ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှားရဲ့ဗီတိုအာဏာ သုံးစွဲခြင်းကိုကန့်သတ်ဖို့ အမေရိကန်သမ္မတ လိုလားနေ

 871

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားရဲ့ဗီတို အာဏာသုံးစွဲခွင့်ကို ကန့်သတ်ဖို့ ပစ်မှတ်ထားနေကြောင်းသိရပါတယ်။

အမေရိကန်သမ္မတက ရုရှားဟာ နယ်ချဲ့ဝါဒကို လုပ်ဆောင်နေပြီး ယူကရိန်းကို နိုင်ငံအ ဖြစ်ကနေ ဖျောက်ဖျစ်ဖို့ ကြိုးပမ်းနေကြောင်း၊ အမေရိကန်အစိုးရဟာ ပဋိပက္ခများဖြစ် လာအောင် ဖန်တီးဖို့ ကြိုးပမ်းခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ခြင်းကိုသာ လုပ်ဆောင်လိုကြောင်းဆိုခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအဖွဲ့ဝင်နိုင်ငံအရေအတွက်တိုးချဲသွားဖို့လိုလားပြီး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများကြား ဗီတိုအာဏာ သုံးစွဲခွင့်တွေကိုကန့်သတ်သွားဖို့လိုလားကြောင်း ဆိုခဲ့ပါတယ်။

၄င်းက "ရုရှားဟာ ကုလသမဂ္ဂ ကြေညာစာတမ်းပါအချက်များကိုချိုးဖောက်နေတယ်။အင်အားသုံးပြီးအိမ်နီးချင်းနိုင်ငံရဲ့ပိုင်နက်တွေကို ရယူနေတယ်။ ရုရှားဟာ မြေပုံထဲကနေအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ဖျောက်ပစ်ဖို့ ကြိုးပမ်းနေတယ်"လို့ပြောပါတယ်။

အမေရိကန်သမ္မတက ရုရှားနိုင်ငံကိုဘယ်သူမှ ခြိမ်းခြောက်မှုမရှိကြောင်း၊ ရုရှားသမ္မတပူတင်ကိုယ်တိုင်သာ ဥရောပကို နျူကလီးယားနဲ့ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဆိုပါတယ်။ ရုရှားသမ္မတပူတင်ကိုယ်တိုင်က ဖျက်အားပြင်းလက်နက်များနဲ့တိုက်ခိုက်ခြင်းမှ နိုင်ငံကို ကာကွယ်နိုင်ဖို့ နျူကလီးယားလက်နက်များအသုံးပြုတိုက်ခိုက်သွားကောင်းသွားဖွယ်ရှိနေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပေမယ့် တိကျတဲ့ပစ်မှတ်များကို ထုတ် ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်းသိရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က "ယူကရိန်းစစ်ပွဲကို အမြန်အဆုံးသတ်စေဖို့ ဆန္ဒရှိနေတယ်။ အင်အားသုံးပြီး နိုင်ငံတစ်နိုင်ငံရဲ့ပိုင်နက်ကို သိမ်းပိုက်တာမျိုး မဖြစ်စေဘဲ စစ်ပွဲအဆုံးသတ်စေလိုတာပါ၊ နိုင်ငံတွေဟာ အကျိုးဆက်ကို မကြည့်ဘဲ နယ်ချဲ့ရည်မှန်းချက်ကို အကောင်ထည်ဖော်လျှောက်လှမ်းမယ်ဆိုရင် ကျွန်တော်တို့ဟာ အဲဒီ လုပ်ရပ်များကို တုံ့ပြန်ဖို့ စွန့်စားရမှာဖြစ်တယ်"လို့ပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံတိုင်းဟာ ကုလသမဂ္ဂ ကြေညာစာတမ်းကို ကာကွယ်ရမှာဖြစ်ပြီး ရှားပါးထူးခြားတဲ့အခြေနေမျိုးမှလွဲပြီး အခြားအခြေအနေတွေမှာ ဗီတိုအာဏသုံးစွဲခြင်းကိုရှောင်ရှားစေလိုကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအရေအတွက်ကို နောက်ထပ်နှစ်နိုင်ငံ ထပ်တိုးသွားဖို့နဲ့အလှည့်ကျ ပါဝင်တာမျိုးတွေလုပ်ဆောင်စေလိုကြောင်း အမေရိကန်သမ္မတကပြောပါတယ်။

zawgyi version
ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ႐ုရွားရဲ႕ဗီတိုအာဏာ သုံးစြဲျခင္းကိုကန႔္သတ္ဖို႔ အေမရိကန္သမၼတ လိုလားေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ႐ုရွားရဲ႕ဗီတို အာဏာသုံးစြဲခြင့္ကို ကန႔္သတ္ဖို႔ ပစ္မွတ္ထားေနေၾကာင္းသိရပါတယ္။

အေမရိကန္သမၼတက ႐ုရွားဟာ နယ္ခ်ဲ႕ဝါဒကို လုပ္ေဆာင္ေနၿပီး ယူကရိန္းကို ႏိုင္ငံအ ျဖစ္ကေန ေဖ်ာက္ဖ်စ္ဖို႔ ႀကိဳးပမ္းေနေၾကာင္း၊ အေမရိကန္အစိုးရဟာ ပဋိပကၡမ်ားျဖစ္ လာေအာင္ ဖန္တီးဖို႔ ႀကိဳးပမ္းျခင္းမရွိဘဲ ပူးေပါင္းေဆာင္႐ြက္ျခင္းကိုသာ လုပ္ေဆာင္လိုေၾကာင္းဆိုခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္သမၼတက ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာအဖြဲ႕ဝင္ႏိုင္ငံအေရအတြက္တိုးခ်ဲသြားဖို႔လိုလားၿပီး လုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား ဗီတိုအာဏာ သုံးစြဲခြင့္ေတြကိုကန႔္သတ္သြားဖို႔လိုလားေၾကာင္း ဆိုခဲ့ပါတယ္။

၄င္းက "႐ုရွားဟာ ကုလသမဂၢ ေၾကညာစာတမ္းပါအခ်က္မ်ားကိုခ်ိဳးေဖာက္ေနတယ္။အင္အားသုံးၿပီးအိမ္နီးခ်င္းႏိုင္ငံရဲ႕ပိုင္နက္ေတြကို ရယူေနတယ္။ ႐ုရွားဟာ ေျမပုံထဲကေနအခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံကို ေဖ်ာက္ပစ္ဖို႔ ႀကိဳးပမ္းေနတယ္"လို႔ေျပာပါတယ္။

အေမရိကန္သမၼတက ႐ုရွားႏိုင္ငံကိုဘယ္သူမွ ၿခိမ္းေျခာက္မႈမရွိေၾကာင္း၊ ႐ုရွားသမၼတပူတင္ကိုယ္တိုင္သာ ဥေရာပကို န်ဴကလီးယားနဲ႔ၿခိမ္းေျခာက္ေနျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။ ႐ုရွားသမၼတပူတင္ကိုယ္တိုင္က ဖ်က္အားျပင္းလက္နက္မ်ားနဲ႔တိုက္ခိုက္ျခင္းမွ ႏိုင္ငံကို ကာကြယ္ႏိုင္ဖို႔ န်ဴကလီးယားလက္နက္မ်ားအသုံးျပဳတိုက္ခိုက္သြားေကာင္းသြားဖြယ္ရွိေနေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာခဲ့ေပမယ့္ တိက်တဲ့ပစ္မွတ္မ်ားကို ထုတ္ ေဖာ္ေျပာဆိုခဲ့ျခင္းမရွိခဲ့ေၾကာင္းသိရပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က "ယူကရိန္းစစ္ပြဲကို အျမန္အဆုံးသတ္ေစဖို႔ ဆႏၵရွိေနတယ္။ အင္အားသုံးၿပီး ႏိုင္ငံတစ္ႏိုင္ငံရဲ႕ပိုင္နက္ကို သိမ္းပိုက္တာမ်ိဳး မျဖစ္ေစဘဲ စစ္ပြဲအဆုံးသတ္ေစလိုတာပါ၊ ႏိုင္ငံေတြဟာ အက်ိဳးဆက္ကို မၾကည့္ဘဲ နယ္ခ်ဲ႕ရည္မွန္းခ်က္ကို အေကာင္ထည္ေဖာ္ေလွ်ာက္လွမ္းမယ္ဆိုရင္ ကြၽန္ေတာ္တို႔ဟာ အဲဒီ လုပ္ရပ္မ်ားကို တုံ႔ျပန္ဖို႔ စြန႔္စားရမွာျဖစ္တယ္"လို႔ေျပာပါတယ္။

အဖြဲ႕ဝင္ႏိုင္ငံတိုင္းဟာ ကုလသမဂၢ ေၾကညာစာတမ္းကို ကာကြယ္ရမွာျဖစ္ၿပီး ရွားပါးထူးျခားတဲ့အေျခေနမ်ိဳးမွလြဲၿပီး အျခားအေျခအေနေတြမွာ ဗီတိုအာဏသုံးစြဲျခင္းကိုေရွာင္ရွားေစလိုေၾကာင္း ကုလသမဂၢလုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ႏိုင္ငံအေရအတြက္ကို ေနာက္ထပ္ႏွစ္ႏိုင္ငံ ထပ္တိုးသြားဖို႔နဲ႔အလွည့္က် ပါဝင္တာမ်ိဳးေတြလုပ္ေဆာင္ေစလိုေၾကာင္း အေမရိကန္သမၼတကေျပာပါတယ္။

Picture

Ko Moe

22/09/2022 19:15

ကုလသမဂ္ဂဆိုတာ မင်းတို့ခွေးလား နွားလား လို့ ကမ္ဘာက မေးနေတာနော်။ရုရှားတရုတ်က ဘယ်နိုင်ငံကိုမှ လက်နက်ပေးပြီး ပြည်တွင်းစစ်ကို မီးမမွှေးခဲ့ဘူးနော်

Related news

© 2021. All rights reserved.