ထားဝယ်-မြိတ်ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဖောက်ခွဲခံရ၍ ယာဉ်မောင်းနှင့် ခရီးသည်တစ်ဦး ဒဏ်ရာရရှိခဲ့

 583

NP News - စက်တင်ဘာ ၂၂

ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဖောက်ခွဲခံရ၍ ယာဉ် မောင်းနှင့် ခရီးသည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂ဝရက်၊ နံနက် ၁ဝနာရီအချိန်ခန့်တွင် ထားဝယ်- မြိတ် ကားလမ်း မိုင်တိုင်အမှတ် ၁ဝ၂ နှင့် ၁ဝ၃ ကြားတွင် ဖြစ်ပွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှာ ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ယာဉ်မောင်းဦးအောင်ဌေး မောင်းနှင်ပြီး ကော့သောင်းမြို့မှ ခရီးသည် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း ခရီးသည်(၅)ဦး လိုက်ပါလာသည့် ယူတင်အိုအေစစ်အမည်ရှိ ခရီးသည်တင် Townace အမျိုးအစား ယာဉ်အား အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှုကြောင့် ယာဉ်အနည်းငယ်ထိခိုက် ပျက်စီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ဦးအောင်ဌေးနှင့် ခရီးသည် မခက်ခက်လှိုင်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထိုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်တွင် သွား လာနေသည့် ယာဉ်များအား အကြောင်းမဲ့ မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရက်များ ကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစကမှထုတ်ပြန်ထားသည်။

zawgyi version
ထားဝယ္-ၿမိတ္ကားလမ္းတြင္ ခရီးသည္တင္ယာဥ္တစ္စီး မိုင္းေဖာက္ခြဲခံရ၍ ယာဥ္ေမာင္းႏွင့္ ခရီးသည္တစ္ဦး ဒဏ္ရာရရွိခဲ့
NP News - စက္တင္ဘာ ၂၂

ထားဝယ္-ၿမိတ္ကားလမ္းေပၚတြင္ ခရီးသည္တင္ယာဥ္တစ္စီး မိုင္းေဖာက္ခြဲခံရ၍ ယာဥ္ ေမာင္းႏွင့္ ခရီးသည္တစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၂ဝရက္၊ နံနက္ ၁ဝနာရီအခ်ိန္ခန႔္တြင္ ထားဝယ္- ၿမိတ္ ကားလမ္း မိုင္တိုင္အမွတ္ ၁ဝ၂ ႏွင့္ ၁ဝ၃ ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္မွာ ေကာ့ေသာင္းၿမိဳ႕မွ ထားဝယ္ၿမိဳ႕သို႔ ယာဥ္ေမာင္းဦးေအာင္ေဌး ေမာင္းႏွင္ၿပီး ေကာ့ေသာင္းၿမိဳ႕မွ ခရီးသည္ အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး စုစုေပါင္း ခရီးသည္(၅)ဦး လိုက္ပါလာသည့္ ယူတင္အိုေအစစ္အမည္ရွိ ခရီးသည္တင္ Townace အမ်ိဳးအစား ယာဥ္အား အၾကမ္းဖက္သမားမ်ားက လက္လုပ္မိုင္းတစ္လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

အၾကမ္းဖက္သမားမ်ား၏ ေဖာက္ခြဲတိုက္ခိုက္ခဲ့ရမႈေၾကာင့္ ယာဥ္အနည္းငယ္ထိခိုက္ ပ်က္စီးခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူ ဦးေအာင္ေဌးႏွင့္ ခရီးသည္ မခက္ခက္လႈိင္တို႔တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ၿမိတ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထိုကဲ့သို႔ အမ်ားျပည္သူသြားလာအသုံးျပဳလ်က္ရွိသည့္ လမ္းမႀကီးမ်ားေပၚတြင္ သြား လာေနသည့္ ယာဥ္မ်ားအား အေၾကာင္းမဲ့ မိုင္းေဖာက္ခြဲတိုက္ခိုက္ခဲ့သည့္ အၾကမ္းဖက္မႈလုပ္ရက္မ်ား က်ဴးလြန္ခဲ့သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.