ရေးမြို့နယ်ရှိ နှင်းစုံတံတားအမှတ်(၁/၈၅) သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲခံရ

 516

NP News - စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ နှင်းစုံတံတားအမှတ်(၁/၈၅) သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲခံရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၂၁)ရက် ညနေ ၆ နာရီ ၃၅ မိနစ်အချိန်တွင် ရေးမြို့နယ်၊ လမိုင်း-တောင်ဘုံ-သောင်ပြင်-အာယုတောင်သွားကားလမ်း၊ နှင်းစုံကျေးရွာ၊ ကျောက်ခွဲစက်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း နစကမှဆိုသည်။

အဆိုပါ ကျောက်ခွဲစက်အနီးရှိ မိုင်တိုင်အမှတ် (၈၄)မိုင် (ဝ)ဖာလုံနှင့် (၅)ဖာလုံကြားတွင်ရှိသော အရှည်(၁၂ဝ)ပေ၊ အနံ(၂၄)ပေရှိသည့် နှင်းစုံသံကူကွန်ကရစ်တံတားအမှတ် (၁/၈၅) အား PDF အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း နစကမှထုတ်ပြန် ထားသည်။

ပေါက်ကွဲမှုကြောင့် သံကူကွန်ကရစ်တံတား၏ ကြမ်းခင်း(၁ဝ)ပေခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ဆိုင်ကယ်နှင့် ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ကြီးများဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ပျက်စီးသွားသောတံတားအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ေရးၿမိဳ႕နယ္ရွိ ႏွင္းစုံတံတားအမွတ္(၁/၈၅) သံကူကြန္ကရစ္တံတား မိုင္းေထာင္ေဖာက္ခြဲခံရ
NP News - စက္တင္ဘာ ၂၃

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ရွိ ႏွင္းစုံတံတားအမွတ္(၁/၈၅) သံကူကြန္ကရစ္တံတား မိုင္းေထာင္ေဖာက္ခြဲခံရေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ (၂၁)ရက္ ညေန ၆ နာရီ ၃၅ မိနစ္အခ်ိန္တြင္ ေရးၿမိဳ႕နယ္၊ လမိုင္း-ေတာင္ဘုံ-ေသာင္ျပင္-အာယုေတာင္သြားကားလမ္း၊ ႏွင္းစုံေက်း႐ြာ၊ ေက်ာက္ခြဲစက္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွဆိုသည္။

အဆိုပါ ေက်ာက္ခြဲစက္အနီးရွိ မိုင္တိုင္အမွတ္ (၈၄)မိုင္ (ဝ)ဖာလုံႏွင့္ (၅)ဖာလုံၾကားတြင္ရွိေသာ အရွည္(၁၂ဝ)ေပ၊ အနံ(၂၄)ေပရွိသည့္ ႏွင္းစုံသံကူကြန္ကရစ္တံတားအမွတ္ (၁/၈၅) အား PDF အၾကမ္းဖက္အဖြဲ႕မ်ားက မိုင္းေထာင္ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း နစကမွထုတ္ျပန္ ထားသည္။

ေပါက္ကြဲမႈေၾကာင့္ သံကူကြန္ကရစ္တံတား၏ ၾကမ္းခင္း(၁ဝ)ေပခန႔္ ပ်က္စီးဆုံးရႈံးခဲ့ၿပီး ဆိုင္ကယ္ႏွင့္ ယာဥ္ငယ္မ်ားသာ ျဖတ္သန္းသြားလာႏိုင္ၿပီး ယာဥ္ႀကီးမ်ားျဖတ္သန္းသြားလာႏိုင္ျခင္းမရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ပ်က္စီးသြားေသာတံတားအား ျပန္လည္ျပဳျပင္ႏိုင္ေရးအတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ေဆာင္႐ြက္လ်က္ရွိၿပီး တံတားအား မိုင္းေထာင္ေဖာက္ခြဲခဲ့သည့္ အၾကမ္းဖက္သမားမ်ားကို ဖမ္းဆီးအေရးယူႏိုင္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.