မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များထံပေးပို့မည့် ကျည်ဆံများအပါအဝင်ပစ္စည်းအချို့ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဖမ်းဆီး

 2451

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂

အိန္ဒိယနိုင်ငံ အာသံပြည်နယ် လုံခြုံရေးတပ်ဖွဲ့သည် မြန်မာနိုင်ငံသား (၅)ဦးအပါအဝင် (၇) ဦးကို စက်တင်ဘာလ ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အိန္ဒိယသတင်းများကဖော်ပြထားသည်။

၎င်းတို့သည် မြန်မာနိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များအတွက် ပေါက်ကွဲစေသည့် ပစ္စည်းများ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိ ယ လုံခြုံရေးတပ်ဖွဲ့က ဆိုသည်။ ရရှိထားသည့်သတင်းအချက်များကို အခြေခံပြီး အာသံ လုံခြုံရေးတပ်ဖွဲ့ နှင့် Siaha ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဖမ်ဆီးနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကာ Niawthlang ရွာအနီးတွင် ကားနှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ချိန်၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

Siaha ဒေသသည် မြန်မာနိုင်ငံရှိ ချင်းပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေရာ ၎င်းတို့ထံမှ လေသေနတ်များ၊ ကျည်ဆံများ၊ ရေဒီယိုဆက်သွယ်ရေးစက်များ၊ လက်အိတ်များ၊ ယူနီဖောင်းများ၊ ဖိနပ်များနှင့်အတူ အိန္ဒိယရူပီး (၁ ဒသမ ၅)သန်းကျော်ဖမ်းမိခဲ့ကြောင်း အာသံပြည်နယ်လုံခြုံရေးတပ်ဖွဲ့က ဆိုသည်။

အာသံပြည်နယ်လုံခြုံရေးတပ်ဖွဲ့က "သိမ်းဆည်းရမိတဲ့ပစ္စည်းတွေဟာ မြန်မာနိုင်ငံအ ခြေစိုက်လက်နက်ကိုင်အဖွဲ့များအတွက်ပေးပို့မယ့် ပစ္စည်းတွေဖြစ်တယ်ဆိုတာကို ငြင်းဆန်လို့မရဘူး"ဟုဆိုသည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များထံပေးပို့မည့် ပေါက်ကွဲစေသည့်ပစ္စည်းများ ဖမ်း ဆီးရမိမှုသည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် သဟဇာတ ဖြစ်ရေးအတွက် အဓိကအရေးပါသည့် လုပ်ရပ်ဖြစ်စေခဲ့ကြောင်း အာသံပြည်နယ်လုံခြုံ ရေးတပ်ဖွဲ့က ဆိုသည်။ အာသံပြည်နယ်လုံခြုံရေးတပ်ဖွဲ့သည် ဖမ်းဆီးရမိသူ ၇ ဦးကို စုံ စမ်းစစ်ဆေးမှုများထပ်မံလုပ်ဆောင်နိုင်ရန်အတွက် Siaha ရဲတပ်ဖွဲ့ထံ ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။

အိန္ဒိယ လုံခြုံရေးအဖွဲ့သည် မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များထံ လက်နက်များ၊ ပေါက်ကွဲစေသည့် ပစ္စည်းများ မှောင်ခိုတင်ပို့ရန် ကြိုးပမ်းသူများကို နယ်စပ်ဒေသ၌ မကြာခဏ ဖမ်းဆီးရမိလျက်ရှိနေကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕မ်ားထံေပးပို႔မည့္ က်ည္ဆံမ်ားအပါအဝင္ပစၥည္းအခ်ိဳ႕ကို အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ဖမ္းဆီး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂

အိႏၵိယႏိုင္ငံ အာသံျပည္နယ္ လုံၿခဳံေရးတပ္ဖြဲ႕သည္ ျမန္မာႏိုင္ငံသား (၅)ဦးအပါအဝင္ (၇) ဦးကို စက္တင္ဘာလ ၂၁ ရက္က ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း အိႏၵိယသတင္းမ်ားကေဖာ္ျပထားသည္။

၎တို႔သည္ ျမန္မာႏိုင္ငံရွိ လုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္ တိုက္ခိုက္ေနသည့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားအတြက္ ေပါက္ကြဲေစသည့္ ပစၥည္းမ်ား ယူေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း အိႏၵိ ယ လုံၿခဳံေရးတပ္ဖြဲ႕က ဆိုသည္။ ရရွိထားသည့္သတင္းအခ်က္မ်ားကို အေျခခံၿပီး အာသံ လုံၿခဳံေရးတပ္ဖြဲ႕ ႏွင့္ Siaha ရဲတပ္ဖြဲ႕တို႔ပူးေပါင္းၿပီး ဖမ္ဆီးႏိုင္ရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ၿပီး Niawthlang ႐ြာအနီးတြင္ ကားႏွစ္စီးကို ရပ္တန႔္စစ္ေဆးခဲ့ခ်ိန္၌ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။

Siaha ေဒသသည္ ျမန္မာႏိုင္ငံရွိ ခ်င္းျပည္နယ္ႏွင့္ နယ္နမိတ္ခ်င္းထိစပ္ေနရာ ၎တို႔ထံမွ ေလေသနတ္မ်ား၊ က်ည္ဆံမ်ား၊ ေရဒီယိုဆက္သြယ္ေရးစက္မ်ား၊ လက္အိတ္မ်ား၊ ယူနီေဖာင္းမ်ား၊ ဖိနပ္မ်ားႏွင့္အတူ အိႏၵိယ႐ူပီး (၁ ဒသမ ၅)သန္းေက်ာ္ဖမ္းမိခဲ့ေၾကာင္း အာသံျပည္နယ္လုံၿခဳံေရးတပ္ဖြဲ႕က ဆိုသည္။

အာသံျပည္နယ္လုံၿခဳံေရးတပ္ဖြဲ႕က "သိမ္းဆည္းရမိတဲ့ပစၥည္းေတြဟာ ျမန္မာႏိုင္ငံအ ေျခစိုက္လက္နက္ကိုင္အဖြဲ႕မ်ားအတြက္ေပးပို႔မယ့္ ပစၥည္းေတြျဖစ္တယ္ဆိုတာကို ျငင္းဆန္လို႔မရဘူး"ဟုဆိုသည္။

ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕မ်ားထံေပးပို႔မည့္ ေပါက္ကြဲေစသည့္ပစၥည္းမ်ား ဖမ္း ဆီးရမိမႈသည္ အိႏၵိယ-ျမန္မာနယ္စပ္ေဒသတစ္ေလွ်ာက္ ၿငိမ္းခ်မ္းေရးႏွင့္ သဟဇာတ ျဖစ္ေရးအတြက္ အဓိကအေရးပါသည့္ လုပ္ရပ္ျဖစ္ေစခဲ့ေၾကာင္း အာသံျပည္နယ္လုံၿခဳံ ေရးတပ္ဖြဲ႕က ဆိုသည္။ အာသံျပည္နယ္လုံၿခဳံေရးတပ္ဖြဲ႕သည္ ဖမ္းဆီးရမိသူ ၇ ဦးကို စုံ စမ္းစစ္ေဆးမႈမ်ားထပ္မံလုပ္ေဆာင္ႏိုင္ရန္အတြက္ Siaha ရဲတပ္ဖြဲ႕ထံ ေပးပို႔သြားမည္ျဖစ္ေၾကာင္းသိရသည္။

အိႏၵိယ လုံၿခဳံေရးအဖြဲ႕သည္ ျမန္မာႏိုင္ငံရွိလက္နက္ကိုင္အဖြဲ႕မ်ားထံ လက္နက္မ်ား၊ ေပါက္ကြဲေစသည့္ ပစၥည္းမ်ား ေမွာင္ခိုတင္ပို႔ရန္ ႀကိဳးပမ္းသူမ်ားကို နယ္စပ္ေဒသ၌ မၾကာခဏ ဖမ္းဆီးရမိလ်က္ရွိေနေၾကာင္းသိရသည္။

Picture

Nyanthar Oo

22/09/2022 15:53

that's good 👍

Picture

Ko Moe

22/09/2022 16:48

အိန္ဒိယမြန်မာအမြင်ကျယ်ကျယ်ပူးပေါင်းမှူ့က ဘာနဲ့ မတူပါဘူး ယဉ်ကျေးမှူ့ကို တန်ဖိုးထား နားလည်ပြီးသားဖြစ်ပါ၏။

Picture

Htun Aung Kyaw

22/09/2022 17:14

Good Job 👌

Picture

win myint soe

23/09/2022 07:07

အိမ်နီးချင်း ကောင်းပီသပါတယ်

Related news

© 2021. All rights reserved.