နစက၊ NUG အနေဖြင့် ရပ်ရွာနှင့် ပြည်သူလူထုအား မီးရှို့ဖျက်ဆီးကာ အကြမ်းဖက်မှုများ မပြုလုပ်ရန် ကုလသမဂ္ဂရောက် IBEC ဆရာတော် မေတ္တာရပ်ခံ

 1088

NP News - စက်တင်ဘာ ၂၃

နစက၊ NUG တို့အနေဖြင့် ရပ်ရွာနှင့် ပြည်သူလူထုအား မီးရှို့ဖျက်ဆီးကာ အကြမ်းဖက်မှုများ မပြုလုပ်ရန် ကုလသမဂ္ဂသို့ရောက်ရှိနေသော စစ်ကိုင်းမြို့ IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ က မိန့်ကြားသည်။

လက်ရှိတွင် ဆရာတော်ဒေါက်တာအရှင်သောဘိတသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသော (၇၇) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်မှစတင်ကာ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် နွေဦးတော်လှန်ရေးနှင့်အတူ ပဋိပက္ခပေါင်းစုံဖြစ်ပေါ်နေပြီး အပြစ်မဲ့ပြည်သူများစွာ ဒုက္ခ ရောက်နေရသည်ဟု IBEC ဆရာတော်က မိန့်ကြားသည်။

“ဒါကြောင့့်လို့ မြန်မာနိုင်ငံမှာ လက်ရှိ အာဏာကိုထိန်းသိမ်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို မေတ္တာရပ်ခံချင်တာက ရပ်ရွာတွေ၊ ဒေသတွေကိုဆောင်ရွက်တဲ့လုပ်ငန်းတွေမှာ မီးရှို့တာတွေ၊ ဖျက်ဆီးတာတွေ မဆောင်ရွက်ကြဖို့အတွက်လည်း မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆရာတော်ဒေါက်တာအရှင်သောဘိတ က မိန့်ကြားသည်။

မြန်မာနိုင်ငံအား ကျဆုံးနိုင်ငံ မဖြစ်စေရေးအတွက် ဘက်လိုက်ခြင်းမရှိဘဲ ကုလသမဂ္ဂ၌ တတ်စွမ်းသမျှပူးပေါင်းဆောင်ရွက်၊ တင်ပြနေခြင်းဖြစ်ကြောင်းလည်း ဆရာတော်က မိန့်သည်။

အလားတူ IBEC ဆရာတော်က “အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မထိခိုက်စေဘဲနဲ့ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု မိန့်ကြားထားသည်။

ထို့ပြင် နိုင်ငံတော်အတွင်းရှိ ပုဂ္ဂိုလ်များအားလုံးအနေဖြင့် ဘက်ပေါင်းစုံမှ အကြမ်းဖက်မှုများကို ရှောင်ရှားကြရန်နှင့် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများကိုရှောင်ရှားကြရန်လည်း ဆရာတော်က ထည့်သွင်းမေတ္တာရပ်ခံထားသည်။

ဗုဒ္ဓဘာသာရဟန်းတော်များအပါအဝင် ဘာသာရေးခေါင်းဆောင်များနှင့် အဆောက်အဦးများကို မတိုက်ခိုက်ကြရန်လည်း ဆရာတော်ဒေါက်တာအရှင်သောဘိတ က မေတ္တာရပ်ခံထား သည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်ခြင်းမှာ နစက၊ NUG တို့၏ ထောက်ပံ့မှုဖြင့် တက်ရောက်ခြင်းမဟုတ်ကြောင်း ဆရာတော်က သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ပြီး IBEC ဆရာတော်က စစ်အုပ်ချုပ်ရေးကို မကြိုက်သလို အကြမ်းဖက်မှုမှန်သမျှကိုလည်း လက်မခံကြောင်း ထည့်သွင်းမိန့်ကြားထားသည်။

Zawgyi Version;
နစက၊ NUG အေနျဖင့္ ရပ္႐ြာႏွင့္ ျပည္သူလူထုအား မီးရႈိ႕ဖ်က္ဆီးကာ အၾကမ္းဖက္မႈမ်ား မျပဳလုပ္ရန္ ကုလသမဂၢေရာက္ IBEC ဆရာေတာ္ ေမတၱာရပ္ခံ
NP News - စက္တင္ဘာ ၂၃

နစက၊ NUG တို႔အေနျဖင့္ ရပ္႐ြာႏွင့္ ျပည္သူလူထုအား မီးရႈိ႕ဖ်က္ဆီးကာ အၾကမ္းဖက္မႈမ်ား မျပဳလုပ္ရန္ ကုလသမဂၢသို႔ေရာက္ရွိေနေသာ စစ္ကိုင္းၿမိဳ႕ IBEC ဆရာေတာ္ ေဒါက္တာအရွင္ေသာဘိတ က မိန႔္ၾကားသည္။

လက္ရွိတြင္ ဆရာေတာ္ေဒါက္တာအရွင္ေသာဘိတသည္ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕၌ က်င္းပလ်က္ရွိေသာ (၇၇) ႀကိမ္ေျမာက္ ကမာၻ႔ကုလသမဂၢအေထြေထြညီလာခံသို႔ တက္ေရာက္လ်က္ရွိသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္မွစတင္ကာ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ ေႏြဦးေတာ္လွန္ေရးႏွင့္အတူ ပဋိပကၡေပါင္းစုံျဖစ္ေပၚေနၿပီး အျပစ္မဲ့ျပည္သူမ်ားစြာ ဒုကၡ ေရာက္ေနရသည္ဟု IBEC ဆရာေတာ္က မိန႔္ၾကားသည္။

“ဒါေၾကာင့့္လို႔ ျမန္မာႏိုင္ငံမွာ လက္ရွိ အာဏာကိုထိန္းသိမ္းထားတဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ေမတၱာရပ္ခံခ်င္တာက ရပ္႐ြာေတြ၊ ေဒသေတြကိုေဆာင္႐ြက္တဲ့လုပ္ငန္းေတြမွာ မီးရႈိ႕တာေတြ၊ ဖ်က္ဆီးတာေတြ မေဆာင္႐ြက္ၾကဖို႔အတြက္လည္း ေမတၱာရပ္ခံခ်င္ပါတယ္” ဟု ဆရာေတာ္ေဒါက္တာအရွင္ေသာဘိတ က မိန႔္ၾကားသည္။

ျမန္မာႏိုင္ငံအား က်ဆုံးႏိုင္ငံ မျဖစ္ေစေရးအတြက္ ဘက္လိုက္ျခင္းမရွိဘဲ ကုလသမဂၢ၌ တတ္စြမ္းသမွ်ပူးေပါင္းေဆာင္႐ြက္၊ တင္ျပေနျခင္းျဖစ္ေၾကာင္းလည္း ဆရာေတာ္က မိန႔္သည္။

အလားတူ IBEC ဆရာေတာ္က “အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြကလည္း ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြကို မထိခိုက္ေစဘဲနဲ႔ေဆာင္႐ြက္ၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္” ဟု မိန႔္ၾကားထားသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အတြင္းရွိ ပုဂၢိဳလ္မ်ားအားလုံးအေနျဖင့္ ဘက္ေပါင္းစုံမွ အၾကမ္းဖက္မႈမ်ားကို ေရွာင္ရွားၾကရန္ႏွင့္ အျပစ္မဲ့ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို သတ္ျဖတ္ျခင္း၊ ေက်း႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္းမ်ားကိုေရွာင္ရွားၾကရန္လည္း ဆရာေတာ္က ထည့္သြင္းေမတၱာရပ္ခံထားသည္။

ဗုဒၶဘာသာရဟန္းေတာ္မ်ားအပါအဝင္ ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ အေဆာက္အဦးမ်ားကို မတိုက္ခိုက္ၾကရန္လည္း ဆရာေတာ္ေဒါက္တာအရွင္ေသာဘိတ က ေမတၱာရပ္ခံထား သည္။

ကမာၻ႔ကုလသမဂၢအေထြေထြညီလာခံသို႔တက္ေရာက္ျခင္းမွာ နစက၊ NUG တို႔၏ ေထာက္ပံ့မႈျဖင့္ တက္ေရာက္ျခင္းမဟုတ္ေၾကာင္း ဆရာေတာ္က သတင္းထုတ္ျပန္ထားသည္။

ဆက္လက္ၿပီး IBEC ဆရာေတာ္က စစ္အုပ္ခ်ဳပ္ေရးကို မႀကိဳက္သလို အၾကမ္းဖက္မႈမွန္သမွ်ကိုလည္း လက္မခံေၾကာင္း ထည့္သြင္းမိန႔္ၾကားထားသည္။

Picture

san yuko

24/09/2022 09:08

သာဓုသာဓုသာဓုပါအရှင်ဘုရား

Related news

© 2021. All rights reserved.