မုံရွာမြို့၊ မြို့ပတ်လမ်း၌ ပီနံအိတ်ထဲတွင် မီးရှို့အသတ်ခံထားရသော အသက်(၂ဝ)နှစ်ခန့်အမျိုးသမီး အလောင်းတစ်လောင်းတွေ့ရှိ

 1000

NP News - စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့ပတ်လမ်း၌ ပီနံအိတ်ထဲတွင် မီးရှို့အသတ်ခံထားရသော အသက် (၂ဝ)နှစ်ခန့် အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး) မှ သတင်းရရှိသည်။

မုံရွာမြို့၊ မြို့ပတ်လမ်းရှိ စက်မှုဇုန်အနီးတွင် ယနေ့(စက်တင်ဘာ ၂၃ ရက်) နံနက် ၁ဝ နာရီအချိန်ခန့်တွင် အဆိုပါအမျိုးသမီးအလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

မြို့ပတ်လမ်းရှိ စက်မှုဇုန်အနီး၌ ပီနံအိတ်တစ်လုံးထဲတွင် အလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)မှ သယ်ယူရန်သွားရောက်ခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးမှာ အသက်(၂ဝ)နှစ်ခန့်ရှိပြီး ပီနံအိတ်ထဲတွင် လက်ကျိုးတုတ်ထား၍ ဓာတ်ဆီလောင်းမီးရှို့ခံထားရသော အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ဆိုသည်။

အဆိုပါအလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး) မှ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

Zawgyi Version;
မုံ႐ြာၿမိဳ႕၊ ၿမိဳ႕ပတ္လမ္း၌ ပီနံအိတ္ထဲတြင္ မီးရႈိ႕အသတ္ခံထားရေသာ အသက္(၂ဝ)ႏွစ္ခန႔္အမ်ိဳးသမီး အေလာင္းတစ္ေလာင္းေတြ႕ရွိ
NP News - စက္တင္ဘာ ၂၃

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ ၿမိဳ႕ပတ္လမ္း၌ ပီနံအိတ္ထဲတြင္ မီးရႈိ႕အသတ္ခံထားရေသာ အသက္ (၂ဝ)ႏွစ္ခန႔္ အမ်ိဳးသမီးအေလာင္းတစ္ေလာင္း ေတြ႕ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာၿမိဳ႕နယ္႐ုံး) မွ သတင္းရရွိသည္။

မုံ႐ြာၿမိဳ႕၊ ၿမိဳ႕ပတ္လမ္းရွိ စက္မႈဇုန္အနီးတြင္ ယေန႔(စက္တင္ဘာ ၂၃ ရက္) နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ အဆိုပါအမ်ိဳးသမီးအေလာင္းအား ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါလူမႈကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။

ၿမိဳ႕ပတ္လမ္းရွိ စက္မႈဇုန္အနီး၌ ပီနံအိတ္တစ္လုံးထဲတြင္ အေလာင္းတစ္ေလာင္းေတြ႕ရွိေၾကာင္း သတင္းအရ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာၿမိဳ႕နယ္႐ုံး)မွ သယ္ယူရန္သြားေရာက္ခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူအမ်ိဳးသမီးမွာ အသက္(၂ဝ)ႏွစ္ခန႔္ရွိၿပီး ပီနံအိတ္ထဲတြင္ လက္က်ိဳးတုတ္ထား၍ ဓာတ္ဆီေလာင္းမီးရႈိ႕ခံထားရေသာ အေနအထားျဖင့္ ေသဆုံးေနျခင္းျဖစ္ေၾကာင္း ကယ္ဆယ္ေရးအဖြဲ႕မွ ဆိုသည္။

အဆိုပါအေလာင္းအား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာၿမိဳ႕နယ္႐ုံး) မွ မုံ႐ြာၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

Related news

© 2021. All rights reserved.