ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်၊ ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်စေရေး ဆောင်ရွက်နေကြောင်း နစကဝန်ကြီးပြော

 939

ဟိန်း (NP News) - စက်တင်ဘာ ၂၂

ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး၊ ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်စေရေးဆောင်ရွက်နေကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာလ ၂၂ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ ကလောမြို့နယ် ဟဲဟိုး-ဘော်ဆိုင်း ကားလမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေး၊ ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး၊ ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်စေရေး၊ မကွေးတိုင်းဒေသကြီး အတွင်းနှင့် ဧရာဝတီမြစ်အနောက်ဘက်နယ်မြေအား သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ထိုပြင် ၂ဝ၂၃ ခုနှစ် မိုးရာသီတွင်တည်ထောင်မည့် သစ်တောစိုက်ခင်းများနှင့် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော အမြင့် ၂ ပေအထက် ပျိုးပင်များ လုံလောက်စွာရရှိနိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ တရားမဝင်သစ်ကိစ္စများနှင့်ပတ်သက်၍ ဆက်စပ်အဖွဲအစည်းများနှင့် ပူးပေါင်းကာ သတင်းရယူပြီး ဖော်ထုတ်ဖမ်းဆီးရေး အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်နှင့် ပြည်ပသို့ တရားမဝင်သစ်ခိုးထုတ်ရာ ပင်လယ်ထွက်ပေါက်နေရာများကို အထူးအလေးထား ကြပ်မတ်စစ်ဆေးပေးရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက‌ ထည့်သွင်း ပြောကြားခဲ့သည်။

သစ်တော်ဦးစီးဌာနအနေဖြင့် ၂ဝ၂၁/၂၂ ဘဏ္ဍာနှစ်မှစ၍ ၂ဝ၂၅/၂၆ ဘဏ္ဍာနှစ်အထိ ၅ နှစ် စီမံချက်ချမှတ်ကာ ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော် ဖြစ်စေရေး ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ ချယ်ရီပင် စိုက်ပျိုးမှုအနေဖြင့် ၂ဝ၂၁/၂၂ ဘဏ္ဍာနှစ်တွင် အပင် ၄၃ဝဝဝ ကျော် စိုက်ပျိုးသွားမည်ဟု သိရသည်။

zawgyi version
ျပင္ဦးလြင္ၿမိဳ႕ကို ခ်ယ္ရီၿမိဳ႕ေတာ္၊ ကေလာၿမိဳ႕ကို ထင္းရႉးၿမိဳ႕ေတာ္ျဖစ္ေစေရး ေဆာင္႐ြက္ေနေၾကာင္း နစကဝန္ႀကီးေျပာ
ဟိန္း (NP News) - စက္တင္ဘာ ၂၂

ျပင္ဦးလြင္ၿမိဳ႕ကို ခ်ယ္ရီၿမိဳ႕ေတာ္ျဖစ္ေစေရး၊ ကေလာၿမိဳ႕ကို ထင္းရႉးၿမိဳ႕ေတာ္ျဖစ္ေစေရးေဆာင္႐ြက္ေနေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ေျပာၾကားသည္။

ျပည္ေထာင္စုဝန္ႀကီးက စက္တင္ဘာလ ၂၂ ရက္ကျပဳလုပ္သည့္ ျမန္မာႏိုင္ငံသစ္ေတာမ်ား ျပန္လည္တည္ေထာင္ေရး စီမံကိန္း ညႇိႏႈိင္းအစည္းအေဝးတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ သည္။

ရွမ္းျပည္နယ္ ေတာင္ႀကီးခ႐ိုင္၊ ကေလာၿမိဳ႕နယ္ ဟဲဟိုး-ေဘာ္ဆိုင္း ကားလမ္းေဘး ဝဲ/ယာ စိမ္းလန္းစိုျပည္ေရး၊ ျပင္ဦးလြင္ၿမိဳ႕ကို ခ်ယ္ရီၿမိဳ႕ေတာ္ျဖစ္ေစေရး၊ ကေလာၿမိဳ႕ကို ထင္းရႉးၿမိဳ႕ေတာ္ျဖစ္ေစေရး၊ မေကြးတိုင္းေဒသႀကီး အတြင္းႏွင့္ ဧရာဝတီျမစ္အေနာက္ဘက္နယ္ေျမအား သစ္ပင္စိုက္ပ်ိဳးျခင္းႏွင့္ သစ္ေတာထိန္းသိမ္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ေျပာၾကားသည္။

ထိုျပင္ ၂ဝ၂၃ ခုႏွစ္ မိုးရာသီတြင္တည္ေထာင္မည့္ သစ္ေတာစိုက္ခင္းမ်ားႏွင့္ လူထုျဖန႔္ပ်ိဳးပင္မ်ား ျဖန႔္ေဝစိုက္ပ်ိဳးႏိုင္ေရးအတြက္ လိုအပ္ေသာ အျမင့္ ၂ ေပအထက္ ပ်ိဳးပင္မ်ား လုံေလာက္စြာရရွိႏိုင္ေရး ႀကိဳတင္စီမံေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ တရားမဝင္သစ္ကိစၥမ်ားႏွင့္ပတ္သက္၍ ဆက္စပ္အဖြဲအစည္းမ်ားႏွင့္ ပူးေပါင္းကာ သတင္းရယူၿပီး ေဖာ္ထုတ္ဖမ္းဆီးေရး အေလးထားၾကပ္မတ္ ေဆာင္႐ြက္ၾကရန္ႏွင့္ ျပည္ပသို႔ တရားမဝင္သစ္ခိုးထုတ္ရာ ပင္လယ္ထြက္ေပါက္ေနရာမ်ားကို အထူးအေလးထား ၾကပ္မတ္စစ္ေဆးေပးရန္ လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက‌ ထည့္သြင္း ေျပာၾကားခဲ့သည္။

သစ္ေတာ္ဦးစီးဌာနအေနျဖင့္ ၂ဝ၂၁/၂၂ ဘ႑ာႏွစ္မွစ၍ ၂ဝ၂၅/၂၆ ဘ႑ာႏွစ္အထိ ၅ ႏွစ္ စီမံခ်က္ခ်မွတ္ကာ ျပင္ဦးလြင္ၿမိဳ႕ကို ခ်ယ္ရီၿမိဳ႕ေတာ္ ျဖစ္ေစေရး ေဆာင္႐ြက္ေနျခင္းလည္းျဖစ္သည္။ ခ်ယ္ရီပင္ စိုက္ပ်ိဳးမႈအေနျဖင့္ ၂ဝ၂၁/၂၂ ဘ႑ာႏွစ္တြင္ အပင္ ၄၃ဝဝဝ ေက်ာ္ စိုက္ပ်ိဳးသြားမည္ဟု သိရသည္။

Picture

Htun Aung Kyaw

22/09/2022 18:27

ပြင်ဦးလွင်မှာ အပင်ကြီးတွေ မြေနေရာချဲ့တာနဲ့ တဖြေးဖြေးနည်းပီး ကန်တော်ကြီးဆို ရေစိမ့်၀င်မှုနည်းပီး ရေခန်းတာတွေတောက်ဖြစ်လာနေပီ‌‌ဆိုတော့၊ ခုလို သစ်ပင်တွေ အများအပြားပြန်စိုက်မှာ အားပေးပါတယ် 👍

Related news

© 2021. All rights reserved.