ထိုင်းနိုင်ငံမှာ လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံး

 862

ရောင်နီ (NP News) - စက်တင်ဘာ ၂၂

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဆေးရုံတစ်ခုအနီးမှာ ရဲတပ်ဖွဲ့ မော်တော်ယာဉ်တစ်စီး ဖြတ်သန်းသွားစဉ် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် ထိုင်းရဲတစ်ဦး သေဆုံးကာ လူ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

အဆိုပါပေါက်ကွဲမှုဟာ စက်တင်ဘာလ ၂ဝ ရက်၊ အင်္ဂါနေ့ညက ပက်တာနီ ပြည်နယ် မိုင်ကန်မြို့ ဆေးရုံရှေ့မှာ ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ကင်းလှည့်ထရပ်ကားတစ်စီးတို့ ဆုံချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်တယ်လို့ ရဲမှူး ဝါဆူဝက်ကွန်းတော့ က စက်တင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ရဲထရပ် ကားဟာ လမ်းဘေးလျှပ်စစ်ဓာတ်တိုင်ကိုဝင်တိုက်မိခဲ့ကာ ထရပ်ကားပေါ်ပါ အရာရှိသုံးဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရပါတယ်။ ဗုံးကို ဆေးရုံရှေ့က အမှိုက်ပုံးထဲမှာ ထောင်ထားတာဖြစ်ပြီး အဝေးကနေ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ရဲတွေက ယူဆထားပါတယ်။

စက်တင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က ဖော်ပြတဲ့ ရုပ်မြင်သံကြားမှတ်တမ်းများမှာ မိုင်းခွန်ဆေးရုံရဲ့ အပြင်ပိုင်းနဲ့ ဆေးရုံ ဆန့်ကျင်ဘက်ရှိ Maiken Kittiwit ကျောင်းအနီးမှာ အပျက်အစီးတွေကိုမြင်တွေ့ရကာ ကျောင်းကို ချက်ချင်းပိတ်လိုက်ရတယ်လို့ သိရပါတယ်။

ဖောက်ခွဲရေးလက်နက်စွန့်ပစ်ရေး (EOD) အရာရှိများဟာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဧရိယာနဲ့ အနီးနားရှိလမ်းတွေကို ပိတ်ဆို့ထားပါတယ်။

သူပုန်တွေဟာ ထိုင်းနိုင်ငံရဲ့ တောင်ဘက်အကျဆုံးပြည်နယ် ၃ ခုဖြစ်တဲ့ ပတ္တနီ၊ နရသီဝပ်နဲ့ ယာလာတို့မှာ လှုပ်ရှားနေပြီး အစိုးရပစ်မှတ်များကို မကြာခဏ တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့တောင်ပိုင်းဒေသကို ထိုင်းလုံခြုံရေးတပ်ဖွဲ့များက တင်းတင်းကျပ်ကျပ် ကြပ်မတ်ထားပေမယ့် ပြီးခဲ့တဲ့လက ပတ္တနီ၊ ယာလာနဲ့ နရသီဝပ် ပြည်နယ်များရှိ စက်သုံးဆီဆိုင်များမှာ မီးလောင်မှု ၁၇ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး လူ ၇ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်းကတော့ သူပုန်နဲ့ စစ်တပ်ကြားတိုက်ပွဲများ ငြိမ်သက်သွားခဲ့ပေမယ့် ယမန်နှစ် အောက်တိုဘာလက ၆ ရက်ကြာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း အကြမ်းဖက်မှုကို စောင့်ကြည့်လေ့လာနေတဲ့ Deep South Watch အဖွဲ့ရဲ့အဆိုအရ ၂ဝဝ၄ ခုနှစ်ကတည်းက ထိုင်းတောင်ပိုင်း ပဋိပက္ခမှာ လူပေါင်း ၇၃ဝဝ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ လမ္းေဘးဗုံးေပါက္ကြဲမႈေၾကာင့္ ရဲအရာရွိတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၂

ထိုင္းႏိုင္ငံ ေတာင္ပိုင္းရွိ ေဆး႐ုံတစ္ခုအနီးမွာ ရဲတပ္ဖြဲ႕ ေမာ္ေတာ္ယာဥ္တစ္စီး ျဖတ္သန္းသြားစဥ္ လမ္းေဘးဗုံးေပါက္ကြဲမႈေၾကာင့္ ထိုင္းရဲတစ္ဦး ေသဆုံးကာ လူ ၄ ဦး ဒဏ္ရာရခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

အဆိုပါေပါက္ကြဲမႈဟာ စက္တင္ဘာလ ၂ဝ ရက္၊ အဂၤါေန႔ညက ပက္တာနီ ျပည္နယ္ မိုင္ကန္ၿမိဳ႕ ေဆး႐ုံေရွ႕မွာ ျဖစ္ပြားခဲ့တာပါ။ ရဲတပ္ဖြဲ႕ဝင္တစ္ဦးနဲ႔ ကင္းလွည့္ထရပ္ကားတစ္စီးတို႔ ဆုံခ်ိန္မွာ ေပါက္ကြဲမႈျဖစ္ခဲ့တာျဖစ္တယ္လို႔ ရဲမႉး ဝါဆူဝက္ကြန္းေတာ့ က စက္တင္ဘာလ ၂၁ ရက္၊ ဗုဒၶဟူးေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ေပါက္ကြဲမႈေၾကာင့္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးေပၚမွ ရဲအရာရွိတစ္ဦး ေသဆုံးခဲ့ၿပီး ရဲထရပ္ ကားဟာ လမ္းေဘးလွ်ပ္စစ္ဓာတ္တိုင္ကိုဝင္တိုက္မိခဲ့ကာ ထရပ္ကားေပၚပါ အရာရွိသုံးဦးကို ေဆး႐ုံသို႔ အျမန္ပို႔ေဆာင္ခဲ့ရပါတယ္။ ဗုံးကို ေဆး႐ုံေရွ႕က အမႈိက္ပုံးထဲမွာ ေထာင္ထားတာျဖစ္ၿပီး အေဝးကေန ေဖာက္ခြဲခဲ့တာျဖစ္တယ္လို႔ ရဲေတြက ယူဆထားပါတယ္။

စက္တင္ဘာ ၂၁ ရက္၊ ဗုဒၶဟူးေန႔က ေဖာ္ျပတဲ့ ႐ုပ္ျမင္သံၾကားမွတ္တမ္းမ်ားမွာ မိုင္းခြန္ေဆး႐ုံရဲ႕ အျပင္ပိုင္းနဲ႔ ေဆး႐ုံ ဆန႔္က်င္ဘက္ရွိ Maiken Kittiwit ေက်ာင္းအနီးမွာ အပ်က္အစီးေတြကိုျမင္ေတြ႕ရကာ ေက်ာင္းကို ခ်က္ခ်င္းပိတ္လိုက္ရတယ္လို႔ သိရပါတယ္။

ေဖာက္ခြဲေရးလက္နက္စြန႔္ပစ္ေရး (EOD) အရာရွိမ်ားဟာ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့တဲ့ ဧရိယာနဲ႔ အနီးနားရွိလမ္းေတြကို ပိတ္ဆို႔ထားပါတယ္။

သူပုန္ေတြဟာ ထိုင္းႏိုင္ငံရဲ႕ ေတာင္ဘက္အက်ဆုံးျပည္နယ္ ၃ ခုျဖစ္တဲ့ ပတၱနီ၊ နရသီဝပ္နဲ႔ ယာလာတို႔မွာ လႈပ္ရွားေနၿပီး အစိုးရပစ္မွတ္မ်ားကို မၾကာခဏ တိုက္ခိုက္ေလ့ရွိတယ္လို႔ သိရပါတယ္။
မေလးရွားႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ေတာင္ပိုင္းေဒသကို ထိုင္းလုံၿခဳံေရးတပ္ဖြဲ႕မ်ားက တင္းတင္းက်ပ္က်ပ္ ၾကပ္မတ္ထားေပမယ့္ ၿပီးခဲ့တဲ့လက ပတၱနီ၊ ယာလာနဲ႔ နရသီဝပ္ ျပည္နယ္မ်ားရွိ စက္သုံးဆီဆိုင္မ်ားမွာ မီးေလာင္မႈ ၁၇ ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ၿပီး လူ ၇ ဦး ဒဏ္ရာအနည္းငယ္ရရွိခဲ့ပါတယ္။

COVID-19 ကပ္ေရာဂါကာလအတြင္းကေတာ့ သူပုန္နဲ႔ စစ္တပ္ၾကားတိုက္ပြဲမ်ား ၿငိမ္သက္သြားခဲ့ေပမယ့္ ယမန္ႏွစ္ ေအာက္တိုဘာလက ၆ ရက္ၾကာ ေသနတ္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး လူေျခာက္ဦး ေသဆုံးခဲ့ပါတယ္။ ထိုင္းႏိုင္ငံေတာင္ပိုင္း အၾကမ္းဖက္မႈကို ေစာင့္ၾကည့္ေလ့လာေနတဲ့ Deep South Watch အဖြဲ႕ရဲ႕အဆိုအရ ၂ဝဝ၄ ခုႏွစ္ကတည္းက ထိုင္းေတာင္ပိုင္း ပဋိပကၡမွာ လူေပါင္း ၇၃ဝဝ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Picture

Ko Moe

22/09/2022 23:46

ထိုင်းမြန်မာ ချစ်ကြည်ရေးကို ဖျက်ဆီးနေသူတွေအတွက် ပေးဆပ်ခိုင်းကြရပါမယ်။ထိုင်းမြန်မာ အိန္ဒိယ တရုတ်ချစ်ကြည်ရေး အတွက် ဘာမဆို ခွင့်မလွှတ်သင့်ပါဘူး

Related news

© 2021. All rights reserved.