ႏိုင္ငံေရးစနစ္ က်င့္သုံးၿပီး အဓိက ႏိုင္ငံေရးအုပ္စုမ်ားျဖစ္တဲ့ “နီေပါ ကြန္ျမဴနစ္ပါတီ”၊ “ေနပါလီ ကြန္ဂရက္ပါတီ” ႏွစ္ခုအျပင္ အျခားပါတီမ်ားမွ ေ႐ြး ေကာက္ခံကိုယ္စားလွယ္မ်ား ပါဝင္တဲ့ ဖက္ဒရယ္ လႊတ္ေတာ္တည္ရွိပါတယ္။
ယခုကိစၥနဲ႔ ပတ္သက္ၿပီး ျပင္ဆင္ခ်က္မွာ နီေပါႏိုင္ငံသားျဖစ္ခြင့္ ရရွိဖို႔ (၇)ႏွစ္ ေစာင့္ ဆိုင္းရမယ္လို႔ ျပ႒ာန္းခ်က္ ပါဝင္ေၾကာင္း အဓိက အတိုက္အခံျဖစ္တဲ့ စည္းလုံးညီၫြတ္ေသာ မာ့က္စ္ လီနင္ဝါဒ (UML) ကြန္ျမဴနစ္ပါတီ အႀကီးတန္း ေခါင္းေဆာင္ ဆူယာသာပါက ေျပာပါတယ္။