တနိုင်းမြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းနှင့် ကသာမြို့ရှိ အထက်တန်းပြဆရာမတို့ထံသို့ ခြိမ်းခြောက်စာများပေးပို့ခြင်းခံရ

 674

NP News - စက်တင်ဘာ ၂၄

ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းနှင့် ကသာမြို့ရှိ အ ထက်တန်းပြဆရာမတို့ထံသို့ ခြိမ်းခြောက်စာများ ပေးပို့ခြင်းခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၂ရက်၊ နံနက် ၆နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ရပ်ကွက်(၁)ရှိ ရှင်ဗွေယန်အခြေခံပညာအထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါအထက်တန်းကျောင်း၏ အရှေ့ဘက်နှင့် တောင်ဘက်တို့ရှိ ဝင်ပေါက်သံပန်းတံ ခါးများပေါ်တွင် “စာဖတ်ပါ၊ သတိ ကျောင်းမတက်ရ၊ အချိန် ၃ ရက်အတွင်း၊ ကျောင်းတက်ပါက တာဝန်မယူပါ၊ KIA=PDF သတိပေးထားပြီနော်”ဟု ရေးသားထားသည့် ခြိမ်း ခြောက်စာများ ကပ်ထားခြင်းကြောင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောသည်။

၎င်းအထက်တန်းကျောင်းတွင် ဆရာ/ဆရာမ (၂၆)ဦး၊ ကျောင်းသား/ကျောင်းသူ (၉၃၆) ဦးတို့ ပညာသင်ကြားလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့အတူ နေ့လည် ၁၂နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း၊ ကသာမြို့၊ လျှပ်စစ်ကုန်းရပ်ကွက်တွင် နေထိုင်သော အထက်တန်းပြကျောင်းဆရာမ ဒေါ်ပိုပိုမြင့်(၃၄)နှစ်ထံသို့လည်း ခြိမ်း ခြောက်စာပေးပို့မှုရှိကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ကသာမြို့၊ ဇေယျာချောင်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နားနေဆောင်အတွင်းရှိနေချိန်တွင် အကြမ်းဖက် အမျိုးသားတစ်ဦးက ဆရာမဒေါ်ပိုပိုမြင့်အား စာတစ်စောင်လာရောက်ပေးပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါစာအား ဖွင့်ဖောက်ကြည့်ရာ “CDM ပြုလုပ်ပြီး လမ်းဘေးဈေးသည်၊ ထွက်ပြေးတိမ်းရှောင်နေသည့် ဆရာ၊ ဆရာမများ၏ မျက်နှာကို မကြည့်ဘဲ ကျောင်းဆက်တက် နေခြင်း၊ CDM မပြုလုပ်ဘဲ ဆက်လက်ကျောင်းတက်နေပါက ဆရာမ၊ ဆရာမ၏ ကလေးနှင့် ကျောင်းသူ၊ ကျောင်းသားကလေးများအား သတ်ရန်ဝန်လေးမည်မဟုတ်ကြောင်း” ခြိမ်းခြောက်ရေးသားထားသည့် ခြိမ်းခြောက်စာဖြစ်နေကြောင်း သိရသည်။

ထို့ကြောင့် ခြိမ်းခြောက်စာပေးပို့သူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။

အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည် ရွယ်၍ ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့သည့် အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအ ရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
တႏိုင္းၿမိဳ႕ရွိ အထက္တန္းေက်ာင္းတစ္ေက်ာင္းႏွင့္ ကသာၿမိဳ႕ရွိ အထက္တန္းျပဆရာမတို႔ထံသို႔ ၿခိမ္းေျခာက္စာမ်ားေပးပို႔ျခင္းခံရ
NP News - စက္တင္ဘာ ၂၄

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕ရွိ အထက္တန္းေက်ာင္းတစ္ေက်ာင္းႏွင့္ ကသာၿမိဳ႕ရွိ အ ထက္တန္းျပဆရာမတို႔ထံသို႔ ၿခိမ္းေျခာက္စာမ်ား ေပးပို႔ျခင္းခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၂၂ရက္၊ နံနက္ ၆နာရီခြဲအခ်ိန္တြင္ ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕၊ ရပ္ကြက္(၁)ရွိ ရွင္ေဗြယန္အေျခခံပညာအထက္တန္းေက်ာင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါအထက္တန္းေက်ာင္း၏ အေရွ႕ဘက္ႏွင့္ ေတာင္ဘက္တို႔ရွိ ဝင္ေပါက္သံပန္းတံ ခါးမ်ားေပၚတြင္ “စာဖတ္ပါ၊ သတိ ေက်ာင္းမတက္ရ၊ အခ်ိန္ ၃ ရက္အတြင္း၊ ေက်ာင္းတက္ပါက တာဝန္မယူပါ၊ KIA=PDF သတိေပးထားၿပီေနာ္”ဟု ေရးသားထားသည့္ ၿခိမ္း ေျခာက္စာမ်ား ကပ္ထားျခင္းေၾကာင့္ ဖယ္ရွားရွင္းလင္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွေျပာသည္။

၎အထက္တန္းေက်ာင္းတြင္ ဆရာ/ဆရာမ (၂၆)ဦး၊ ေက်ာင္းသား/ေက်ာင္းသူ (၉၃၆) ဦးတို႔ ပညာသင္ၾကားလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ထို႔အတူ ေန႔လည္ ၁၂နာရီခြဲအခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕၊ လွ်ပ္စစ္ကုန္းရပ္ကြက္တြင္ ေနထိုင္ေသာ အထက္တန္းျပေက်ာင္းဆရာမ ေဒၚပိုပိုျမင့္(၃၄)ႏွစ္ထံသို႔လည္း ၿခိမ္း ေျခာက္စာေပးပို႔မႈရွိေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ကသာၿမိဳ႕၊ ေဇယ်ာေခ်ာင္ရပ္ကြက္ရွိ အမွတ္(၂)အေျခခံပညာအထက္တန္းေက်ာင္း နားေနေဆာင္အတြင္းရွိေနခ်ိန္တြင္ အၾကမ္းဖက္ အမ်ိဳးသားတစ္ဦးက ဆရာမေဒၚပိုပိုျမင့္အား စာတစ္ေစာင္လာေရာက္ေပးပို႔ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

အဆိုပါစာအား ဖြင့္ေဖာက္ၾကည့္ရာ “CDM ျပဳလုပ္ၿပီး လမ္းေဘးေဈးသည္၊ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ဆရာ၊ ဆရာမမ်ား၏ မ်က္ႏွာကို မၾကည့္ဘဲ ေက်ာင္းဆက္တက္ ေနျခင္း၊ CDM မျပဳလုပ္ဘဲ ဆက္လက္ေက်ာင္းတက္ေနပါက ဆရာမ၊ ဆရာမ၏ ကေလးႏွင့္ ေက်ာင္းသူ၊ ေက်ာင္းသားကေလးမ်ားအား သတ္ရန္ဝန္ေလးမည္မဟုတ္ေၾကာင္း” ၿခိမ္းေျခာက္ေရးသားထားသည့္ ၿခိမ္းေျခာက္စာျဖစ္ေနေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၿခိမ္းေျခာက္စာေပးပို႔သူအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။

အထက္ပါျဖစ္စဥ္မ်ားမွ စာသင္ေက်ာင္းမ်ား ဖြင့္လွစ္သင္ၾကားျခင္းမျပဳႏိုင္ေစရန္ ရည္ ႐ြယ္၍ ၿခိမ္းေျခာက္ျခင္းမ်ားျပဳလုပ္ခဲ့သည့္ အၾကမ္းဖက္မ်ားအား ေဖာ္ထုတ္ဖမ္းဆီးအ ေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Picture

win myint soe

24/09/2022 15:18

ပြောတော့ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လုပ်တော့အာဏာရှင်ငါတို့ဘက်မဟုပ်ရင်သေနတ်ပြ

Picture

Htun Aung Kyaw

24/09/2022 17:27

ယုတ်မာရိုင်းစိုင်းလွန်းအားကြီးတယ် ဒီကောင်တွေ

Picture

MgThetlin

24/09/2022 17:59

အော်မေားဟဖုံးနေကြတာပဲ

Related news

© 2021. All rights reserved.