နစက က ကျင်းပဖို့ စီစဉ်ထားတဲ့ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နိုင်ငံတကာကို အမေရိကန်အစိုးရ တိုက်တွန်းတောင်းဆို
 712
ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၃
အမေရိကန်အစိုးရဟာ နစကကို ကုလသမဂ္ဂအဖွဲ့မှတဆင့် ထပ်မံဖိအားပေးဖို့ ကြိုးပမ်းနေသလို နစကက ကျင်းပဖို့စီစဉ်ထားတဲ့ လာမယ့်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နိုင်ငံ တကာအဖွဲ့အစည်းများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒါရက်ချိုလက် က တိုက်တွန်းတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒါရက်ချိုလက် က" နစက အနေနဲ့ ဖိအားတွေ ပိုမိုခံစားရဖို့ လိုအပ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန်ခံစားမိပါတယ်" လို့ပြောပါတယ်။
၄င်းဟာ နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း မြန်မာအရေးနဲ့ပတ်သက်ပြီး အမေရိကန်သံတမန်တွေထဲ ဦးဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် ဒါရက်ချိုလက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အွန်လိုင်းအစည်းအဝေးလုပ်ခဲ့သလို NUG ကိုယ်စားလှယ်များနဲ့ အခြားနိုင်ငံများမှ အစိုးရကိုယ်စားလှယ်များနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါရစ်ချိုလက် က "မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဘယ်လောက်အတိုင်းအတာအထိ အရေးယူဖို့ခွင့်ပြုမလဲဆိုတဲ့ ကိစ္စရပ်အားလုံး လက်တွေ့ကျဖို့ လိုအပ်နေတယ်လို့ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိုးပမ်းဖို့ အရေးကြီးနေတယ်လို့ထင်ပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ နစက နဲ့ မဟာမိတ်နိုင်ငံတွေဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲရရှိနေတဲ့နိုင်ငံတွေဖြစ်တယ်" လို့ပြောပါတယ်။
နိုင်ငံတကာအစိုးရမျာအနေနဲ့ ၂ဝ၂၃ ခုနှစ် သြဂုတ်လအတွင်းကျင်းပဖို့စီစဉ်ထားတဲ့ နစက ရဲ့ရွေးကောက်ပွဲကို ယုံကြည်စိတ်ချခြင်းများ မဖြစ်သင့်ကြောင်း ဒီရက်ချိုလက်က ပြောပါတယ်။
ဒီရက်ချိုလက် က "ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိမယ့်အခွင့်အရေးရှိမှာ မဟုတ်ဘူး။ နစက ဟာ နိုင်ငံအတွင်းရှိ ပိုင်နက်နယ်မြေတစ်ဝက်လောက်ကို ထိန်းချုပ်ထားနိုင်ခြင်းမရှိဘူး။နိုင်ငံရေးအကျဉ်းသားများ ဖမ်းဆီးခံထားရတာမျိုးတွေရှိနေတယ်" လို့ပြောပါတယ်။
ကုလသမဂ္ဂလူအခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အန်ဒရူးစ့် က မြန်မာနိုင်ငံမှာကျင်းပမယ့်ရွေးကောက်ပွဲက အတုယောင်လိမ်လည်မှုရှိတဲ့ရွေးကောက်ပွဲမျိုးသာဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
Zawgyi Version;
Picture
MgThetlin
23/09/2022 16:49
မြန်မာပြည်ကိုဘယ်လိုမြင်နေကြလဲမပြေားတတ်တော့ဘူး
Picture
09689030001
23/09/2022 17:47
ဖင်ကုန်းလေ ဘိုင်ဒန်အမျိုးတွေ
Picture
Ye Htun
23/09/2022 19:21
-ီးဘဲ.အမေရိကန် ရေ.....ကန်တော့ပါဗျာ....ဘယ်လောက်အောက်တန်းကျတဲ့...နိုင်ငံကြီးသားတွေလဲဆိုတာ...
Picture
C Thu Tun
24/09/2022 15:52
​သေခါနီး ​ပြောချင်ရာ​ပြော​နေတာပါ
Related news
© 2021. All rights reserved.