ကလေး-တမူးသွားကားလမ်းအနီး လက်လုပ်မိုင်းပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့

 544

NP News - စက်တင်ဘာ ၂၃

ကလေး-တမူးသွားကားလမ်းအနီးတွင် လက်လုပ်မိုင်းပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် နေ့လည် ၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ (၅၆) မိုင်ကျေးရွာ၊ ကလေး-တမူးသွားကားလမ်းအနီးတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

၎င်းပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာတွင် နေထိုင်သူ ကိုဆန်းထူး(၃၇)နှစ်သည် ၎င်းပိုင်လယ်ကွင်းထဲတွင် ရေသွင်းရန် ရေမြောင်း မြေစာ အားထုတ်ယူနေစဉ် အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကိုဆန်းထူးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသရန် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ကေလး-တမူးသြားကားလမ္းအနီး လက္လုပ္မိုင္းေပါက္ကြဲခဲ့ရာ အမ်ိဳးသားတစ္ဦး ဒဏ္ရာရရွိခဲ့
NP News - စက္တင္ဘာ ၂၃

ကေလး-တမူးသြားကားလမ္းအနီးတြင္ လက္လုပ္မိုင္းေပါက္ကြဲခဲ့ရာ အမ်ိဳးသားတစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၂၁ ရက္ ေန႔လည္ ၂ နာရီအခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕၊ (၅၆) မိုင္ေက်း႐ြာ၊ ကေလး-တမူးသြားကားလမ္းအနီးတြင္ လက္လုပ္မိုင္းတစ္လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

၎ေပါက္ကြဲမႈေၾကာင့္ အဆိုပါေက်း႐ြာတြင္ ေနထိုင္သူ ကိုဆန္းထူး(၃၇)ႏွစ္သည္ ၎ပိုင္လယ္ကြင္းထဲတြင္ ေရသြင္းရန္ ေရေျမာင္း ေျမစာ အားထုတ္ယူေနစဥ္ အၾကမ္းဖက္အဖြဲ႕က ေထာင္ထားသည့္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ကိုဆန္းထူးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသရန္ တပ္မေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အထက္ပါျဖစ္စဥ္မွ အၾကမ္းဖက္လုပ္ရပ္မ်ား က်ဴးလြန္ခဲ့သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.