သီပေါမြို့တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးသေဆုံး

 555

NP News - စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်၊ သီပေါမြို့တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၄ ရက်) နံနက်ပိုင်းတွင် သီပေါမြို့ရှိ စံလောင်းရွာနှင့် ကုံးမုံရွာအကြားတွင် ဖြစ်ပွားခဲ့ကြောင်း နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ သိရသည်။

မန္တလေးဘက်မှ လားရှိုးဘက်သို့လာသော တွဲကား၊ တောင်ယာသို့လာသည့်ကား နှင့် DYNA အမျိုးအစားကားတို့ ယာဉ်သုံးစီးတိုက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါပရဟိတအသင်းမှ သိရသည်။

“တွဲကားကတော့ မန္တလေးဘက်ကနေ လားရှိုးဘက်ကို သွားတဲ့ပုံပေါ့၊ ကားတစ်စီးက တော့ တောင်ယာလာတဲ့ကား” ဟု နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ တာဝန်ရှိသူ ဦးကိုမျိုးက NP News ကိုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် တောင်ယာသို့လာသည့်ကားပေါ်မှ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးအား နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အထက်ပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် လမ်းသည် မိုးရွာထားခြင်းကြောင့် လမ်းချော်နေသော အနေအထားရှိကြောင်း ဦးကိုမျိုးမှ ဆက်လက်ပြောသည်။

zawgyi version
သီေပါၿမိဳ႕တြင္ ကား(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ ကိုယ္ဝန္ေဆာင္သည္ အမ်ိဳးသမီးတစ္ဦးေသဆုံး
NP News - စက္တင္ဘာ ၂၄

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕တြင္ ကား(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ ကိုယ္ဝန္ေဆာင္သည္ အမ်ိဳးသမီးတစ္ဦးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂၄ ရက္) နံနက္ပိုင္းတြင္ သီေပါၿမိဳ႕ရွိ စံေလာင္း႐ြာႏွင့္ ကုံးမုံ႐ြာအၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း နယ္စည္းမျခားပရဟိတအသင္း(သီေပါ)မွ သိရသည္။

မႏၲေလးဘက္မွ လားရႈိးဘက္သို႔လာေသာ တြဲကား၊ ေတာင္ယာသို႔လာသည့္ကား ႏွင့္ DYNA အမ်ိဳးအစားကားတို႔ ယာဥ္သုံးစီးတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း အဆိုပါပရဟိတအသင္းမွ သိရသည္။

“တြဲကားကေတာ့ မႏၲေလးဘက္ကေန လားရႈိးဘက္ကို သြားတဲ့ပုံေပါ့၊ ကားတစ္စီးက ေတာ့ ေတာင္ယာလာတဲ့ကား” ဟု နယ္စည္းမျခားပရဟိတအသင္း(သီေပါ)မွ တာဝန္ရွိသူ ဦးကိုမ်ိဳးက NP News ကိုေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ေတာင္ယာသို႔လာသည့္ကားေပၚမွ ကိုယ္ဝန္ေဆာင္သည္အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူအမ်ိဳးသမီးအား နယ္စည္းမျခားပရဟိတအသင္း(သီေပါ)မွ ၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အထက္ပါ ယာဥ္တိုက္မႈျဖစ္ပြားခဲ့သည့္ လမ္းသည္ မိုး႐ြာထားျခင္းေၾကာင့္ လမ္းေခ်ာ္ေနေသာ အေနအထားရွိေၾကာင္း ဦးကိုမ်ိဳးမွ ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.