စင်ကာပူနိုင်ငံမှာ အတူနေအခန်းဖော်ကို ဓါးနဲ့ထိုးသတ်ခဲ့တဲ့ မြန်မာနိုင်ငံသား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးခံရ

 667

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၃

စင်ကာပူတရားရုံးဟာ အခန်းဖော်တစ်ဦးကို ဓါးနဲ့ထိုးသတ်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထောင်ဒဏ်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိ နိုင်လင်းဆိုသူဟာ ၂ဝ၂၁ ခုနှစ် ဧပြီ ၂ ရက်နေ့က စင်ကာပူနိုင်ငံ Bedok Reservoir အိမ်ယာရှိအခန်းမှာ အတူနေထိုင်တဲ့ မြန်မာနိုင်ငံသား အသက် ၄၉ နှစ်အရွယ်ရှိ မျိုးကျော်သူ ဆိုသူကို အငြင်းပွားရာ မှာ ဓါးနဲ့ထိုးသတ်ခဲ့တာဖြစ်ကြောင်း၊ ၄င်းဟာ သူငယ်ချင်းဖြစ်သူကို ဓါးနဲ့ထိုးသတ်ခဲ့ပြီးနောက် ရဲစခန်းမှာ သွားရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ မျိုးကျော်သူ ဆိုသူဟာ အကြီးတန်းနည်းပညာရှင်တစ်ဦးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ ကာလတိုဗီဇာ နဲ့နေထိုင်ပြီး နိုင်လင်းဆိုသူနဲ့ တစ်ခန်းတည်း အတူနေထိုင်ခဲ့တယ်လို့ သိရပါတယ်။ နိုင်လင်းဟာ ၂ဝ၂၁ ခုနှစ် ဧပြီ ၂ ရက်နေ့မှာ အလုပ်မှပြန်လာပြီးနောက် အခြားသူငယ်ချင်းများနဲ့ အရက်သောက်ကာ အိမ်ကိုပြန်လာခဲ့ရာ အဆောင် မှာ အခန်းဖော် မျိုးကျော်သူနဲ့အငြင်းပွားပြီး ဓါးနဲ့ထိုးသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်လင်း ဆိုသူက မျိုးကျော်သူ ကို အင်ဂျင်နီယာတစ်ဦးဖြစ်ပေမယ့် အခြားသူများထံမှ ငွေကြေးချေးငှားသုံးစွဲခြင်း တွေက ရှက်စရာကောင်းတယ်လို့ဝေဖန်ပြစ်တင်ခဲ့ရာမှ နှစ်ဦးကြား အငြင်းပွားရန်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဓါးနဲ့ထိုးသတ်ခဲ့ ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်လင်းဟာ မျိုးကျော်သူနဲ့ရန်ဖြစ်ခဲ့ပြီးနောက် နောက်ဖေးခန်းရှိ မီးဖိုချောင်မှ ဓါး ကို သွားယူခဲ့ကာ၊ မျိုးကျော်သူနဲ့ ထပ်မံရန်ဖြစ်ခဲ့ရာ ဓါးနဲ့ထိုးသတ်မိခဲ့တယ်လို့ သိရပါတယ်။

နိုင်လင်းဟာ မျိုးကျော်သူရဲ့ဝမ်းဗိုက်ကို ဓါးနဲ့လေးချက်၊ ဘယ်ဖက်လက်ကို ဓါးနဲ့တစ်ချက်၊မျက်နှာကို ဓါးနဲ့လှီးတာ မျိုးတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်လင်းဟာ မျိုးကျော်သူကို ဓါးနဲ့ထိုးသတ်ခဲ့ပြီးနောက် အခန်းကနေ ထွက်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ရဲစခန်းမှာ အဖမ်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံမွာ အတူေနအခန္းေဖာ္ကို ဓါးနဲ႔ထိုးသတ္ခဲ့တဲ့ ျမန္မာႏိုင္ငံသား ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္ေပးခံရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၃

စင္ကာပူတရား႐ုံးဟာ အခန္းေဖာ္တစ္ဦးကို ဓါးနဲ႔ထိုးသတ္ခဲ့တဲ့ ျမန္မာႏိုင္ငံသားတစ္ဦးကို ေထာင္ဒဏ္တစ္သက္ တစ္ကြၽန္း ျပစ္ဒဏ္ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။

အသက္ ၅၁ ႏွစ္အ႐ြယ္ရွိ ႏိုင္လင္းဆိုသူဟာ ၂ဝ၂၁ ခုႏွစ္ ဧၿပီ ၂ ရက္ေန႔က စင္ကာပူႏိုင္ငံ Bedok Reservoir အိမ္ယာရွိအခန္းမွာ အတူေနထိုင္တဲ့ ျမန္မာႏိုင္ငံသား အသက္ ၄၉ ႏွစ္အ႐ြယ္ရွိ မ်ိဳးေက်ာ္သူ ဆိုသူကို အျငင္းပြားရာ မွာ ဓါးနဲ႔ထိုးသတ္ခဲ့တာျဖစ္ေၾကာင္း၊ ၄င္းဟာ သူငယ္ခ်င္းျဖစ္သူကို ဓါးနဲ႔ထိုးသတ္ခဲ့ၿပီးေနာက္ ရဲစခန္းမွာ သြားေရာက္အဖမ္းခံခဲ့တယ္လို႔ သိရပါတယ္။

အသတ္ခံရတဲ့ မ်ိဳးေက်ာ္သူ ဆိုသူဟာ အႀကီးတန္းနည္းပညာရွင္တစ္ဦးျဖစ္ၿပီး စင္ကာပူႏိုင္ငံမွာ ကာလတိုဗီဇာ နဲ႔ေနထိုင္ၿပီး ႏိုင္လင္းဆိုသူနဲ႔ တစ္ခန္းတည္း အတူေနထိုင္ခဲ့တယ္လို႔ သိရပါတယ္။ ႏိုင္လင္းဟာ ၂ဝ၂၁ ခုႏွစ္ ဧၿပီ ၂ ရက္ေန႔မွာ အလုပ္မွျပန္လာၿပီးေနာက္ အျခားသူငယ္ခ်င္းမ်ားနဲ႔ အရက္ေသာက္ကာ အိမ္ကိုျပန္လာခဲ့ရာ အေဆာင္ မွာ အခန္းေဖာ္ မ်ိဳးေက်ာ္သူနဲ႔အျငင္းပြားၿပီး ဓါးနဲ႔ထိုးသတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ႏိုင္လင္း ဆိုသူက မ်ိဳးေက်ာ္သူ ကို အင္ဂ်င္နီယာတစ္ဦးျဖစ္ေပမယ့္ အျခားသူမ်ားထံမွ ေငြေၾကးေခ်းငွားသုံးစြဲျခင္း ေတြက ရွက္စရာေကာင္းတယ္လို႔ေဝဖန္ျပစ္တင္ခဲ့ရာမွ ႏွစ္ဦးၾကား အျငင္းပြားရန္ျဖစ္ခဲ့ျခင္းျဖစ္ၿပီး ဓါးနဲ႔ထိုးသတ္ခဲ့ ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
ႏိုင္လင္းဟာ မ်ိဳးေက်ာ္သူနဲ႔ရန္ျဖစ္ခဲ့ၿပီးေနာက္ ေနာက္ေဖးခန္းရွိ မီးဖိုေခ်ာင္မွ ဓါး ကို သြားယူခဲ့ကာ၊ မ်ိဳးေက်ာ္သူနဲ႔ ထပ္မံရန္ျဖစ္ခဲ့ရာ ဓါးနဲ႔ထိုးသတ္မိခဲ့တယ္လို႔ သိရပါတယ္။

ႏိုင္လင္းဟာ မ်ိဳးေက်ာ္သူရဲ႕ဝမ္းဗိုက္ကို ဓါးနဲ႔ေလးခ်က္၊ ဘယ္ဖက္လက္ကို ဓါးနဲ႔တစ္ခ်က္၊မ်က္ႏွာကို ဓါးနဲ႔လွီးတာ မ်ိဳးေတြလည္း လုပ္ခဲ့တယ္လို႔ သိရပါတယ္။ ႏိုင္လင္းဟာ မ်ိဳးေက်ာ္သူကို ဓါးနဲ႔ထိုးသတ္ခဲ့ၿပီးေနာက္ အခန္းကေန ထြက္သြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ရဲစခန္းမွာ အဖမ္းခံခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.