ယခုနှစ်တွင် ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ (၂၃ဝဝ)ကျော် ခန့်အပ်နိုင်ခဲ့

 696

ယွန်း (NP News) - စက်တင်ဘာ ၂၃

၂ဝ၂၂ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ စုစုပေါင်း (၂၃ဝဝ)ကျော် ရွေးချယ်ခန့်အပ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြီးခဲ့သည့် စက်တင်ဘာလ(၁၉)ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ကျင်းပသည့် အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများအဖြစ် ၂ဝ၂၂ ခုနှစ် မေလ(၁၈)ရက်တွင် (၁၄၇၉)ဦးနှင့် စက်တင်ဘာလ (၁၅)ရက်တွင် (၈၆၂)ဦး စုစုပေါင်း (၂၃၄၁)ဦးကို ရွေးချယ်ခန့်အပ်နိုင်ခဲ့ကြောင်း ဒေါက်တာညွန့်ဖေက ဆိုသည်။
“သင်ကြားရေးသာမက နိုင်ငံအတွက် အကျိုးရှိထိရောက်တဲ့ သုတသနလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သုတေသနလုပ်ငန်းတွေအားကောင်းမှသာ တက္ကသိုလ်နဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ တွေရရှိနိုင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာညွန့်ဖေက ဆိုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စည်းကမ်းဘောင်အတွင်း ညင်သာသိမ့်မွေ့စွာ ပြောဆိုလုပ်ကိုင်ကြရန်နှင့် စည်းစည်းလုံးလုံးဖြင့် ပညာရေးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version;
ယခုႏွစ္တြင္ ပညာေရးဝန္ႀကီးဌာနမွ တကၠသိုလ္နည္းျပ၊ သ႐ုပ္ျပ ဆရာ/ဆရာမ (၂၃ဝဝ)ေက်ာ္ ခန႔္အပ္ႏိုင္ခဲ့
ယြန္း (NP News) - စက္တင္ဘာ ၂၃

၂ဝ၂၂ ခုႏွစ္တြင္ ပညာေရးဝန္ႀကီးဌာနမွ တကၠသိုလ္နည္းျပ၊ သ႐ုပ္ျပ ဆရာ/ဆရာမ စုစုေပါင္း (၂၃ဝဝ)ေက်ာ္ ေ႐ြးခ်ယ္ခန႔္အပ္ႏိုင္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာၫြန႔္ေဖက ေျပာသည္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာၫြန႔္ေဖက ၿပီးခဲ့သည့္ စက္တင္ဘာလ(၁၉)ရက္တြင္ ေနျပည္ေတာ္ရွိ ပညာေရးဝန္ႀကီးဌာန၌က်င္းပသည့္ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ တကၠသိုလ္နည္းျပ၊ သ႐ုပ္ျပ ဆရာ/ဆရာမမ်ားအျဖစ္ ၂ဝ၂၂ ခုႏွစ္ ေမလ(၁၈)ရက္တြင္ (၁၄၇၉)ဦးႏွင့္ စက္တင္ဘာလ (၁၅)ရက္တြင္ (၈၆၂)ဦး စုစုေပါင္း (၂၃၄၁)ဦးကို ေ႐ြးခ်ယ္ခန႔္အပ္ႏိုင္ခဲ့ေၾကာင္း ေဒါက္တာၫြန႔္ေဖက ဆိုသည္။
“သင္ၾကားေရးသာမက ႏိုင္ငံအတြက္ အက်ိဳးရွိထိေရာက္တဲ့ သုတသနလုပ္ငန္းေတြကိုလည္း ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ သုေတသနလုပ္ငန္းေတြအားေကာင္းမွသာ တကၠသိုလ္နဲ႔ ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္ အေထာက္အပံ့ ေတြရရွိႏိုင္မွာျဖစ္ပါတယ္”ဟု ေဒါက္တာၫြန႔္ေဖက ဆိုသည္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးက စည္းကမ္းေဘာင္အတြင္း ညင္သာသိမ့္ေမြ႕စြာ ေျပာဆိုလုပ္ကိုင္ၾကရန္ႏွင့္ စည္းစည္းလုံးလုံးျဖင့္ ပညာေရးတိုးတက္ေအာင္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.