ရွှေဒင်္ဂါးပြားများအား ရန်ကုန်မြို့ရှိ ကျောက်မျက်ရတနာပြတိုက်နှင့် မန္တလေးရှိ အောင်မြေသာစံမြို့နယ်တို့၌ နစကမှ စတင်ရောင်းချပေးနေ

 909

ရဲပြည့် - (NPNews) စက်တင်ဘာ ၂၃

ရွှေဒင်္ဂါးပြားများအား နေပြည်တော်အပြင် ရန်ကုန်မြို့ရှိ ကျောက်မျက်ရတနာပြတိုက်နှင့် မန္တလေးရှိ အောင်မြေသာစံမြို့နယ်တို့၌ နစကမှ စတင်ရောင်းချပေးနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေဌာနမှ သိရသည်။

အဆိုပါ ရွှေဒင်္ဂါးပြားများအား နေပြည်တော်၌သာ ရောင်းချပေးရာမှ ယနေ့ စက်တင်ဘာ(၂၃) ရ်မှစတင်၍ ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် လွတ်လပ်စွာ ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။

ရွှေဒင်္ဂါးပြားရောင်းချမည့် နေရာများအနေဖြင့် ရန်ကုန်မြို့တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်တွင် ရောင်းချပေးနေခြင်းဖြစ်ပြီး၊ မန္တလေးမြို့တွင် အောင်မြေသာစံမြို့နယ်ရှိ Star Mart တွင် ရောင်းချပေးမည်ဖြစ်ကြောင်း နှင့် ရောင်ချမည့်ရွှေဈေးနှုန်းကို ပြော၍မရသေးကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပြောခွင့်ရ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်း၏ ပြောပြ ချက်အရ သိရသည်။

၎င်းရွှေဒင်္ဂါးပြားများအား ယနေ့စတင်ရောင်းချရာတွင် တစ်ကျပ်သားလျှင် (၂၆)သိန်းကျော်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် စက်တင်ဘာ ၅ ရက် မှစတင်၍ တစ်မတ်သား ရွှေဒင်္ဂါးပြား၊ ငါးမူးသား ရွှေဒင်္ဂါးပြားနှင့် တစ်ကျပ်သား ရွှေဒင်္ဂါးပြားများအား ရောင်းချနေခြင်းဖြစ်ပြီး စတင်ရောင်းချသည့်နေ့တွင် တစ်ကျပ်သားလျှင် (၂၉)သိန်းကျော်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ယင်းနောက် ဈေးနှုန်းလျှော့ချ၍ စက်တင်ဘာ ၁၃ ရက်အထိ ၂၈ သိန်းကျော်ဖြင့် ဆက်လက်ရောင်းချခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ရွှေဒင်္ဂါးပြားများအား စက်တင်ဘာလ (၁၆)ရက်နေ့အထိ (၄၅၅)ကျပ်သားကျော် ရောင်းချပေးထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြိမ်(၂ဝ)မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယနေ့ (စက်တင်ဘာ၂၃) ရက်နေ့တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် (၁,၉၆၅,ဝဝဝ) နှုန်းဖြင့်ဈေးဖွင့်ထားပြီး ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၇၁ ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရွှေဒင်္ဂါးပြားများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ယူရောင်းချပေးနေခြင်းဖြစ်ပြီး ရွှေဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း နစကမှ အသိပေးထားသည်။

Zawgyi Version;
ေ႐ႊဒဂၤါးျပားမ်ားအား ရန္ကုန္ၿမိဳ႕ရွိ ေက်ာက္မ်က္ရတနာျပတိုက္ႏွင့္ မႏၲေလးရွိ ေအာင္ေျမသာစံၿမိဳ႕နယ္တို႔၌ နစကမွ စတင္ေရာင္းခ်ေပးေန
ရဲျပည့္ - (NPNews) စက္တင္ဘာ ၂၃

ေ႐ႊဒဂၤါးျပားမ်ားအား ေနျပည္ေတာ္အျပင္ ရန္ကုန္ၿမိဳ႕ရွိ ေက်ာက္မ်က္ရတနာျပတိုက္ႏွင့္ မႏၲေလးရွိ ေအာင္ေျမသာစံၿမိဳ႕နယ္တို႔၌ နစကမွ စတင္ေရာင္းခ်ေပးေနေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရဌာနမွ သိရသည္။

အဆိုပါ ေ႐ႊဒဂၤါးျပားမ်ားအား ေနျပည္ေတာ္၌သာ ေရာင္းခ်ေပးရာမွ ယေန႔ စက္တင္ဘာ(၂၃) ရ္မွစတင္၍ ရန္ကုန္ၿမိဳ႕ႏွင့္မႏၲေလးၿမိဳ႕တို႔တြင္ လြတ္လပ္စြာ ေရာင္းခ်ေပးေနျခင္းလည္း ျဖစ္သည္။

ေ႐ႊဒဂၤါးျပားေရာင္းခ်မည့္ ေနရာမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္ ကမာၻေအးဘုရားလမ္းေပၚရွိ ျမန္မာ့ေက်ာက္မ်က္ရတနာျပတိုက္တြင္ ေရာင္းခ်ေပးေနျခင္းျဖစ္ၿပီး၊ မႏၲေလးၿမိဳ႕တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ Star Mart တြင္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ႏွင့္ ေရာင္ခ်မည့္ေ႐ႊေဈးႏႈန္းကို ေျပာ၍မရေသးေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ေျပာခြင့္ရ ဒုတိယအၿမဲတမ္းအတြင္းဝန္ ေဒါက္တာေအာင္သူရိန္ဝင္း၏ ေျပာျပ ခ်က္အရ သိရသည္။

၎ေ႐ႊဒဂၤါးျပားမ်ားအား ယေန႔စတင္ေရာင္းခ်ရာတြင္ တစ္က်ပ္သားလွ်င္ (၂၆)သိန္းေက်ာ္ျဖင့္ ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေနျပည္ေတာ္တြင္ စက္တင္ဘာ ၅ ရက္ မွစတင္၍ တစ္မတ္သား ေ႐ႊဒဂၤါးျပား၊ ငါးမူးသား ေ႐ႊဒဂၤါးျပားႏွင့္ တစ္က်ပ္သား ေ႐ႊဒဂၤါးျပားမ်ားအား ေရာင္းခ်ေနျခင္းျဖစ္ၿပီး စတင္ေရာင္းခ်သည့္ေန႔တြင္ တစ္က်ပ္သားလွ်င္ (၂၉)သိန္းေက်ာ္ျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။

ယင္းေနာက္ ေဈးႏႈန္းေလွ်ာ့ခ်၍ စက္တင္ဘာ ၁၃ ရက္အထိ ၂၈ သိန္းေက်ာ္ျဖင့္ ဆက္လက္ေရာင္းခ်ခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ ေ႐ႊဒဂၤါးျပားမ်ားအား စက္တင္ဘာလ (၁၆)ရက္ေန႔အထိ (၄၅၅)က်ပ္သားေက်ာ္ ေရာင္းခ်ေပးထားေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အႀကိမ္(၂ဝ)ေျမာက္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

ယေန႔ (စက္တင္ဘာ၂၃) ရက္ေန႔တြင္ အကယ္ဒမီ မီးလင္းေ႐ႊ တစ္က်ပ္သားလွ်င္ ေငြက်ပ္ (၁,၉၆၅,ဝဝဝ) ႏႈန္းျဖင့္ေဈးဖြင့္ထားၿပီး ကမာၻ႔ေ႐ႊေဈး ၁ ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၆၇၁ ရွိေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ထုတ္ျပန္ထားသည္။

လက္ရွိတြင္ ေ႐ႊဒဂၤါးျပားမ်ားအား သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ တာဝန္ယူေရာင္းခ်ေပးေနျခင္းျဖစ္ၿပီး ေ႐ႊေဈးကြက္အတြင္း ေဈးႏႈန္းျမင့္တက္ေနျခင္းကို ထိန္းခ်ဳပ္ရန္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းလည္း နစကမွ အသိေပးထားသည္။

Picture

Ko Moe

23/09/2022 15:42

29 နဲ့ 19 သိန်းကျော်နဲ့ မကွာဘူးနော် 🤭

Related news

© 2021. All rights reserved.