စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ် (၅၂ဝဝ)ကျော်အထိရှိလာပြီး သေဆုံးသူ (၁ဝ)ဦး ထက်မနည်း ရှိလာခဲ့

 490

ယွန်း (NP News) - စက်တင်ဘာ ၂၃

၂ဝ၂၂ ခုနှစ်၏ စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ် (၅၂ဝဝ)ကျော်အထိရှိလာပြီး သေဆုံးသူ (၁ဝ)ဦးထက်မနည်း ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရသိရသည်။

မြန်မာနိုင်ငံတွင် ယခုလ(စက်တင်ဘာလ)အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ပိုမိုမြင့်တက်လာခဲ့ပြီး သေဆုံးမှုများလည်းရှိလာခဲ့ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

စက်တင်ဘာ(၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် (၅၂၃၂) ဦးအထိရှိလာခဲ့ပြီး သေဆုံးခဲ့သူ(၁၄)ဦးအထိရှိခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ စက်တင်ဘာ (၁)ရက်၊ (၄)ရက်၊ (၅)ရက်၊ (၆)ရက်၊ (၁၃)ရက်၊ (၁၄)ရက်၊ (၂၁)ရက်နှင့် (၂၂)ရက်တို့တွင် သေဆုံးသူ (၁) ဦးစီရှိခဲ့ပြီး စက်တင်ဘာ (၁၈)ရက်၊ (၁၉)ရက်နှင့် (၂ဝ)ရက်တို့တွင် (၂)ဦးစီ သေဆုံးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၂ ရက်နေ့ ည(၈)နာရီအချိန်ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ် (၄ဝ၉)ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ (၁)ဦးရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ (၂၂)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ စုစုပေါင်းမှာ (၆၂ဝ၄၄၄)ဦးရှိပြီး သေဆုံးသူ (၁၉၄၅၂)ဦးအထိရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်ရန် ပြည်သူများအား တိုက်တွန်းထားပြီးဖြစ်သည်။

Zawgyi Version;
စက္တင္ဘာလအတြင္း ကိုဗစ္-၁၉ေရာဂါ အတည္ျပဳလူနာသစ္ (၅၂ဝဝ)ေက်ာ္အထိရွိလာၿပီး ေသဆုံးသူ (၁ဝ)ဦး ထက္မနည္း ရွိလာခဲ့
ယြန္း (NP News) - စက္တင္ဘာ ၂၃

၂ဝ၂၂ ခုႏွစ္၏ စက္တင္ဘာလအတြင္း ကိုဗစ္-၁၉ေရာဂါ အတည္ျပဳလူနာသစ္ (၅၂ဝဝ)ေက်ာ္အထိရွိလာၿပီး ေသဆုံးသူ (၁ဝ)ဦးထက္မနည္း ရွိလာခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရသိရသည္။

ျမန္မာႏိုင္ငံတြင္ ယခုလ(စက္တင္ဘာလ)အတြင္း ကိုဗစ္-၁၉ေရာဂါ ကူးစက္ျဖစ္ပြားမႈမွာ ပိုမိုျမင့္တက္လာခဲ့ၿပီး ေသဆုံးမႈမ်ားလည္းရွိလာခဲ့ေၾကာင္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။

စက္တင္ဘာ(၁)ရက္ေန႔မွ (၂၂)ရက္ေန႔အထိ ကိုဗစ္-၁၉ ေရာဂါ အတည္ျပဳလူနာသစ္ (၅၂၃၂) ဦးအထိရွိလာခဲ့ၿပီး ေသဆုံးခဲ့သူ(၁၄)ဦးအထိရွိခဲ့သည္။

က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ စက္တင္ဘာ (၁)ရက္၊ (၄)ရက္၊ (၅)ရက္၊ (၆)ရက္၊ (၁၃)ရက္၊ (၁၄)ရက္၊ (၂၁)ရက္ႏွင့္ (၂၂)ရက္တို႔တြင္ ေသဆုံးသူ (၁) ဦးစီရွိခဲ့ၿပီး စက္တင္ဘာ (၁၈)ရက္၊ (၁၉)ရက္ႏွင့္ (၂ဝ)ရက္တို႔တြင္ (၂)ဦးစီ ေသဆုံးခဲ့ေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၏ စက္တင္ဘာ ၂၂ ရက္ေန႔ ည(၈)နာရီအခ်ိန္ထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ေရာဂါ အတည္ျပဳလူနာသစ္ (၄ဝ၉)ဦးရွိခဲ့ၿပီး ေရာဂါကူးစက္ခံရမႈေၾကာင့္ ေသဆုံးသူ (၁)ဦးရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ စက္တင္ဘာလ (၂၂)ရက္ေန႔အထိ ကိုဗစ္-၁၉ေရာဂါကူးစက္ခံရသူ စုစုေပါင္းမွာ (၆၂ဝ၄၄၄)ဦးရွိၿပီး ေသဆုံးသူ (၁၉၄၅၂)ဦးအထိရွိေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနမွ ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ား ထုတ္ျပန္ထားၿပီး လိုက္နာေဆာင္႐ြက္ရန္ ျပည္သူမ်ားအား တိုက္တြန္းထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.