နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ် ပြဋ္ဌာန်းပြီးမှသာ ပါတီသစ်ထောင်လိုသူများ လျှောက်ထားနိုင်မည်

 655

မျိုးကြီး (NP News) - စက်တင်ဘာ ၂၃

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေအသစ် ပြဋ္ဌာန်းပြီးမှသာ ပါတီသစ်ထောင်လိုသူများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပါတီအသစ်များမှတ်ပုံတင်ခြင်းကို ခွင့်ပြုရန်ရှိ၊ မရှိအခြေအနေနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် မီဒီယာများကိုဖြေကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကော်မရှင်အနေဖြင့် ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲအတွေ့အကြံများနှင့် နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးတွေ့ရှိချက်များအပေါ်သုံးသပ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေ များကို အသစ်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါဥပဒေနှင့် နည်းဥပဒေများထုတ်ပြန်ပြီးပါက နိုင်ငံရေးပါတီအသစ် တည်ထောင်လိုသူများအနေဖြင့် ပါတီ တည်ထောင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခွင့်ပြုသွားမည်ဟု ကော်မရှင်က အသိပေးပြောဆိုထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီ (၉၂)ပါတီရှိပြီး ၎င်းပါတီများကို ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးလျက် ရှိရာတွင် ၈၅ ပါတီကို စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့ရာ၌ နိုင်ငံရေးပါတီအလိုက် ပါတီရန်ပုံငွေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သိန်းထောင်ဂဏန်းအထက် ရှိသောပါတီ (၂၁) ပါတီရှိပြီး သိန်းရာဂဏန်းအထက်ရှိသည့်ပါတီမှာ (၃ဝ)ခု နှင့် ပါတီရန်ပုံငွေလက်ကျန်မရှိသော ပါတီမှာ (၁၄)ပါတီရှိ ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုထားသည်။

အလားတူ နိုင်ငံရေးပါတီအလိုက် ပါတီရုံးခန်းဖွင့်လှစ်နိုင်မှုနှင့်ပတ်သက်၍ ရုံးခန်း (၁ဝဝ) နှင့်အထက် ဖွင့်လှစ်နိုင် သော ပါတီမှာ (၄) ပါတီရှိပြီး ရုံးခန်း ၁ ခန်းသာဖွင့်လှစ်နိုင်သည့်ပါတီမှာ (၁၅)ပါတီအထိရှိကြောင်း ကော်မရှင်က အသိပေးပြောဆိုထားသည်။

ထို့အတူ နိုင်ငံရေးပါတီအလိုက် ပါတီဝင်အင်အားစည်းရုံးနိုင်မှုနှင့်ပတ်သက်၍လည်း ပါတီဝင်တစ်သိန်းအထက် စည်းရုံးနိုင်သောပါတီမှာ ၄ ပါတီသာရှိပြီး ၅၀၀ နှင့် ၁၀၀၀ အကြား စည်းရုံးသောပါတီမှာ (၈)ပါတီသာ ရှိကြောင်း ကော်မရှင်က ဆိုထားသည်။

ဆက်လက်ပြီး ပါတီဝင်အင်အား တစ်သောင်းအထက် စည်းရုံးနိုင်သော နိုင်ငံရေးပါတီမှာ (၄)ပါတီရှိပြီး ငါးထောင်မှ တစ်သောင်းအတွင်း စည်းရုံးနိုင်သောပါတီ(၆)ပါတီ၊ တစ်ထောင်မှ ငါးထောင်အတွင်း စည်းရုံးနိုင်သောပါတီ (၇ဝ) ပါတီရှိကြောင်း သိရသည်။

Zawgyi Version;
Zawgyi Version;
ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအသစ္ ျပ႒ာန္းၿပီးမွသာ ပါတီသစ္ေထာင္လိုသူမ်ား ေလွ်ာက္ထားႏိုင္မည္
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၃

ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒႏွင့္ နည္းဥပေဒအသစ္ ျပ႒ာန္းၿပီးမွသာ ပါတီသစ္ေထာင္လိုသူမ်ား ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ပါတီအသစ္မ်ားမွတ္ပုံတင္ျခင္းကို ခြင့္ျပဳရန္ရွိ၊ မရွိအေျခအေနႏွင့္ပတ္သက္၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ယေန႔ စက္တင္ဘာလ ၂၃ ရက္တြင္ မီဒီယာမ်ားကိုေျဖၾကားရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္း ေျပာဆို ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ေကာ္မရွင္အေနျဖင့္ ယခင္က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲအေတြ႕အႀကံမ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ား၏ စာရင္းမ်ားကို စစ္ေဆးေတြ႕ရွိခ်က္မ်ားအေပၚသုံးသပ္ၿပီး ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒႏွင့္ နည္းဥပေဒ မ်ားကို အသစ္ျပ႒ာန္းႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း သိရသည္။

အဆိုပါဥပေဒႏွင့္ နည္းဥပေဒမ်ားထုတ္ျပန္ၿပီးပါက ႏိုင္ငံေရးပါတီအသစ္ တည္ေထာင္လိုသူမ်ားအေနျဖင့္ ပါတီ တည္ေထာင္ခြင့္ ေလွ်ာက္ထားႏိုင္မည္ျဖစ္ၿပီး ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ စိစစ္ခြင့္ျပဳသြားမည္ဟု ေကာ္မရွင္က အသိေပးေျပာဆိုထားသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးပါတီ (၉၂)ပါတီရွိၿပီး ၎ပါတီမ်ားကို ေ႐ြးေကာက္ပြဲေကာ္မရွင္က စစ္ေဆးလ်က္ ရွိရာတြင္ ၈၅ ပါတီကို စစ္ေဆးၿပီးျဖစ္ေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးခဲ့ရာ၌ ႏိုင္ငံေရးပါတီအလိုက္ ပါတီရန္ပုံေငြပိုင္ဆိုင္မႈႏွင့္ပတ္သက္၍ သိန္းေထာင္ဂဏန္းအထက္ ရွိေသာပါတီ (၂၁) ပါတီရွိၿပီး သိန္းရာဂဏန္းအထက္ရွိသည့္ပါတီမွာ (၃ဝ)ခု ႏွင့္ ပါတီရန္ပုံေငြလက္က်န္မရွိေသာ ပါတီမွာ (၁၄)ပါတီရွိ ေၾကာင္း ေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ေျပာဆိုထားသည္။

အလားတူ ႏိုင္ငံေရးပါတီအလိုက္ ပါတီ႐ုံးခန္းဖြင့္လွစ္ႏိုင္မႈႏွင့္ပတ္သက္၍ ႐ုံးခန္း (၁ဝဝ) ႏွင့္အထက္ ဖြင့္လွစ္ႏိုင္ ေသာ ပါတီမွာ (၄) ပါတီရွိၿပီး ႐ုံးခန္း ၁ ခန္းသာဖြင့္လွစ္ႏိုင္သည့္ပါတီမွာ (၁၅)ပါတီအထိရွိေၾကာင္း ေကာ္မရွင္က အသိေပးေျပာဆိုထားသည္။

ထို႔အတူ ႏိုင္ငံေရးပါတီအလိုက္ ပါတီဝင္အင္အားစည္း႐ုံးႏိုင္မႈႏွင့္ပတ္သက္၍လည္း ပါတီဝင္တစ္သိန္းအထက္ စည္း႐ုံးႏိုင္ေသာပါတီမွာ ၄ ပါတီသာရွိၿပီး ၅၀၀ ႏွင့္ ၁၀၀၀ အၾကား စည္း႐ုံးေသာပါတီမွာ (၈)ပါတီသာ ရွိေၾကာင္း ေကာ္မရွင္က ဆိုထားသည္။

ဆက္လက္ၿပီး ပါတီဝင္အင္အား တစ္ေသာင္းအထက္ စည္း႐ုံးႏိုင္ေသာ ႏိုင္ငံေရးပါတီမွာ (၄)ပါတီရွိၿပီး ငါးေထာင္မွ တစ္ေသာင္းအတြင္း စည္း႐ုံးႏိုင္ေသာပါတီ(၆)ပါတီ၊ တစ္ေထာင္မွ ငါးေထာင္အတြင္း စည္း႐ုံးႏိုင္ေသာပါတီ (၇ဝ) ပါတီရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.