အလှူခံမဏ္ဍပ်တွင် ထိုင်နေသော အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍သေဆုံးမှု လောင်းလုံးမြို့တွင်ဖြစ်ပွား

 612

NP News - စက်တင်ဘာ ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အလှူခံမဏ္ဍပ်၌ ထိုင်နေသော အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၂ရက်၊ နေ့လည် ၂နာရီအချိန်ခန့်တွင် လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာနှင့် ကျောက်မတ္တပ်ကျေးရွာကြားရှိ အောက်ကျောက်ဝပ်-ရှင်မော်ဘုရားသွား ကားလမ်းပေါ်ရှိ ဇင်းကျွန်းဘုရားအလှူခံမဏ္ဍပ်၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာတွင် နေထိုင်သူ ဦးမြင့်စိန်(၅၄)နှစ်သည် ၎င်းအလှူခံမဏ္ဍပ်၌ ထိုင်နေချိန်တွင် အလှူခံမဏ္ဍပ်သို့ အကြမ်း ဖက်အမျိုးသား(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်လာပြီး ဦးမြင့်စိန်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်စိန်တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ(၃) ချက်၊ နားဘေးကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်တို့ရရှိကာ အခင်းဖြစ်ရာနေရာ၌ သေ ဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆိုသည်။

အလားတူ ည၈နာရီအချိန်တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့၌ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှာ ရေဖြူမြို့နယ်၊ မူဒူးကျေးရွာတွင် နေထိုင်သူ ဦးစန်းနိုင်(၄ဝ)နှစ်သည် ပင်လယ်သို့ ငါးဖမ်းထွက်သည့်အချိန်၌နားနေနိုင်ရန် ဆောက်ထားသည့် ထိန်ကြီးကျေး ရွာကမ်းစပ်ရှိ တဲအဆောက်အဦး၌ အကြမ်းဖက်သမား(၅) ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

၎င်းပစ်ခတ်မှုကြောင့် ဦးစန်းနိုင်သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi verison
NP News - စက်တင်ဘာ ၂၄








Picture

MgThetlin

24/09/2022 13:18

ဘာလို့မဲမဲမင်တိုင်လိုက်သတ်နေကြတာလဲ

Picture

win myint soe

24/09/2022 15:22

တဖြေးဖြေး နဲ့လူသတ်အကြမ်းဖက်တွေဖြစ်နေပြီ ဘာဒီမိုကရေးစီရေးလဲရွံစရာကောင်းတယ်

Related news

© 2021. All rights reserved.