အချက်အလက်မှန်ကန်စွာ မဖြည့်သွင်းထားသည့် ဖုန်းဆင်းကတ်များကို အပြီးပိတ်သိမ်း၍ လက်ကျန်ငွေအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမည်ဟု အသိပေး

 846

ရဲပြည့် - (NP News) စက်တင်ဘာ ၂၃

ပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူထားသည့် ဖုန်း SIM Card များအား မှတ်ပုံတင်ရာတွင်ထည့်သွင်းရမည့် အမည်၊ မှတ်ပုံတင်နံပါတ် စသည့်အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိပါက SIM Card အား အပြီးတိုင်ပိတ်သိမ်း၍ လက်ကျန်ငွေကို ပြည့်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

SIM Card အသုံးပြုသူအချို့သည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုနေကြသည်ကို တွေ့ရှိရသဖြင့် ယင်းကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် အချက်အလက်များအား မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲရန်နှင့် လက်ရှိအသုံးပြုနေသည့် SIM Card များကိုလည်း အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍၊ မမှန်ကန်ပါက အမှန်တကယ်သုံးစွဲနေသည့် SIM Card များအား ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊
အရောင်းဆိုင်များ၊ Mobile Shop များတွင်လည်းကောင်း အချက်အလက်မှန်ကန်စွာဖြင့် ဆက်လက်ထုတ်ပြန်မည့် သတ်မှတ်ရက်မတိုင်မီ ပြန်လည်ပြင်ဆင် မှတ်ပုံတင်၍ သုံးစွဲရန်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများအနေဖြင့် SIM Card များ ရောင်းချခြင်းနှင့် အချက်အလက်များမှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းများ ဆောင်ွက်ရာတွင် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန် ၎င်းတို့မှ အသိပေးထားသည်။

အဆိုပါညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် မိမိတို့၏ SIM Card အသုံးပြုသူများထံသို့ SMS ပေးပို့၍ သတိပေးဆောင်ရွက်ရန်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။

Zawgyi Version;
Zawgyi Version;
အခ်က္အလက္မွန္ကန္စြာ မျဖည့္သြင္းထားသည့္ ဖုန္းဆင္းကတ္မ်ားကို အၿပီးပိတ္သိမ္း၍ လက္က်န္ေငြအား ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းမည္ဟု အသိေပး
ရဲျပည့္ - (NP News) စက္တင္ဘာ ၂၃

ျပည္သူမ်ားအေနျဖင့္ မိမိတို႔ဝယ္ယူထားသည့္ ဖုန္း SIM Card မ်ားအား မွတ္ပုံတင္ရာတြင္ထည့္သြင္းရမည့္ အမည္၊ မွတ္ပုံတင္နံပါတ္ စသည့္အခ်က္အလက္မ်ားအား မွန္ကန္စြာ ျဖည့္စြက္ျခင္းမရွိပါက SIM Card အား အၿပီးတိုင္ပိတ္သိမ္း၍ လက္က်န္ေငြကို ျပည့္သူ႔ဘ႑ာ အျဖစ္ သိမ္းဆည္းသြားမည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ စက္တင္ဘာ ၂၂ ရက္ေန႔တြင္ ထုတ္ျပန္ထားသည္။

SIM Card အသုံးျပဳသူအခ်ိဳ႕သည္ အမည္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္ စသည့္ အခ်က္အလက္မ်ားအား မွန္ကန္စြာ ျဖည့္စြက္ျခင္းမရွိဘဲ အသုံးျပဳေနၾကသည္ကို ေတြ႕ရွိရသျဖင့္ ယင္းကဲ့သို႔ ထုတ္ျပန္ရျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္သူမ်ားအေနျဖင့္ SIM Card မ်ား ဝယ္ယူအသုံးျပဳရာတြင္ အခ်က္အလက္မ်ားအား မွန္ကန္စြာျဖည့္စြက္၍ မွတ္ပုံတင္ဝယ္ယူသုံးစြဲရန္ႏွင့္ လက္ရွိအသုံးျပဳေနသည့္ SIM Card မ်ားကိုလည္း အခ်က္အလက္မွန္ကန္စြာ မွတ္ပုံတင္ထားျခင္း ရွိ/မရွိ ျပန္လည္စစ္ေဆး၍၊ မမွန္ကန္ပါက အမွန္တကယ္သုံးစြဲေနသည့္ SIM Card မ်ားအား ပိတ္သိမ္းခံရမႈမရွိေစေရးအတြက္ သက္ဆိုင္ရာ မိုဘိုင္းေအာ္ပေရတာမ်ား၏ Online ဝန္ေဆာင္မႈျဖင့္လည္းေကာင္း၊
အေရာင္းဆိုင္မ်ား၊ Mobile Shop မ်ားတြင္လည္းေကာင္း အခ်က္အလက္မွန္ကန္စြာျဖင့္ ဆက္လက္ထုတ္ျပန္မည့္ သတ္မွတ္ရက္မတိုင္မီ ျပန္လည္ျပင္ဆင္ မွတ္ပုံတင္၍ သုံးစြဲရန္လည္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

ထို႔ျပင္ ဆက္သြယ္ေရးေအာ္ပေရတာမ်ားႏွင့္ SIM Card ေရာင္းခ်သူမ်ားအေနျဖင့္ SIM Card မ်ား ေရာင္းခ်ျခင္းႏွင့္ အခ်က္အလက္မ်ားမွန္ကန္စြာ ျပန္လည္ျပင္ဆင္ မွတ္ပုံတင္ျခင္းမ်ား ေဆာင္ြက္ရာတြင္ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ စနစ္တက်ေဆာင္႐ြက္သြားရန္ ၎တို႔မွ အသိေပးထားသည္။

အဆိုပါၫႊန္ၾကားခ်က္မ်ားအား လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက လုပ္ထုံးလုပ္နည္းႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ဆက္သြယ္ေရးေအာ္ပေရတာမ်ားအေနျဖင့္ မိမိတို႔၏ SIM Card အသုံးျပဳသူမ်ားထံသို႔ SMS ေပးပို႔၍ သတိေပးေဆာင္႐ြက္ရန္လည္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးထားသည္။

Related news

© 2021. All rights reserved.