မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာလူမျိုးများထဲမှ အယောက် (၁၅ဝ) နီးပါးကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

 597

ယွန်း (NP News) - စက်တင်ဘာ ၂၂

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ထိန်းသိမ်းခံထားရသည့် မြန်မာလူမျိုးများထဲမှ ပထမအသုတ်အဖြစ် (၁၄၉)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

မြန်မာသံရုံးမှ စက်တင်ဘာလ ၂၂ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ထိန်းသိမ်းခံထားရသည့် မြန်မာ နိုင်ငံသားများအား မလေးရှားနိုင်ငံ အစိုးရမှစီစဉ်ပေးသည့် စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သံရုံးမှထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို သံရုံးမှတာဝန်ရှိသူများက ပုံမှန်သွားရောက်တွေ့ဆုံမှုများရှိပြီး အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက်လည်းသက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မေလးရွားႏိုင္ငံတြင္ ထိန္းသိမ္းခံထားရသည့္ ျမန္မာလူမ်ိဳးမ်ားထဲမွ အေယာက္ (၁၅ဝ) နီးပါးကို ပထမအသုတ္အျဖစ္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္
ယြန္း (NP News) - စက္တင္ဘာ ၂၂

မေလးရွားႏိုင္ငံရွိ ထိန္းသိမ္းေရးစခန္းအသီးသီးတြင္ ထိန္းသိမ္းခံထားရသည့္ ျမန္မာလူမ်ိဳးမ်ားထဲမွ ပထမအသုတ္အျဖစ္ (၁၄၉)ဦးအား ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း ကြာလာလမ္ပူၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။

ျမန္မာသံ႐ုံးမွ စက္တင္ဘာလ ၂၂ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျမန္မာသံ႐ုံးမွ တာဝန္ရွိသူမ်ားႏွင့္ မေလးရွားႏိုင္ငံ၊ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနတို႔မွ ပူးေပါင္း၍ ထိန္းသိမ္းခံထားရေသာ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

မေလးရွားႏိုင္ငံရွိ ထိန္းသိမ္းေရးစခန္းအသီးသီးတြင္ ထိန္းသိမ္းခံထားရသည့္ ျမန္မာ ႏိုင္ငံသားမ်ားအား မေလးရွားႏိုင္ငံ အစိုးရမွစီစဥ္ေပးသည့္ စင္းလုံးငွားေလယာဥ္ျဖင့္ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သံ႐ုံးမွထုတ္ျပန္ထားသည္။

မေလးရွားႏိုင္ငံရွိ ထိန္းသိမ္းေရးစခန္းအသီးသီးတြင္ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားကို သံ႐ုံးမွတာဝန္ရွိသူမ်ားက ပုံမွန္သြားေရာက္ေတြ႕ဆုံမႈမ်ားရွိၿပီး အေထာက္အထားျပည့္စုံသူ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏိုင္ငံသို႔ အျမန္ဆုံးျပန္ပို႔ႏိုင္ရန္အတြက္လည္းသက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Picture

Ko Moe

22/09/2022 18:20

အဲဒီကောင်တွေ သိပ်ပြီး မယုံကြည်ကြပါနဲ့အုံးနော်။ဦသိန်းစိန်သဘောကောင်းသလိုကြီးလည်း မလုပ်နဲ့ဦး🥲

Picture

Ko Moe

22/09/2022 18:20

အဲဒီကောင်တွေ သိပ်ပြီး မယုံကြည်ကြပါနဲ့အုံးနော်။ဦသိန်းစိန်သဘောကောင်းသလိုကြီးလည်း မလုပ်နဲ့ဦး🥲

Picture

nor kham

23/09/2022 06:21

အဲဒီကောင်တွေပြန်မခေါ်သင့်ဘူးအကြမ်းဖက်အုပ်စုကိုအလှူငွေထည့်နေတဲ့ကောင်တွေ

Related news

© 2021. All rights reserved.