ရုရှား၊ အီရန်နှင့် တရုတ်တို့သည် ရေတပ်ချင်းပူးတွဲ စစ်ရေးလေ့ကျင့်မည်

 772

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၃

အီရန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို ယခုဆောင်းဦးရာသီတွင် ပြုလုပ်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ Mehr သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အိုမန်နှင့် ပါကစ္စတန်နိုင်ငံတို့အပါအဝင် အခြားနိုင်ငံများသည်လည်း အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နိုင် ကြောင်း အီရန်နိုင်ငံ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမိုဟာမက်ဘဟာရီ က ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေးကြောင်းသိရသည်။

အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းသည် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မက်ဇ်ရေလက်ကြားအထိ ကျယ်ပြန့်ပြီး ကမ္ဘာ့ စျေးကွက်သို့ ရေနံတင်ပို့သည့် အဓိကရေလမ်းကြောင်းတစ်ခုလည်းဖြစ်သည်။ အီရန်နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြ ချက်များအရ သတ်မှတ်ထားခြင်းမရှိသော ဒေသတွင်းခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နိုင်ငံ သုံးနိုင်ငံသည် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူက အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုကို သာမန်စစ်ရေးဖလှယ် လေ့ကျင့်မှုများအဖြစ် ဖော်ပြခဲ့ကြောင်းသိရသည်။

အဆိုပါသုံးနိုင်ငံ၏ နောက်ဆုံးစစ်ရေးလေ့ကျင့်မှုသည် ဇန်နဝါရီလ က ဖြစ်ကြောင်းသိရသည်။ အီရန်သည် ၎င်း၏ နျူကလီးယားအစီအစဉ်အပေါ် အမေရိကန်နိုင်ငံ၏ပိတ်ဆို့အရေးယူမှုများ ဆက်လက်ခံနေရဆဲဖြစ်သောကြောင့် သံတမန်ရေးနှင့် စီးပွားရေးဆက်သွယ်မှုများကို ချဲ့ထွင်နေသည့်နိုင်ငံဖြစ်သည်။

ထို့အပြင် ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုကြောင့် ရုရှားသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများရင်ဆိုင်ခဲ့ရကာ အနောက်အုပ်စုနိုင်ငံများနှင့် အပြန်အလှန်ကုန်သွယ်မှုအများအပြား ပြတ်တောက်သွားခဲ့ကြောင်းသိရသည်။

Zawgyi Version;
႐ုရွား၊ အီရန္ႏွင့္ တ႐ုတ္တို႔သည္ ေရတပ္ခ်င္းပူးတြဲ စစ္ေရးေလ့က်င့္မည္
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၂၃

အီရန္၊ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ အိႏၵိယသမုဒၵရာေျမာက္ပိုင္းတြင္ ပူးတြဲေရတပ္စစ္ေရးေလ့က်င့္မႈကို ယခုေဆာင္းဦးရာသီတြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း အီရန္ႏိုင္ငံ Mehr သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။

အိုမန္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔အပါအဝင္ အျခားႏိုင္ငံမ်ားသည္လည္း အဆိုပါစစ္ေရးေလ့က်င့္မႈတြင္ ပါဝင္ႏိုင္ ေၾကာင္း အီရန္ႏိုင္ငံ စစ္ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီးမိုဟာမက္ဘဟာရီ က ေျပာၾကားခဲ့ၿပီး ေနာက္ထပ္အေသးစိတ္ အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။

အိႏၵိယသမုဒၵရာေျမာက္ပိုင္းသည္ ပါရွန္ပင္လယ္ေကြ႕ႏွင့္ ေဟာ္မက္ဇ္ေရလက္ၾကားအထိ က်ယ္ျပန႔္ၿပီး ကမာၻ႔ ေစ်းကြက္သို႔ ေရနံတင္ပို႔သည့္ အဓိကေရလမ္းေၾကာင္းတစ္ခုလည္းျဖစ္သည္။ အီရန္ႏိုင္ငံပိုင္မီဒီယာမ်ား၏ ေဖာ္ျပ ခ်က္မ်ားအရ သတ္မွတ္ထားျခင္းမရွိေသာ ေဒသတြင္းၿခိမ္းေျခာက္မႈမ်ားကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ ႏိုင္ငံ သုံးႏိုင္ငံသည္ ၂ဝ၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ ပူးတြဲစစ္ေရးေလ့က်င့္မႈကို စတင္ခဲ့ေၾကာင္းသိရသည္။

တ႐ုတ္ႏိုင္ငံ၏ စစ္ဘက္ဆိုင္ရာေျပာေရးဆိုခြင့္ရွိသူက အဆိုပါပူးတြဲစစ္ေရးေလ့က်င့္မႈကို သာမန္စစ္ေရးဖလွယ္ ေလ့က်င့္မႈမ်ားအျဖစ္ ေဖာ္ျပခဲ့ေၾကာင္းသိရသည္။

အဆိုပါသုံးႏိုင္ငံ၏ ေနာက္ဆုံးစစ္ေရးေလ့က်င့္မႈသည္ ဇန္နဝါရီလ က ျဖစ္ေၾကာင္းသိရသည္။ အီရန္သည္ ၎၏ န်ဴကလီးယားအစီအစဥ္အေပၚ အေမရိကန္ႏိုင္ငံ၏ပိတ္ဆို႔အေရးယူမႈမ်ား ဆက္လက္ခံေနရဆဲျဖစ္ေသာေၾကာင့္ သံတမန္ေရးႏွင့္ စီးပြားေရးဆက္သြယ္မႈမ်ားကို ခ်ဲ႕ထြင္ေနသည့္ႏိုင္ငံျဖစ္သည္။

ထို႔အျပင္ ယူကရိန္းႏိုင္ငံအေပၚ က်ဴးေက်ာ္မႈေၾကာင့္ ႐ုရွားသည္ အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔မႈမ်ားရင္ဆိုင္ခဲ့ရကာ အေနာက္အုပ္စုႏိုင္ငံမ်ားႏွင့္ အျပန္အလွန္ကုန္သြယ္မႈအမ်ားအျပား ျပတ္ေတာက္သြားခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.