ထိုင်ဝမ်ကို တရုတ်ရဲ့ပိတ်ဆို့ခြင်းများက စစ်ပွဲဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ထိုင်ဝမ်လုံခြုံရေးအဖွဲ့ ဆို

 630

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၃

ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ပိတ်ဆို့ခြင်းများ ဒါမှမဟုတ် သိမ်းယူခြင်းများက စစ်ပွဲဖြစ်လာအောင်ဖန်တီးတဲ့လုပ်ရပ်များဖြစ်ကြောင်း၊ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံအပေါ် အညံ့ခံအရှံးပေးသွားမှာမဟုတ်ကြောင်း ထိုင်ဝမ်လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ် နဲ့ ထိုင်ဝမ်အစိုးရအဖွဲ့တာဝန်ရှိသူများက ထိုင်ဝမ်ဟာ ငြိမ်းချမ်းရေးလိုလားပေမယ့် တိုက်ခိုက်မှုများရှိလာမယ်ဆိုရင်တော့ ကာကွယ်သွားရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

တရုတ်ဘက်က သတ်မှတ်ထားတဲ့စည်းကမ်းများကို လက်ခံစေဖို့ ဖိအားပေးမှုအဖြစ် ထိုင်ဝမ်ကို ပိတ်ဆို့မှုများလုပ်ဆောင်ခြင်းနဲ့ ထိုင်ဝမ်ကိုသိမ်းယူဖို့ လုပ်ဆောင်ခြင်းများက စစ်ပွဲဖြစ်လာနိုင်ုင်ယ်ရှိနေကြောင်း ထိုင်ဝမ်လုံခြုံရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိုင်ဝမ်ကို ပြီးခဲ့တဲ့ သြဂုတ်လမှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပီလိုစီသွားရောက်ခဲ့ပြီးနောက် ထိုင်ဝမ် နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

နန်စီပီလိုစီ လာရောက်မှုကိုတုံ့ပြန်မှုအဖြစ် တရုတ်စစ်ဘက်ဟာ ထိုင်ဝမ်ကျွန်းနားမှာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ပါတယ်။ ထိုင်ဝမ်ကို နန်စီပီလိုစီ လာရောက်ပြီးနောက် တရုတ်စစ်ဘက်ရဲ့တုံ့ပြန်မှုများက အခြေအနေများကို ဆိုးသထက် ဆိုးလာစေခဲ့ကြောင်း ထိုင်ဝမ်လုံခြုံရေးအဖွဲ့အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

၄င်းက "ထိုင်ဝမ်ကို ပိတ်ဆို့တားဆီးခြင်းများလုပ်ဆောင်မယ်ဆိုရင် စစ်ပွဲတစ်ခုဖြစ်လာစေနိုင်တယ်" လို့ပြောပါတယ်။
တရုတ်အစိုးရဟာ လက်ရှိအချိန်မှာ ထိုင်ဝမ်ကို ပိတ်ဆို့ခြင်းများလုပ်ဖို့ အလားလာမရှိသေးကြောင်း၊ ထိုင်ဝမ်လုံခြုံရေးအဖွဲ့အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

၄င်းက "စေ့စပ်ဆွေးနွေးမှု ဒါမှမဟုတ် လက်နက်ချအညံ့ခံစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်ဝမ်ကျွန်းကိုသိမ်းပိုက်ဖို့ရည်ရွယ်လုပ်ဆောင်မယ်ဆိုရင် စစ်ပွဲဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ဟာ တရုတ်ကို အညံ့ခံတာမျိုးတွေ၊ စေ့စပ်ဆွေးနွေးတာတွေ လုပ်ဆောင်မှာမဟုတ်ဘူး" လို့ပြောပါတယ်။

Zawgyi Version;
ထိုင္ဝမ္ကို တ႐ုတ္ရဲ႕ပိတ္ဆို႔ျခင္းမ်ားက စစ္ပြဲျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ထိုင္ဝမ္လုံၿခဳံေရးအဖြဲ႕ ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၃

ထိုင္ဝမ္ကို တ႐ုတ္ႏိုင္ငံရဲ႕ပိတ္ဆို႔ျခင္းမ်ား ဒါမွမဟုတ္ သိမ္းယူျခင္းမ်ားက စစ္ပြဲျဖစ္လာေအာင္ဖန္တီးတဲ့လုပ္ရပ္မ်ားျဖစ္ေၾကာင္း၊ ထိုင္ဝမ္ဟာ တ႐ုတ္ႏိုင္ငံအေပၚ အညံ့ခံအရွံးေပးသြားမွာမဟုတ္ေၾကာင္း ထိုင္ဝမ္လုံၿခဳံေရးတာဝန္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ထိုင္ဝမ္သမၼတ ဆိုင္အမ္ဝမ္ နဲ႔ ထိုင္ဝမ္အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားက ထိုင္ဝမ္ဟာ ၿငိမ္းခ်မ္းေရးလိုလားေပမယ့္ တိုက္ခိုက္မႈမ်ားရွိလာမယ္ဆိုရင္ေတာ့ ကာကြယ္သြားရမွာျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။

တ႐ုတ္ဘက္က သတ္မွတ္ထားတဲ့စည္းကမ္းမ်ားကို လက္ခံေစဖို႔ ဖိအားေပးမႈအျဖစ္ ထိုင္ဝမ္ကို ပိတ္ဆို႔မႈမ်ားလုပ္ေဆာင္ျခင္းနဲ႔ ထိုင္ဝမ္ကိုသိမ္းယူဖို႔ လုပ္ေဆာင္ျခင္းမ်ားက စစ္ပြဲျဖစ္လာႏိုင္ုင္ယ္ရွိေနေၾကာင္း ထိုင္ဝမ္လုံၿခဳံေရးအဖြဲ႕တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ထိုင္ဝမ္ကို ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒နန္စီပီလိုစီသြားေရာက္ခဲ့ၿပီးေနာက္ ထိုင္ဝမ္ နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈအရွိန္ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။

နန္စီပီလိုစီ လာေရာက္မႈကိုတုံ႔ျပန္မႈအျဖစ္ တ႐ုတ္စစ္ဘက္ဟာ ထိုင္ဝမ္ကြၽန္းနားမွာ ႀကီးမားတဲ့ စစ္ေရးေလ့က်င့္ခန္းမ်ားလုပ္ေဆာင္ခဲ့ပါတယ္။ ထိုင္ဝမ္ကို နန္စီပီလိုစီ လာေရာက္ၿပီးေနာက္ တ႐ုတ္စစ္ဘက္ရဲ႕တုံ႔ျပန္မႈမ်ားက အေျခအေနမ်ားကို ဆိုးသထက္ ဆိုးလာေစခဲ့ေၾကာင္း ထိုင္ဝမ္လုံၿခဳံေရးအဖြဲ႕အႀကီးတန္းအရာရွိတစ္ဦးက ေျပာပါတယ္။

၄င္းက "ထိုင္ဝမ္ကို ပိတ္ဆို႔တားဆီးျခင္းမ်ားလုပ္ေဆာင္မယ္ဆိုရင္ စစ္ပြဲတစ္ခုျဖစ္လာေစႏိုင္တယ္" လို႔ေျပာပါတယ္။
တ႐ုတ္အစိုးရဟာ လက္ရွိအခ်ိန္မွာ ထိုင္ဝမ္ကို ပိတ္ဆို႔ျခင္းမ်ားလုပ္ဖို႔ အလားလာမရွိေသးေၾကာင္း၊ ထိုင္ဝမ္လုံၿခဳံေရးအဖြဲ႕အႀကီးတန္းအရာရွိတစ္ဦးက ေျပာပါတယ္။

၄င္းက "ေစ့စပ္ေဆြးေႏြးမႈ ဒါမွမဟုတ္ လက္နက္ခ်အညံ့ခံေစလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ထိုင္ဝမ္ကြၽန္းကိုသိမ္းပိုက္ဖို႔ရည္႐ြယ္လုပ္ေဆာင္မယ္ဆိုရင္ စစ္ပြဲျဖစ္လာႏိုင္တယ္။ ကြၽန္ေတာ္တို႔ဟာ တ႐ုတ္ကို အညံ့ခံတာမ်ိဳးေတြ၊ ေစ့စပ္ေဆြးေႏြးတာေတြ လုပ္ေဆာင္မွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

Picture

Ko Moe

23/09/2022 18:33

ဆောက်ပျိူကြီးက စစ်ဗိုလ်ချူပ်တွေ ချိူချိူတိုက်လိုက် အမေရိကန်တွေ ချိူတိုက်လိုက်နဲ့ လုပ်စားတတ်တာကြီးကို လွန်ရောပါပဲ နော်။ကျနော်တို့မှာတော့ လက်နက်ကိုင် အဖွဲ့တွေ တပုံတပင်နဲ့ စစ်တိုက်နေရတာ တိုးတက်အောင် ဘာမှကို လုပ်ချိန်မရပါဘူး။ပြည်တွင်းက တရုတ်တွေကလည်း တိုင်းပြည်ဒေါ်လာရဖို့ထက် ဒေါ်လာကုန်အောင် လုပ်နေတာက များများနဲ့ တော့ မပြောချင်တော့ပါဘူး။တရုတ် အနီ အစိမ်းတို့ရယ်။ဟန်ပြပြီး အမေရိကန်စီက နည်းပညာယူတာမျိူး သဘောကျတယ်ဗျာ။

Picture

Ko Moe

23/09/2022 18:34

ဆောက်ပျိူကြီးက စစ်ဗိုလ်ချူပ်တွေ ချိူချိူတိုက်လိုက် အမေရိကန်တွေ ချိူတိုက်လိုက်နဲ့ လုပ်စားတတ်တာကြီးကို လွန်ရောပါပဲ နော်။ကျနော်တို့မှာတော့ လက်နက်ကိုင် အဖွဲ့တွေ တပုံတပင်နဲ့ စစ်တိုက်နေရတာ တိုးတက်အောင် ဘာမှကို လုပ်ချိန်မရပါဘူး။ပြည်တွင်းက တရုတ်တွေကလည်း တိုင်းပြည်ဒေါ်လာရဖို့ထက် ဒေါ်လာကုန်အောင် လုပ်နေတာက များများနဲ့ တော့ မပြောချင်တော့ပါဘူး။တရုတ် အနီ အစိမ်းတို့ရယ်။ဟန်ပြပြီး အမေရိကန်စီက နည်းပညာယူတာမျိူး သဘောကျတယ်ဗျာ။

Related news

© 2021. All rights reserved.