ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ကျန်းမာရေးအခြေအနေကြောင့် ဦးခင်ရီအား ခေတ္တပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးထား

 993

မျိုးကြီး (NP News) - စက်တင်ဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ကျန်းမာရေးအခြေအ နေကြောင့် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီအား ခေတ္တပါတီဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပေးထားကြောင်း သတင်းရရှိသည်။

နေပြည်တော်၌ စက်တင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်များအစည်းအဝေးတွင် ဦးသန်းဌေးက ဒုဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးသန်းဌေးသည် ကျန်းမာရေးအခြေအနေအရ ခွဲစိတ်ကုသမှုခံယူထားရပြီး ပါတီတာဝန်အရပ်ရပ်ကို အချိန်ပြည့်ထမ်းဆောင်နိုင်ခြင်းမရှိတော့သည့်အတွက် ပါတီဥက္ကဋ္ဌတာဝန်ကို ဦးခင်ရီထံ ခေတ္တတာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းပါပြဋ္ဌာန်းချက်များအရ ဥက္ကဋ္ဌ တာဝန်ကို ဦးခင်ရီထံ လွှဲပြောင်းပေးခြင်းလည်းဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမြင့်လှိုင်က ပြောဆိုထားသည်။

"ကျွန်တော်တို့ပါတီဥက္ကဋ္ဌကြီး ခါးဆစ်ခွဲစိတ်ကုသမှုခံယူထားရတဲ့အတွက် ၆ လခန့် အ နားယူဖို့ လိုအပ်တာမို့ ပါတီဥက္ကဋ္ဌရဲ့ တာဝန်အရပ်ရပ်ကို ဒုတိယဥက္ကဋ္ဌ (၂)အား လွှဲအပ် ပေးထားတယ်။ အဲဒီတော့ ဒုဥက္ကဋ္ဌ (၂) ဟာ လက်ရှိမှာ ခေတ္တဥက္ကဋ္ဌလို့ ပြောရမယ်" ဟု ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာ၌ အသိပေးပြောဆိုထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအသစ် ရွေးချယ်ရေးအတွက် လာမည့် အောက်တိုဘာလအတွင်းကျင်းပမည့် ပါတီညီလာခံတွင် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

zawgyi version
ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌး၏ က်န္းမာေရးအေျခအေနေၾကာင့္ ဦးခင္ရီအား ေခတၱပါတီဥကၠ႒အျဖစ္ တာဝန္ေပးထား
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၂

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးသည္ က်န္းမာေရးအေျခအ ေနေၾကာင့္ ဒုဥကၠ႒ျဖစ္သူ ဦးခင္ရီအား ေခတၱပါတီဥကၠ႒အျဖစ္ တာဝန္လႊဲေပးထားေၾကာင္း သတင္းရရွိသည္။

ေနျပည္ေတာ္၌ စက္တင္ဘာလ ၁၂ ရက္က ျပဳလုပ္ခဲ့ေသာ ျပည္ခိုင္ၿဖိဳးပါတီ၏ ဗဟိုအလုပ္အမႈေဆာင္မ်ားအစည္းအေဝးတြင္ ဦးသန္းေဌးက ဒုဥကၠ႒ျဖစ္သူ ဦးခင္ရီအား ပါတီဥကၠ႒အျဖစ္ တာဝန္ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးသန္းေဌးသည္ က်န္းမာေရးအေျခအေနအရ ခြဲစိတ္ကုသမႈခံယူထားရၿပီး ပါတီတာဝန္အရပ္ရပ္ကို အခ်ိန္ျပည့္ထမ္းေဆာင္ႏိုင္ျခင္းမရွိေတာ့သည့္အတြက္ ပါတီဥကၠ႒တာဝန္ကို ဦးခင္ရီထံ ေခတၱတာဝန္ေပးအပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္ခိုင္ၿဖိဳးပါတီ၏ ဖြဲ႕စည္းပုံစည္းမ်ဥ္းပါျပ႒ာန္းခ်က္မ်ားအရ ဥကၠ႒ တာဝန္ကို ဦးခင္ရီထံ လႊဲေျပာင္းေပးျခင္းလည္းျဖစ္ေၾကာင္း ျပည္ေထာင္စုနယ္ေျမျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ဦးျမင့္လႈိင္က ေျပာဆိုထားသည္။

"ကြၽန္ေတာ္တို႔ပါတီဥကၠ႒ႀကီး ခါးဆစ္ခြဲစိတ္ကုသမႈခံယူထားရတဲ့အတြက္ ၆ လခန႔္ အ နားယူဖို႔ လိုအပ္တာမို႔ ပါတီဥကၠ႒ရဲ႕ တာဝန္အရပ္ရပ္ကို ဒုတိယဥကၠ႒ (၂)အား လႊဲအပ္ ေပးထားတယ္။ အဲဒီေတာ့ ဒုဥကၠ႒ (၂) ဟာ လက္ရွိမွာ ေခတၱဥကၠ႒လို႔ ေျပာရမယ္" ဟု ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ဦးက လူမႈကြန္ရက္စာမ်က္ႏွာ၌ အသိေပးေျပာဆိုထားသည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒အသစ္ ေ႐ြးခ်ယ္ေရးအတြက္ လာမည့္ ေအာက္တိုဘာလအတြင္းက်င္းပမည့္ ပါတီညီလာခံတြင္ ေဆာင္႐ြက္သြားရန္ရွိေၾကာင္း သိရသည္။

Picture

Gni Ndhjs

23/09/2022 10:05

ကြ့ံဖွ့ံ မှာပြည်သူအကြိုက်လူဟောင်းမဟုတ်သောအရည်ချင်းရိှသောလူသစ်များနှင့်ခေါင်းဆောင်ပါမှအလားလာကောင်းမယ်ထင်ပါတယ်

Related news

© 2021. All rights reserved.