ကုလညီလာခံ၌ အရှေ့တီမောသမ္မတ မြန်မာ့ပြည်တွင်းစစ်အရှိန်မြှင့်တင်လာရေး စွက်ဖက်ပြောဆို

 1212

Htay Oung (NP News) - စက်တင်ဘာ ၂၄

ရခိုင်အကြံပေး ကော်မရှင်ဆိုရင် ကျွန်တော်တို့အားလုံးက “ကိုဖီအာနမ်” ကိုဘဲ သိကြပါတယ်။ တကယ်တော့ အဲ့ဒီကော်မရှင်အတွက် ကိုဖီအာနမ်မတိုင်မီ NLD အစိုးရ ရွေးချယ်ခဲ့တာက အရှေ့တီမောသမ္မတ “ဂျိုစီ ရာမို့စ် ဟော်တာ“ ဆိုသူဖြစ်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ၇၇-ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂမှာ အရှေ့တီမောသမ္မတက ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်)က မိန့်ခွန်းပြောကြားပါတယ်။ အသက် ၇၂ နှစ်အရွယ် ဟော်တာရဲ့ ၁၄ မိနစ်ကျော်ခန့်ကြာမြင့်တဲ့ မိန်းခွန်းမှာ

“ကမ္ဘာ့ တောင်နှင့်မြောက် ဖွံ့ဖြိုးတိုးတက်မှုချင်း အကြီးအကျယ် ကွာဟလျက်ရှိစဉ် မြန် မာမှ အာဖဂန်နစ္စတန်အထိ၊ ယီမင်မှယူကရိန်းအထိ လူတို့ဖန်တီးသော ကပ်ဘေးဆိုက် ရောက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများဟာ ယူကရိန်းအပေါ် အာရုံစိုက်လျက်ရှိစဉ် သီရိလင်္ကာ၊ ပီရူး၊ ကင်ညာတို့လို အကြွေးနွံနစ်နေတဲ့ တိုင်းပြည်နေ ဝင်ငွေနည်းပါး အား နည်းချက်ရှိသူများဟာ အကာအကွယ် ကင်းမဲ့လျက်ရှိကြောင်း၊ ၂ဝ၁၅ ခုနှစ်ကတည်းက ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဟာ ယခုအခါ ၆ဝ ရာခိုင်နှုန်းပိုမိုဆိုးရွားလာကြောင်း”အစချီပြီး

“နောက်ဆုံးပြောချင်တာက မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းဆိုသူတွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကို ခံနေရကြောင်း။ သူတို့အပေါ် ယေဘူယျထောက်ပံ့မှုမှာ ယူကရိန်းနိုင်ငံသားများ၊ ဒုက္ခသည်များနဲ့မတူပဲ ဘာ့ကြောင့်အကြီးအကျယ် ကွာဟနေရ သလဲဆိုတာ မေးခွန်းထုတ်စရာရှိကြောင်း။ ယူကရိန်းခုခံမှုမှာ ခေတ်မီဆန်းပြားတဲ့ စစ်ရေးထောက်ပံ့ခြင်းနဲ့ စစ်ရေးတိုက်ခိုက်တာကို အသံတိတ်ခုခံနေရတဲ့ မြန်မာပြည်သူများအပေါ်(ထောက်ပံ့မှုမရှိခြင်းဟာ) ကွာခြားလွန်းနေကြောင်း၊ မြန်မာရဲ့ ပဋိပက္ခဟာ အိမ်နီး ချင်းနိုင်ငံများရဲ့ လုံခြုံရေးအပေါ် အကျိုးဆက်သက်ရောက်နေပြီး ယူကရိန်းနဲ့မြန်မာဟာ ဘက်စုံပါဝင်တဲ့ ဆွေးနွေးပြောဆိုမှု (လိုအပ်)နေပါတယ်”လို့ပြောဆိုသွားပါတယ်။

ယူကရိန်းလို နိုင်ငံချင်း ပဋိပက္ခမဟုတ်ဘဲ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ မြန်မာ့ပြည်တွင်းနိုင် ငံရေးမှာ ကိယက်ဗ်လို စစ်လက်နက်နဲ့ ငွေကြေးတွေ ထောက်ပံ့ပေးဖို့ အစဆွဲထုတ်ခဲ့သူ အရှေ့တီမောသမ္မတ ရာမို့စ်ဟော်တာ ဆိုတာ ဘယ်သူပါလဲ

ကမ္ဘာက “အရှေ့တီမော” အဖြစ် သိထားကြတဲ့ “တီမောလက်စ်တီ” ဟာ ပစိဖိတ်သမုဒ္ဒ ရာအတွင်း တီမောကျွန်းရဲ့ အရှေဘက်မှာ တည်ရှိပါတယ်။ အာဆီယံခေါ် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံဖြစ်ပေမဲ့ ပထဝီအနေအထား အရ သြစတေးလျတိုက်နဲ့ ပိုမိုနီးကပ်ပါတယ်။

၁၆ ရာစုတည်းက အရှေ့တီမောကို ပေါ်တူဂီတို့က ကိုလိုနီပြုခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ လွတ်လပ်ရေးရရှိကြောင်း “တီမောလက်စ်တီ လွတ်လပ်ရေး တော်လှန်ရေးတပ်ဦး FRETILIN"က ကြေညာအပြီး ၉ ရက်အကြာမှာ အင်ဒိုနီးရှားစစ်တပ်က ကျူးကျော် သိမ်း ပိုက်လိုက်ပါတယ်။ အင်ဒိုနီးရှားရဲ့ ၂၇ ခုနှစ်မြောက် ပြည်နယ်ဖြစ်လာတဲ့ အရှေ့တီမောမှာ ဂျာကာတာ စစ်တပ်နဲ့ FRETILIN တို့အကြား ၁ဝ နှစ်ကြာတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

၁၉၉၉ ခုနှစ် စက်တင်ဘာလမှာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ "အရှေ့တီမောအကြမ်းဖက်မှုများ အဆုံးသတ်ရေး”ဆုံးဖြတ်ချက်အရ သြစတြေးလျနိုင်ငံဦးဆောင်တဲ့ INTERFET ခေါ် နိုင်ငံတကာစစ်တပ်များ စေလွှတ်ခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ အင်ဒိုနီးရှားထံမှ တရားဝင်လွတ်လပ်ရေးရရှိပြီး ယခင်ပေါ်တူဂီအမည် “တီမောလက်စ်တီ“ အတိုင်း နိုင်ငံဖြစ်လာခဲ့ပါတယ်။

ဂျိုစီရာမို့စ်ဟော်တာဟာ အရှေ့တီမောကို သိမ်းပိုက်ထားတဲ့ အင်ဒိုနီးရှားစစ်တပ်ကို ဆန့် ကျင်ခဲ့တဲ့ တော်လှန်ရေးသမားတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၈ ခုနှစ်မှာ FRETILIN မှ နှုတ်ထွက်ခဲ့တယ်လို့ဆိုပြီး အရှေ့တီမော ပဋိပက္ခများ အဆုံးသတ်ရေး ဦးတည်ချက်များကြောင့်ဆိုတဲ့မှတ်ချက်အရ တီမောကက်သလစ်ဂိုဏ်းချုပ် ကာလို့စ် ဖီလီပီနဲ့အတူ ၁၉၉၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။

တကယ်တော့ ရာမို့စ်ဟော်တာဟာ “ရို“ အမည် ကမ္ဘာသိဖြစ်ရေးမှာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။၂ဝ၁၅ ခုနှစ် မေလ ၂၆ ရက်နဲ့ ၂၇ ရက်က နော်ဝေးနိုင်ငံမှာ ကျင်းပတဲ့ “ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက်အော်စလို ကွန်ဖရင့်” ကို ဟော်တာဟာငြိမ်းချမ်း ရေးနိုဘယ်ဆုရှင်တစ်ဦးအဖြစ် တက်ရောက်ဟောပြောခဲ့ပါတယ်။

အော်စလို ကွန်ဖရင့်မှာ ဟော်တာနဲ့အတူ ဟောပြောသူတွေကတော့

- မြန်မာနှင့် ကမ္ဘာအရပ်ရပ်တွင် “ဒီမိုကရေစီနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း“ ထူထောင်သူ ဟန်ဂေရီ ဂျူးနွယ်ဖွား အမေရိကန် ဘီလီယံနာ သူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်၊
- ရိုများအား တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ်သတ်မှတ်၍ နယ်မြေပေးအပ်ရန် အဆိုပြုသူ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် တို့လည်း ပါဝင်ပါတယ်။

(Dhaka Tribune., 23 Saptember 2022,” PM Hasina breaks down while talking about everyday ordeals of Rohingyas.” နှင့် ၎င်းသတင်းစာမှ ဆက်စပ်သတင်းများကို ဆီလျော်အောင် စုစည်းကောက်နှုတ် ဘာသာပြန်ဆိုသည်)

zawgyi version
ကုလညီလာခံ၌ အေရွ႕တီေမာသမၼတ ျမန္မာ့ျပည္တြင္းစစ္အရွိန္ျမႇင့္တင္လာေရး စြက္ဖက္ေျပာဆို
Htay Oung (NP News) - စက္တင္ဘာ ၂၄

ရခိုင္အႀကံေပး ေကာ္မရွင္ဆိုရင္ ကြၽန္ေတာ္တို႔အားလုံးက “ကိုဖီအာနမ္” ကိုဘဲ သိၾကပါတယ္။ တကယ္ေတာ့ အဲ့ဒီေကာ္မရွင္အတြက္ ကိုဖီအာနမ္မတိုင္မီ NLD အစိုးရ ေ႐ြးခ်ယ္ခဲ့တာက အေရွ႕တီေမာသမၼတ “ဂ်ိဳစီ ရာမို႔စ္ ေဟာ္တာ“ ဆိုသူျဖစ္ပါတယ္။

လက္ရွိက်င္းပေနတဲ့ ၇၇-ႀကိမ္ေျမာက္ ကမာၻ႔ကုလသမဂၢမွာ အေရွ႕တီေမာသမၼတက ယမန္ေန႔ (စက္တင္ဘာလ ၂၃ ရက္)က မိန႔္ခြန္းေျပာၾကားပါတယ္။ အသက္ ၇၂ ႏွစ္အ႐ြယ္ ေဟာ္တာရဲ႕ ၁၄ မိနစ္ေက်ာ္ခန႔္ၾကာျမင့္တဲ့ မိန္းခြန္းမွာ

“ကမာၻ႔ ေတာင္ႏွင့္ေျမာက္ ဖြံ႕ၿဖိဳးတိုးတက္မႈခ်င္း အႀကီးအက်ယ္ ကြာဟလ်က္ရွိစဥ္ ျမန္ မာမွ အာဖဂန္နစၥတန္အထိ၊ ယီမင္မွယူကရိန္းအထိ လူတို႔ဖန္တီးေသာ ကပ္ေဘးဆိုက္ ေရာက္လ်က္ရွိေၾကာင္း၊ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားဟာ ယူကရိန္းအေပၚ အာ႐ုံစိုက္လ်က္ရွိစဥ္ သီရိလကၤာ၊ ပီ႐ူး၊ ကင္ညာတို႔လို အေႂကြးႏြံနစ္ေနတဲ့ တိုင္းျပည္ေန ဝင္ေငြနည္းပါး အား နည္းခ်က္ရွိသူမ်ားဟာ အကာအကြယ္ ကင္းမဲ့လ်က္ရွိေၾကာင္း၊ ၂ဝ၁၅ ခုႏွစ္ကတည္းက ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားရဲ႕ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈဟာ ယခုအခါ ၆ဝ ရာခိုင္ႏႈန္းပိုမိုဆိုး႐ြားလာေၾကာင္း”အစခ်ီၿပီး

“ေနာက္ဆုံးေျပာခ်င္တာက ျမန္မာျပည္သူေတြဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းဆိုသူေတြရဲ႕ စြန႔္ပစ္သစၥာေဖာက္ျခင္းကို ခံေနရေၾကာင္း။ သူတို႔အေပၚ ေယဘူယ်ေထာက္ပံ့မႈမွာ ယူကရိန္းႏိုင္ငံသားမ်ား၊ ဒုကၡသည္မ်ားနဲ႔မတူပဲ ဘာ့ေၾကာင့္အႀကီးအက်ယ္ ကြာဟေနရ သလဲဆိုတာ ေမးခြန္းထုတ္စရာရွိေၾကာင္း။ ယူကရိန္းခုခံမႈမွာ ေခတ္မီဆန္းျပားတဲ့ စစ္ေရးေထာက္ပံ့ျခင္းနဲ႔ စစ္ေရးတိုက္ခိုက္တာကို အသံတိတ္ခုခံေနရတဲ့ ျမန္မာျပည္သူမ်ားအေပၚ(ေထာက္ပံ့မႈမရွိျခင္းဟာ) ကြာျခားလြန္းေနေၾကာင္း၊ ျမန္မာရဲ႕ ပဋိပကၡဟာ အိမ္နီး ခ်င္းႏိုင္ငံမ်ားရဲ႕ လုံၿခဳံေရးအေပၚ အက်ိဳးဆက္သက္ေရာက္ေနၿပီး ယူကရိန္းနဲ႔ျမန္မာဟာ ဘက္စုံပါဝင္တဲ့ ေဆြးေႏြးေျပာဆိုမႈ (လိုအပ္)ေနပါတယ္”လို႔ေျပာဆိုသြားပါတယ္။

ယူကရိန္းလို ႏိုင္ငံခ်င္း ပဋိပကၡမဟုတ္ဘဲ ႏိုင္ငံေရးနဲ႔ ဆက္ႏြယ္တဲ့ ျမန္မာ့ျပည္တြင္းႏိုင္ ငံေရးမွာ ကိယက္ဗ္လို စစ္လက္နက္နဲ႔ ေငြေၾကးေတြ ေထာက္ပံ့ေပးဖို႔ အစဆြဲထုတ္ခဲ့သူ အေရွ႕တီေမာသမၼတ ရာမို႔စ္ေဟာ္တာ ဆိုတာ ဘယ္သူပါလဲ

ကမာၻက “အေရွ႕တီေမာ” အျဖစ္ သိထားၾကတဲ့ “တီေမာလက္စ္တီ” ဟာ ပစိဖိတ္သမုဒၵ ရာအတြင္း တီေမာကြၽန္းရဲ႕ အေရွဘက္မွာ တည္ရွိပါတယ္။ အာဆီယံေခၚ အေရွ႕ေတာင္အာရွအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေပမဲ့ ပထဝီအေနအထား အရ ၾသစေတးလ်တိုက္နဲ႔ ပိုမိုနီးကပ္ပါတယ္။

၁၆ ရာစုတည္းက အေရွ႕တီေမာကို ေပၚတူဂီတို႔က ကိုလိုနီျပဳခဲ့ပါတယ္။ ၁၉၇၅ ခုႏွစ္မွာ လြတ္လပ္ေရးရရွိေၾကာင္း “တီေမာလက္စ္တီ လြတ္လပ္ေရး ေတာ္လွန္ေရးတပ္ဦး FRETILIN"က ေၾကညာအၿပီး ၉ ရက္အၾကာမွာ အင္ဒိုနီးရွားစစ္တပ္က က်ဴးေက်ာ္ သိမ္း ပိုက္လိုက္ပါတယ္။ အင္ဒိုနီးရွားရဲ႕ ၂၇ ခုႏွစ္ေျမာက္ ျပည္နယ္ျဖစ္လာတဲ့ အေရွ႕တီေမာမွာ ဂ်ာကာတာ စစ္တပ္နဲ႔ FRETILIN တို႔အၾကား ၁ဝ ႏွစ္ၾကာတိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ပါတယ္။

၁၉၉၉ ခုႏွစ္ စက္တင္ဘာလမွာ ကမာၻ႔ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ "အေရွ႕တီေမာအၾကမ္းဖက္မႈမ်ား အဆုံးသတ္ေရး”ဆုံးျဖတ္ခ်က္အရ ၾသစေၾတးလ်ႏိုင္ငံဦးေဆာင္တဲ့ INTERFET ေခၚ ႏိုင္ငံတကာစစ္တပ္မ်ား ေစလႊတ္ခဲ့ပါတယ္။ ၂ဝဝ၂ ခုႏွစ္မွာ အင္ဒိုနီးရွားထံမွ တရားဝင္လြတ္လပ္ေရးရရွိၿပီး ယခင္ေပၚတူဂီအမည္ “တီေမာလက္စ္တီ“ အတိုင္း ႏိုင္ငံျဖစ္လာခဲ့ပါတယ္။

ဂ်ိဳစီရာမို႔စ္ေဟာ္တာဟာ အေရွ႕တီေမာကို သိမ္းပိုက္ထားတဲ့ အင္ဒိုနီးရွားစစ္တပ္ကို ဆန႔္ က်င္ခဲ့တဲ့ ေတာ္လွန္ေရးသမားတစ္ဦးျဖစ္ခဲ့ဖူးပါတယ္။ ၁၉၈၈ ခုႏွစ္မွာ FRETILIN မွ ႏႈတ္ထြက္ခဲ့တယ္လို႔ဆိုၿပီး အေရွ႕တီေမာ ပဋိပကၡမ်ား အဆုံးသတ္ေရး ဦးတည္ခ်က္မ်ားေၾကာင့္ဆိုတဲ့မွတ္ခ်က္အရ တီေမာကက္သလစ္ဂိုဏ္းခ်ဳပ္ ကာလို႔စ္ ဖီလီပီနဲ႔အတူ ၁၉၉၆ ခုႏွစ္ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုကို ပူးတြဲရရွိခဲ့ပါတယ္။

တကယ္ေတာ့ ရာမို႔စ္ေဟာ္တာဟာ “႐ို“ အမည္ ကမာၻသိျဖစ္ေရးမွာ တက္ႂကြလႈပ္ရွားသူတစ္ဦးျဖစ္ပါတယ္။၂ဝ၁၅ ခုႏွစ္ ေမလ ၂၆ ရက္နဲ႔ ၂၇ ရက္က ေနာ္ေဝးႏိုင္ငံမွာ က်င္းပတဲ့ “ ျမန္မာႏိုင္ငံရဲ႕ ႐ိုဟင္ဂ်ာ ဂ်ီႏိုဆိုက္ေအာ္စလို ကြန္ဖရင့္” ကို ေဟာ္တာဟာၿငိမ္းခ်မ္း ေရးႏိုဘယ္ဆုရွင္တစ္ဦးအျဖစ္ တက္ေရာက္ေဟာေျပာခဲ့ပါတယ္။

ေအာ္စလို ကြန္ဖရင့္မွာ ေဟာ္တာနဲ႔အတူ ေဟာေျပာသူေတြကေတာ့

- ျမန္မာႏွင့္ ကမာၻအရပ္ရပ္တြင္ “ဒီမိုကေရစီႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္း“ ထူေထာင္သူ ဟန္ေဂရီ ဂ်ဴးႏြယ္ဖြား အေမရိကန္ ဘီလီယံနာ သူေ႒းႀကီး ေဂ်ာ့ဆိုးေရာ့စ္၊
- ႐ိုမ်ားအား တိုင္းရင္းသား လူမ်ိဳးတစ္မ်ိဳးအျဖစ္သတ္မွတ္၍ နယ္ေျမေပးအပ္ရန္ အဆိုျပဳသူ မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္ တို႔လည္း ပါဝင္ပါတယ္။

(Dhaka Tribune., 23 Saptember 2022,” PM Hasina breaks down while talking about everyday ordeals of Rohingyas.” ႏွင့္ ၎သတင္းစာမွ ဆက္စပ္သတင္းမ်ားကို ဆီေလ်ာ္ေအာင္ စုစည္းေကာက္ႏႈတ္ ဘာသာျပန္ဆိုသည္)

Picture

Bo Tho

25/09/2022 07:12

ကုလသမဂ္ဂမဟုတ်တော့ပါ အမေရိကန်သမဂ္ဂ နာမည်ပြောင်းလိုက်ကြပါတော့

Picture

Htun Aung Kyaw

25/09/2022 07:46

မလေးရှားနဲ့ အရှေ့တီမော ဘာဖြစ်ချင်နေတာလဲ😤

Picture

Khinkyaw Nyo

27/09/2022 05:22

အဲဖရက်နိုဘယ်သာသက်ရှိထင်ရှားရှိသေးရင်ငြိမ်းချမ်းရေးအတွက်သူအုတ်မြစ်ချခဲ့တဲ့နိုဘယ်ဆုဟာနိုင်ငံရေးအသုံးချခံဆုဖြစ်သွားကြောင်းသိရရင်ရင်နာမိမှာအမှန်ပဲ

Related news

© 2021. All rights reserved.