မြန်မာ့စီးပွားရေးလုပ်ငန်းအများစုသည် e-commerce နှင့် အလှမ်းဝေးနေသေးကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

 529

ထွန်း အမ်တီ(NP News) - စက်တင်ဘာ ၂၄

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ဒီဂျစ်တယ်နည်းပညာကို အခြေခံသည့် ရောင်းဝယ်ဖောက်ကားမှုနှင့် ငွေပေးချေမှုစနစ်များအား အသုံးပြုခြင်း နည်းပါးသေးကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂ဝ၂၂ ခုနှစ် မေလမှ ဇွန်လအတွင်းက ရရှိခဲ့သည့် အချက်အလက်များကို အခြေခံကာ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ စစ်တမ်းအမှတ်(၁၂)ကို စက်တင်ဘာ လ ၂၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာအရ လုပ်ငန်းအများစုမှာ ဆိုင်ခန်း၊ ရုံးခန်းဖွင့်၍ လုပ်ငန်းလုပ်ဆောင်ခြင်း၊ ငွေသားဖြင့်သာ ငွေပေးချေခြင်းစသည့် သမရိုးကျနည်းလမ်းများဖြင့်သာ လုပ် ဆောင်လျက်ရှိကြပြီး e-commerce လုပ်ငန်း လုပ်ဆောင်ခြင်းမှာ မရှိသလောက်နည်း ပါးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှု (အထူးသဖြင့်) ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်မားသော်လည်း စစ်တမ်းတွင်ပါဝင်သော လုပ်ငန်း ၅ဝဝ အနက် ၁၄ ရာခိုင်နှုန်းကသာ လျှင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်ကြကြောင်း အစီ ရင်ခံစာက ဆိုပါသည်။

မြန်မာနိုင်ငံ၌ မိုဘိုင်းငွေပေးချေမှုစနစ်ကို စတင်မိတ်ဆက် အသုံးပြုခဲ့သည်မှာ နှစ်အ တန်ကြာခဲ့ပြီ ဖြစ်သော်လည်း လုပ်ငန်း ၅ဝဝ အနက် ၁ဝဝ ကျော်ခန့်ကသာ မိုဘိုင်းငွေပေးချေမှုစနစ်ကို အသုံးပြုကြောင်း၊ mobile banking, debit card/ credit card အသုံးပြုမှုများမှာလည်း ရာခိုင်နှုန်း အနည်းငယ်သာရှိပြီး mobile banking ဖြင့် ငွေပေးချေမှုမှာ (၃) ရာခိုင်နှုန်းသာရှိပြီး debit card/ credit card အသုံးပြုမှုမှာ (၁) ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ အွန်လိုင်းငွေပေးချေမှုစနစ်ကို ၂ဝ၁၄ ခုနှစ်မှ စတင်မိတ်ဆက် အသုံးပြုခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းအခြေပြုအချက်အလက် စစ်တမ်းထုတ်ပြန်သည့် datareportal.com ၏ ထုတ်ပြန်ချက်အရ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ ၂၅ ဒသမ ၂၈ သန်းရှိပြီး လူဦးရေစုစုပေါင်း၏ အင်တာနက်အသုံးပြုမှုနှုန်း internet penetration rate သည် ၂ဝ၂၂ ခုနှစ်အစပိုင်း၌ ၄၅ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။

zawgyi version
ျမန္မာ့စီးပြားေရးလုပ္ငန္းအမ်ားစုသည္ e-commerce ႏွင့္ အလွမ္းေဝးေနေသးေၾကာင္း ကမာၻ႔ဘဏ္ ထုတ္ျပန္
ထြန္း အမ္တီ(NP News) - စက္တင္ဘာ ၂၄

ျမန္မာႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းမ်ားသည္ ဒီဂ်စ္တယ္နည္းပညာကို အေျခခံသည့္ ေရာင္းဝယ္ေဖာက္ကားမႈႏွင့္ ေငြေပးေခ်မႈစနစ္မ်ားအား အသုံးျပဳျခင္း နည္းပါးေသးေၾကာင္း ကမာၻ႔ဘဏ္က ထုတ္ျပန္ေသာ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

၂ဝ၂၂ ခုႏွစ္ ေမလမွ ဇြန္လအတြင္းက ရရွိခဲ့သည့္ အခ်က္အလက္မ်ားကို အေျခခံကာ ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းမ်ား စစ္တမ္းအမွတ္(၁၂)ကို စက္တင္ဘာ လ ၂၃ ရက္က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ယင္းအစီရင္ခံစာအရ လုပ္ငန္းအမ်ားစုမွာ ဆိုင္ခန္း၊ ႐ုံးခန္းဖြင့္၍ လုပ္ငန္းလုပ္ေဆာင္ျခင္း၊ ေငြသားျဖင့္သာ ေငြေပးေခ်ျခင္းစသည့္ သမ႐ိုးက်နည္းလမ္းမ်ားျဖင့္သာ လုပ္ ေဆာင္လ်က္ရွိၾကၿပီး e-commerce လုပ္ငန္း လုပ္ေဆာင္ျခင္းမွာ မရွိသေလာက္နည္း ပါးေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ အင္တာနက္အသုံးျပဳမႈ (အထူးသျဖင့္) ဆိုရွယ္မီဒီယာ အသုံးျပဳမႈ ျမင့္မားေသာ္လည္း စစ္တမ္းတြင္ပါဝင္ေသာ လုပ္ငန္း ၅ဝဝ အနက္ ၁၄ ရာခိုင္ႏႈန္းကသာ လွ်င္ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းကို အသုံးျပဳ၍ လုပ္ငန္းေဆာင္႐ြက္ၾကေၾကာင္း အစီ ရင္ခံစာက ဆိုပါသည္။

ျမန္မာႏိုင္ငံ၌ မိုဘိုင္းေငြေပးေခ်မႈစနစ္ကို စတင္မိတ္ဆက္ အသုံးျပဳခဲ့သည္မွာ ႏွစ္အ တန္ၾကာခဲ့ၿပီ ျဖစ္ေသာ္လည္း လုပ္ငန္း ၅ဝဝ အနက္ ၁ဝဝ ေက်ာ္ခန႔္ကသာ မိုဘိုင္းေငြေပးေခ်မႈစနစ္ကို အသုံးျပဳေၾကာင္း၊ mobile banking, debit card/ credit card အသုံးျပဳမႈမ်ားမွာလည္း ရာခိုင္ႏႈန္း အနည္းငယ္သာရွိၿပီး mobile banking ျဖင့္ ေငြေပးေခ်မႈမွာ (၃) ရာခိုင္ႏႈန္းသာရွိၿပီး debit card/ credit card အသုံးျပဳမႈမွာ (၁) ရာခိုင္ႏႈန္းသာရွိေၾကာင္း ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၌ အြန္လိုင္းေငြေပးေခ်မႈစနစ္ကို ၂ဝ၁၄ ခုႏွစ္မွ စတင္မိတ္ဆက္ အသုံးျပဳခဲ့ျခင္းျဖစ္သည္။

အြန္လိုင္းအေျချပဳ အခ်က္အလက္ စစ္တမ္း ထုတ္ျပန္သည့္ datareportal.com ၏ ထုတ္ျပန္ခ်က္အရ ၂ဝ၂၂ ခုႏွစ္၊ ဇန္နဝါရီလအထိ ျမန္ မာႏိုင္ငံတြင္ အင္တာနက္အသုံးျပဳသူ ၂၅ ဒသမ ၂၈ သန္းရွိၿပီး လူဦးေရစုစုေပါင္း၏ အင္တာနက္အသုံးျပဳမႈႏႈန္း internet penetration rate သည္ ၂ဝ၂၂ ခုႏွစ္အစပိုင္း၌ ၄၅ ဒသမ ၉ ရာခိုင္ႏႈန္းရွိသည္။

Related news

© 2021. All rights reserved.