အကြမ်းဖက်လုပ်ရပ်များကြောင့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီးပါက အာမခံလျော်ကြေးရမည်မဟုတ်ကြောင်း MIA ထုတ်ပြန်

1007

ယွန်း (NP News) - စက်တင်ဘာ ၂၂
အကြမ်းဖက်လုပ်ရပ်များကြောင့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီးပါက အာမခံလျော် ကြေးရမည်မဟုတ်ကြောင်း MIA မှထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအာမခံအသင်း (Myanmar Insurance Association)မှ သြဂုတ်လ ၂၄ ရက်တွင်ပြုလုပ်ခဲ့သော အလုံးစုံအာမခံပေါ်လစီ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သည့် အထွေထွေအာမခံကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ စည်းမျဉ်းအသစ်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
War Risk စစ်ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သောထိခိုက်မှုများအား အာမခံလျော် ကြေးပေးမည်ဖြစ်သော်လည်း လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် အာမခံယာဉ်သည် သေနတ်ကျည်ဆံ၊ ဗုံးဆံ၊ မိုင်းစ စသည့်စစ်လက်နက် ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်(Terrorism Act) ကြောင့် ထိခိုက်ပျက်စီးမှုများအား အာမခံလျော်ကြေးပေးမည် မဟုတ်ကြောင်း MIA မှဆိုထားသည်။
ထို့ပြင် အခြားယာဉ်တစ်စီးနှင့် အာမခံထားသည့်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါက အဆိုပါဖြစ်စဉ်တွင် သူတစ်ပါးပယောဂမပါခဲ့လျှင် အာမခံလျော်ကြေး ပေးရန်သတ်မှတ်ပြီး Without Car များဖြစ်ပါက လျော်ကြေးပေးရန် အကျုံးမဝင်ကြောင်း သိရသည်။
၎င်းအပြင် ယာဉ်မောင်းနေစဉ် တိရစ္ဆာန်များကို တိုက်မိခြင်းကြောင့် အာမခံထားသည့်ယာဉ်ထိခိုက်ပျက်စီးခဲ့လျှင် လျော်ကြေးပေးရန် အကျုံးဝင်ပြီး ရပ်ထားသောယာဉ်များအား တိရစ္ဆာန်ဖျက်စီးမှုကြောင့် ပျက်စီးခြင်း(ဥပမာ-ကြွက်ကိုက်ခြင်း၊ ခွေးကိုက်ခြင်း၊ ကြောင်ကိုက်ခြင်းကြောင့် ပျက်စီးခြင်းတို့သည်) မသမာဖျက်စီးခြင်းဖြစ်၍ အာမခံလျော် ကြေးပေးမည် မဟုတ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် အထွေထွေအာမခံကုမ္ပဏီများအနေဖြင့် လက်ရှိရောင်းချနေသည့် “အလုံးစုံမော်တော်ယာဉ်အာမခံ”၏ပေါ်လစီတွင်ပြဋ္ဌာန်းသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လျော်ကြေးကိစ္စများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံအာမခံအသင်း(MIA)မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ား ထိခိုက္ပ်က္စီးပါက အာမခံေလ်ာ္ေၾကးရမည္မဟုတ္ေၾကာင္း MIA ထုတ္ျပန္
ယြန္း (NP News) - စက္တင္ဘာ ၂၂
အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ား ထိခိုက္ပ်က္စီးပါက အာမခံေလ်ာ္ ေၾကးရမည္မဟုတ္ေၾကာင္း MIA မွထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံအာမခံအသင္း (Myanmar Insurance Association)မွ ၾသဂုတ္လ ၂၄ ရက္တြင္ျပဳလုပ္ခဲ့ေသာ အလုံးစုံအာမခံေပၚလစီ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ပတ္သက္သည့္ အေထြေထြအာမခံေကာ္မတီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ စည္းမ်ဥ္းအသစ္မ်ား ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
War Risk စစ္ေဘးအႏၲရာယ္ေၾကာင့္ ျဖစ္ေပၚေသာထိခိုက္မႈမ်ားအား အာမခံေလ်ာ္ ေၾကးေပးမည္ျဖစ္ေသာ္လည္း လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနေသာ အေျခအေနမ်ားေၾကာင့္ အာမခံယာဥ္သည္ ေသနတ္က်ည္ဆံ၊ ဗုံးဆံ၊ မိုင္းစ စသည့္စစ္လက္နက္ ပစၥည္းမ်ားႏွင့္ အၾကမ္းဖက္လုပ္ရပ္(Terrorism Act) ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားအား အာမခံေလ်ာ္ေၾကးေပးမည္ မဟုတ္ေၾကာင္း MIA မွဆိုထားသည္။
ထို႔ျပင္ အျခားယာဥ္တစ္စီးႏွင့္ အာမခံထားသည့္ယာဥ္တို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ပါက အဆိုပါျဖစ္စဥ္တြင္ သူတစ္ပါးပေယာဂမပါခဲ့လွ်င္ အာမခံေလ်ာ္ေၾကး ေပးရန္သတ္မွတ္ၿပီး Without Car မ်ားျဖစ္ပါက ေလ်ာ္ေၾကးေပးရန္ အက်ဳံးမဝင္ေၾကာင္း သိရသည္။
၎အျပင္ ယာဥ္ေမာင္းေနစဥ္ တိရစာၦန္မ်ားကို တိုက္မိျခင္းေၾကာင့္ အာမခံထားသည့္ယာဥ္ထိခိုက္ပ်က္စီးခဲ့လွ်င္ ေလ်ာ္ေၾကးေပးရန္ အက်ဳံးဝင္ၿပီး ရပ္ထားေသာယာဥ္မ်ားအား တိရစာၦန္ဖ်က္စီးမႈေၾကာင့္ ပ်က္စီးျခင္း(ဥပမာ-ႂကြက္ကိုက္ျခင္း၊ ေခြးကိုက္ျခင္း၊ ေၾကာင္ကိုက္ျခင္းေၾကာင့္ ပ်က္စီးျခင္းတို႔သည္) မသမာဖ်က္စီးျခင္းျဖစ္၍ အာမခံေလ်ာ္ ေၾကးေပးမည္ မဟုတ္ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ေၾကာင့္ အေထြေထြအာမခံကုမၸဏီမ်ားအေနျဖင့္ လက္ရွိေရာင္းခ်ေနသည့္ “အလုံးစုံေမာ္ေတာ္ယာဥ္အာမခံ”၏ေပၚလစီတြင္ျပ႒ာန္းသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း ေလ်ာ္ေၾကးကိစၥမ်ားကို လိုက္နာေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံအာမခံအသင္း(MIA)မွ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။