ရန်ကုန်မြို့ သမိုင်းလမ်းဆုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိ

 1138

NP News - စက်တင်ဘာ ၂၃

ရန်ကုန်တိုင်း၊ မရမ်းကုန်မြို့နယ်ရှိ သမိုင်းလမ်းဆုံ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၂၃ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းလမ်းဆုံ ရှိ ယာဉ်ထိန်းရဲရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် လတ်တလောသတင်းများအရ အရပ်သား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာတွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

သမိုင်းလမ်းဆုံရှိ လုံခြုံရေးတာဝန်ထမ်းဆောင်သော တပ်ဖွဲ့ဝင်များနေထိုင်သည့် နှစ်ထပ်အဆောက်အဦးမှာ မကြာခဏတိုက်ခိုက်ခံရမှုများရှိခဲ့ကြောင်း ဖြစ်စဉ်များအရ သိရသည်။

ပြီးခဲ့သော မေလအတွင်းကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနေထိုင်သော နှစ်ထပ်အဆောက် အဦးမှာ တိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့မှုများရှိကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕ သမိုင္းလမ္းဆုံ၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ (၂)ဦး ထိခိုက္ဒဏ္ရာရရွိ
NP News - စက္တင္ဘာ ၂၃

ရန္ကုန္တိုင္း၊ မရမ္းကုန္ၿမိဳ႕နယ္ရွိ သမိုင္းလမ္းဆုံ၌ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ႏွစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယေန႔ စက္တင္ဘာ ၂၃ ရက္ ေန႔လည္ ၁၂ နာရီအခ်ိန္ခန႔္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ (၂)ရပ္ကြက္၊ သမိုင္းလမ္းဆုံ ရွိ ယာဥ္ထိန္းရဲ႐ုံးအနီးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဗုံးေပါက္ကြဲမႈေၾကာင့္ လတ္တေလာသတင္းမ်ားအရ အရပ္သား(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရၿပီး သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အခင္းျဖစ္ပြားရာေနရာတြင္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

သမိုင္းလမ္းဆုံရွိ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေသာ တပ္ဖြဲ႕ဝင္မ်ားေနထိုင္သည့္ ႏွစ္ထပ္အေဆာက္အဦးမွာ မၾကာခဏတိုက္ခိုက္ခံရမႈမ်ားရွိခဲ့ေၾကာင္း ျဖစ္စဥ္မ်ားအရ သိရသည္။

ၿပီးခဲ့ေသာ ေမလအတြင္းကလည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားေနထိုင္ေသာ ႏွစ္ထပ္အေဆာက္ အဦးမွာ တိုက္ခိုက္ခံခဲ့ရၿပီး တပ္ဖြဲ႕ဝင္အခ်ိဳ႕ထိခိုက္ဒဏ္ရာရရွိခဲ့မႈမ်ားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.