မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ငါးလုပ်ငန်းကဏ္ဍအကျိုးဖြစ်ထွန်းစေမည့် သဘောတူစာချုပ် လက်မှတ်ရေးထိုး

 876

ဟိန်း(NP News) - စက်တင်ဘာ ၂၄

မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ငါးဖမ်းသင်တန်းများပေးခြင်း အပါအဝင် ငါးလုပ်ငန်း ပူး ပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ စက်တင်ဘာလ ၂၂ ရက်မှစ၍ ကျင်းပလျက်ရှိသည့် (၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ ရေလုပ်ငန်းကုန်စည်ပြပွဲတွင် လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ကုန်စည်ပြပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က ရုရှားနိုင်ငံဖယ်ဒရယ် ငါးလုပ်ငန်းအေဂျင်စီ အကြီးအကဲ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပြီး မြန်မာ- ရုရှားနှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများ အပါအဝင် ရေထွက်ကုန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍတွင် နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြကြောင်း သိရသည်။

သဘောတူစာချုပ်တွင် နှစ်နိုင်ငံအကြား ငါးလုပ်ငန်းနှင့် ဆက်စပ်သော ပင်လယ်ပြင် ငါးသယံဇာတတည်ရှိမှု အကဲဖြတ်ဆန်းစစ်ခြင်း၊ ငါးသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင်လယ်ပြင်၌ လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၊ ပင်လယ်ပြင် ရေသယံဇာတ စီမံခန့်ခွဲမှု၊ တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေး၊ ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေး၊ ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းဆိုင်ရာ သုတေသန အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခိုင်မာရေး၊ ငါးဖမ်း ဆီးခြင်း လုပ်ငန်းအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးခြင်းနှင့် အခြားသော ငါးလုပ် ငန်းဆိုင်ရာ ကဏ္ဍများ၌ အပြန်အလှန်စိတ်ဝင်စားသော နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေချိုငါးမျိုးစိတ် ၅၆၅ မျိုးခန့်ရှိပြီး ၃၁၁ မျိုး၊ ရာခိုင်နှုန်းအားဖြင့် ၅၅ ရာခိုင်နှုန်းသည် ဧရာဝတီမြစ်ဝှမ်းတွင် ကျက်စားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနကို ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် စတင်ဖွဲစည်းခဲ့ပြီး ရေချို မြစ်၊ ချောင်း၊ အင်း၊ အိုင် စုစုပေါင်းဧရိယာအနေဖြင့် ဟက်တာ (၈ ဒသမ ၂)သန်း ရှိကာ မြန်မာ့ပင်လယ်ကမ်းရိုးတန်းမှာ (၂၈၃၂) ကီလိုမီတာ ရှည်လျားသည်။

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ရေလုပ်ငန်းကဏ္ဍမှ ပြည်ပပို့ကုန်ပမာဏ အမေရိကန်ဒေါ် လာ (၈၅၃)သန်းကျော်၊ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၇၈၆) သန်းကျော် ရရှိခဲ့သည်။

zawgyi version
ျမန္မာ- ႐ုရွား ႏွစ္ႏိုင္ငံအၾကား ငါးလုပ္ငန္းက႑အက်ိဳးျဖစ္ထြန္းေစမည့္ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုး
ဟိန္း(NP News) - စက္တင္ဘာ ၂၄

ျမန္မာ- ႐ုရွား ႏွစ္ႏိုင္ငံအၾကား ငါးဖမ္းသင္တန္းမ်ားေပးျခင္း အပါအဝင္ ငါးလုပ္ငန္း ပူး ေပါင္းေဆာင္႐ြက္မႈ အက်ိဳးျဖစ္ထြန္းေစမည့္ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

႐ုရွားႏိုင္ငံ စိန႔္ပီတာစဘတ္ၿမိဳ႕၌ စက္တင္ဘာလ ၂၂ ရက္မွစ၍ က်င္းပလ်က္ရွိသည့္ (၅)ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ငါးလုပ္ငန္းဖိုရမ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားဆိုင္ရာ ေရလုပ္ငန္းကုန္စည္ျပပြဲတြင္ လက္မွတ္ေရးထိုးခဲ့ျခင္းလည္း ျဖစ္သည္။

အဆိုပါ ကုန္စည္ျပပြဲသို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ႀကီး ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕က ႐ုရွားႏိုင္ငံဖယ္ဒရယ္ ငါးလုပ္ငန္းေအဂ်င္စီ အႀကီးအကဲ၏ ဖိတ္ၾကားခ်က္အရ တက္ေရာက္ခဲ့ၿပီး ျမန္မာ- ႐ုရွားႏွစ္ႏိုင္ငံအၾကား ငါးလုပ္ငန္း ပူးေပါင္း ေဆာင္႐ြက္မႈ အက်ိဳးျဖစ္ထြန္းေစမည့္ကိစၥမ်ား အပါအဝင္ ေရထြက္ကုန္ အက်ိဳးျဖစ္ထြန္းေစမည့္ က႑တြင္ ႏွစ္ႏိုင္ငံပူး ေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးၾကေၾကာင္း သိရသည္။

သေဘာတူစာခ်ဳပ္တြင္ ႏွစ္ႏိုင္ငံအၾကား ငါးလုပ္ငန္းႏွင့္ ဆက္စပ္ေသာ ပင္လယ္ျပင္ ငါးသယံဇာတတည္ရွိမႈ အကဲျဖတ္ဆန္းစစ္ျခင္း၊ ငါးသယံဇာတ ထိန္းသိမ္းေစာင့္ေရွာက္ျခင္း၊ ပင္လယ္ျပင္၌ ေလွာင္အိမ္ျဖင့္ ငါးေမြးျမဴျခင္း၊ ပင္လယ္ျပင္ ေရသယံဇာတ စီမံခန႔္ခြဲမႈ၊ တရားမဝင္ငါးဖမ္းဆီးမႈ တိုက္ဖ်က္ေရး၊ ငါးလုပ္ငန္းႏွင့္ ေရသတၱဝါ ေမြးျမဴျခင္းဆိုင္ရာ သတင္းအခ်က္အလက္မ်ား ဖလွယ္ေရး၊ ေရသတၱဝါ ေမြးျမဴေရးလုပ္ငန္းဆိုင္ရာ သုေတသန အဖြဲ႕အစည္းမ်ားအၾကား ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ခိုင္မာေရး၊ ငါးဖမ္း ဆီးျခင္း လုပ္ငန္းအတြက္ သင္တန္းမ်ားေပးျခင္း၊ ေဆြးေႏြးျခင္းႏွင့္ အျခားေသာ ငါးလုပ္ ငန္းဆိုင္ရာ က႑မ်ား၌ အျပန္အလွန္စိတ္ဝင္စားေသာ နယ္ပယ္မ်ားတြင္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ရန္ ပူးေပါင္းေဆာင္႐ြက္ျခင္းတို႔ ပါဝင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ေရခ်ိဳငါးမ်ိဳးစိတ္ ၅၆၅ မ်ိဳးခန္႔ရွိၿပီး ၃၁၁ မ်ိဳး၊ ရာခိုင္ႏႈန္းအားျဖင့္ ၅၅ ရာခိုင္ႏႈန္းသည္ ဧရာဝတီျမစ္ဝွမ္းတြင္ က်က္စားလ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံငါးလုပ္ငန္းဦးစီးဌာနကို ၁၉၇၂ ခုႏွစ္၊ မတ္လ ၁၅ ရက္တြင္ စတင္ဖြဲစည္းခဲ့ၿပီး ေရခ်ိဳ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္ စုစုေပါင္းဧရိယာအေနျဖင့္ ဟက္တာ (၈ ဒသမ ၂)သန္း ရွိကာ ျမန္မာ့ပင္လယ္ကမ္း႐ိုးတန္းမွာ (၂၈၃၂) ကီလိုမီတာ ရွည္လ်ားသည္။

၂ဝ၁၉-၂ဝ၂ဝ ဘ႑ာႏွစ္တြင္ ေရလုပ္ငန္းက႑မွ ျပည္ပပို႔ကုန္ပမာဏ အေမရိကန္ေဒၚ လာ (၈၅၃)သန္းေက်ာ္၊ ၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ (၇၈၆) သန္းေက်ာ္ ရရွိခဲ့သည္။

Related news

© 2021. All rights reserved.