ကုလ၌ အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် ကျင့်ဝတ်စည်းကမ်းများနှင့် အခြေခံမူများကို လိုက်နာဆောင်ရွက်သင့်ကြောင်း မြန်မာတုံ့ပြန်

 872

NP News - စက်တင်ဘာ ၂၄

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ အထူးအစီရင်ခံစာတင်သွင်းသော တွန်အန်ဒရူးစ်အနေဖြင့် ကျင့်ဝတ်စည်းကမ်းများ နှင့် အခြေခံမူများကို လိုက်နာဆောင်ရွက်သင့်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တုံ့ပြန်ထားသည်။

စက်တင်ဘာလ ၂၁ ရက်က ပြုလုပ်ခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၁) ကြိမ်မြောက်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ တွန်အန်ဒရူးစ်က နှုတ်ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးအား သက်ဆိုင်ရာနိုင်ငံမှပါဝင်ခြင်းမရှိဘဲ ထပ်မံပြုလုပ်ခဲ့သည့်အတွက် စိတ်ပျက်ဖွယ်ဖြစ်ရကြောင်းနှင့် အချိန်ကို အလဟသပြုန်းတီးစေခြင်းသာဖြစ်ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တုံ့ပြန်ထားသည်။

ထို့ပြင် အထူးအစီရင်ခံစာတင်သွင်းသူသည် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အရေးယူမှုများနှင့် ပိတ်ဆို့ကန့်သတ်မှုများ ချမှတ်စေရန် အားပေးအားမြှောက်ပြုလျက် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအခွင့်အရေးများအပြင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေးများအ ပေါ် ချိုးဖောက်မှုများကို ထင်ရှားစွာကျူးလွန်လျက်ရှိသည်ဟု တုံ့ပြန်ထားသည်။

တွန်အန်ဒရူးစ်အနေဖြင့် အစီရင်ခံစာတင်သွင်းမှုအတွက် မိနစ်များစွာအချိန်ယူ တင်ပြခဲ့သော်လည်း ၎င်း၏ တင်ပြမှုများမှာ မမှန်ကန်သောသတင်းရင်းမြစ်များမှ ရယူထားသည့် သတင်းတု၊ သတင်းမှားများကိုသာ ထည့်သွင်းပြောဆိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အထူးအစီရင်ခံစာတင်သွင်းသူ၏ တင်ပြမှုမှာ ဘက်မလိုက်မှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် ပညာ ရှင်ဆန်မှုစသည့် အခြေခံမူများနှင့် သွေဖီလျက်ရှိပြီး အထူးအစီရင်ခံစာ တင်သွင်းသူများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများနှင့်အညီ လိုက်နာဆောင်ရွက်သင့်ကြောင်း မြန်မာဘက်က တုံ့ပြန်ထားသည်။

ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်အတွက် လူ့အခွင့်အရေးကိစ္စရပ်များကို နိုင်ငံ ရေးလက်နက်တစ်ခုအဖြစ် အသုံးချခြင်းတို့ကို မြန်မာနိုင်ငံအနေဖြင့် ဆန့်ကျင်ကြောင်းနှင့်မည်သည့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမျိုးကိုမဆို ဆက်လက်ကာကွယ်သွားမည်ဟုလည်း ကိုယ်စားလှယ်အဖွဲ့ရုံးက သတိပေးထုတ်ပြန်ထားသည်။

တပ်မတော်မှ နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်း မြန်မာပြည်သူများ၏ ရှင်သန်နေ ထိုင်မှုဘဝများသည် အခက်အခဲအကျပ်အတည်းမျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရပြီး စစ်လက် နက်ပစ္စည်းများနှင့် ဝင်ငွေမရရှိရန် အစိုးရများ၊ ကုမ္ပဏီများအနေဖြင့် တပ်မတော်နှင့် ပူး ပေါင်းဆောင်ရွက်မှုများ ဖြတ်တောက်ကြရန် အထူးကိုယ်စားလှယ်တွန်အန်ဒရူးစ်က တိုက်တွန်းပြောဆိုခဲ့သည်။

zawgyi version
ကုလ၌ အထူးအစီရင္ခံစာတင္သြင္းသူအေနျဖင့္ က်င့္ဝတ္စည္းကမ္းမ်ားႏွင့္ အေျခခံမူမ်ားကို လိုက္နာေဆာင္႐ြက္သင့္ေၾကာင္း ျမန္မာတုံ႔ျပန္
NP News - စက္တင္ဘာ ၂၄

ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ၌ အထူးအစီရင္ခံစာတင္သြင္းေသာ တြန္အန္ဒ႐ူးစ္အေနျဖင့္ က်င့္ဝတ္စည္းကမ္းမ်ား ႏွင့္ အေျခခံမူမ်ားကို လိုက္နာေဆာင္႐ြက္သင့္ေၾကာင္း ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕ရွိ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးက တုံ႔ျပန္ထားသည္။

စက္တင္ဘာလ ၂၁ ရက္က ျပဳလုပ္ခဲ့ေသာ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ၏ (၅၁) ႀကိမ္ေျမာက္အစည္းအေဝးတြင္ ျမန္မာႏိုင္ငံဆိုင္ရာအထူးအစီရင္ခံစာတင္သြင္းသူ တြန္အန္ဒ႐ူးစ္က ႏႈတ္ျဖင့္ တင္သြင္းခဲ့ျခင္းျဖစ္သည္။

အစည္းအေဝးအား သက္ဆိုင္ရာႏိုင္ငံမွပါဝင္ျခင္းမရွိဘဲ ထပ္မံျပဳလုပ္ခဲ့သည့္အတြက္ စိတ္ပ်က္ဖြယ္ျဖစ္ရေၾကာင္းႏွင့္ အခ်ိန္ကို အလဟသျပဳန္းတီးေစျခင္းသာျဖစ္ေၾကာင္း ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးက တုံ႔ျပန္ထားသည္။

ထို႔ျပင္ အထူးအစီရင္ခံစာတင္သြင္းသူသည္ ျမန္မာႏိုင္ငံအေပၚ တစ္ဖက္သတ္အေရးယူမႈမ်ားႏွင့္ ပိတ္ဆို႔ကန႔္သတ္မႈမ်ား ခ်မွတ္ေစရန္ အားေပးအားေျမႇာက္ျပဳလ်က္ စီးပြားေရးႏွင့္ လူမႈေရးဆိုင္ရာအခြင့္အေရးမ်ားအျပင္ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာအခြင့္အေရးမ်ားအ ေပၚ ခ်ိဳးေဖာက္မႈမ်ားကို ထင္ရွားစြာက်ဴးလြန္လ်က္ရွိသည္ဟု တုံ႔ျပန္ထားသည္။

တြန္အန္ဒ႐ူးစ္အေနျဖင့္ အစီရင္ခံစာတင္သြင္းမႈအတြက္ မိနစ္မ်ားစြာအခ်ိန္ယူ တင္ျပခဲ့ေသာ္လည္း ၎၏ တင္ျပမႈမ်ားမွာ မမွန္ကန္ေသာသတင္းရင္းျမစ္မ်ားမွ ရယူထားသည့္ သတင္းတု၊ သတင္းမွားမ်ားကိုသာ ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

အထူးအစီရင္ခံစာတင္သြင္းသူ၏ တင္ျပမႈမွာ ဘက္မလိုက္မႈ၊ ဓမၼဓိ႒ာန္က်မႈႏွင့္ ပညာ ရွင္ဆန္မႈစသည့္ အေျခခံမူမ်ားႏွင့္ ေသြဖီလ်က္ရွိၿပီး အထူးအစီရင္ခံစာ တင္သြင္းသူမ်ားလိုက္နာရမည့္ က်င့္ဝတ္စည္းကမ္းမ်ားႏွင့္ လူ႔အခြင့္အေရးေကာင္စီ၏ အေျခခံမူမ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္သင့္ေၾကာင္း ျမန္မာဘက္က တုံ႔ျပန္ထားသည္။

ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ရန္အတြက္ လူ႔အခြင့္အေရးကိစၥရပ္မ်ားကို ႏိုင္ငံ ေရးလက္နက္တစ္ခုအျဖစ္ အသုံးခ်ျခင္းတို႔ကို ျမန္မာႏိုင္ငံအေနျဖင့္ ဆန႔္က်င္ေၾကာင္းႏွင့္မည္သည့္ ျပည္တြင္းေရးဝင္ေရာက္စြက္ဖက္မႈမ်ိဳးကိုမဆို ဆက္လက္ကာကြယ္သြားမည္ဟုလည္း ကိုယ္စားလွယ္အဖြဲ႕႐ုံးက သတိေပးထုတ္ျပန္ထားသည္။

တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္း ျမန္မာျပည္သူမ်ား၏ ရွင္သန္ေန ထိုင္မႈဘဝမ်ားသည္ အခက္အခဲအက်ပ္အတည္းမ်ိဳးစုံျဖင့္ ရင္ဆိုင္ခဲ့ရၿပီး စစ္လက္ နက္ပစၥည္းမ်ားႏွင့္ ဝင္ေငြမရရွိရန္ အစိုးရမ်ား၊ ကုမၸဏီမ်ားအေနျဖင့္ တပ္မေတာ္ႏွင့္ ပူး ေပါင္းေဆာင္႐ြက္မႈမ်ား ျဖတ္ေတာက္ၾကရန္ အထူးကိုယ္စားလွယ္တြန္အန္ဒ႐ူးစ္က တိုက္တြန္းေျပာဆိုခဲ့သည္။

Picture

win myint soe

24/09/2022 13:49

မြန်မာနိုင်ငံ အတွက်ဘာကောင်းကျိုးမှမရှိတဲ့လူတွေဘာပြောပြောဂရုစိုက်မနေနဲ့

Picture

Khinkyaw Nyo

27/09/2022 05:25

စေတနာရှိသလိုနဲ့ ဒုက္ခ ပေးနေတဲ့ကောင်တွေ

Related news

© 2021. All rights reserved.