မြန်မာ့နိုင်ငံရေးအခက်အခဲပြဿနာများက ခက်ခဲရှုပ်ထွေးကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ဝန်ခံ

 884

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာများဟာ ခက်ခဲရှုပ်ထွေးကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ စက်တင်ဘာလ ၂၃ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာကျင်းပတဲ့ (၇၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ကြောင်းကမ္ဘောဒီးယားမီဒီယာတွေက ဖော်ပြပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က "မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခက်အခဲတွေက ဒေသအတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးကို တိုက်ရိုက်သက်ရောက်နေပြီး စိုးရိမ်စရာကောင်းပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ မြန်မာ့နိုင်ငံရေးအခြေအနေတွေက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ခက်ခဲရှုပ်ထွေးတယ်ဆိုတာကို အသိမှတ်ပြုရမယ်။အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံရေး အခက်ခဲပြဿ နာများကိုဖြေရှင်းနိုင်အောင် ကူညီပေးဖို့ အပြည့်အဝ လုပ်ဆောင်သွားမှာဖြစ်တယ်။အ ကူအညီလိုအပ်နေတဲ့သူတွေကို လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးရေးလုပ်ငန်းများလုပ်ဆောင်နေတယ်။ အာဆီယံ သဘော တူညီချက်ငါးချက်ထဲမှာပါဝင်တဲ့ မြန်မာ့နိုင်ငံရေးမှာပါဝင်တဲ့သူအားလုံးရဲ့တွေ့ဆုံ ဆွေးနွေးမှုများဖြစ်လာအောင် အဖွဲ့အစည်းများကြား ယုံကြည်မှု ပိုမိုအားကောင်းစေဖို့ လုပ်ဆောင်နေတယ်"လို့ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအဖွဲ့ကြေညာစာတမ်းထဲမှာပါဝင်တဲ့ စုစည်းညီညွတ်မှုများကိုအခြေခံပြီး ဘုံရည်မှန်းချက်များကို ရယူနိုင်အောင် ကြိုးပမ်းလျက်ရှိနေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။

zawgyi version
ျမန္မာ့ႏိုင္ငံေရးအခက္အခဲျပႆနာမ်ားက ခက္ခဲရႈပ္ေထြးေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ ဝန္ခံ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးျပႆနာမ်ားဟာ ခက္ခဲရႈပ္ေထြးေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ စက္တင္ဘာလ ၂၃ ရက္က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ မွာက်င္းပတဲ့ (၇၇)ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ေၾကာင္းကေမာၻဒီးယားမီဒီယာေတြက ေဖာ္ျပပါတယ္။

ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က "ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအခက္အခဲေတြက ေဒသအတြင္းတည္ၿငိမ္မႈနဲ႔ လုံၿခဳံေရးကို တိုက္႐ိုက္သက္ေရာက္ေနၿပီး စိုးရိမ္စရာေကာင္းပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ဟာ ျမန္မာ့ႏိုင္ငံေရးအေျခအေနေတြက နက္နက္ရႈိင္းရႈိင္း အျမစ္တြယ္ေနၿပီး ခက္ခဲရႈပ္ေထြးတယ္ဆိုတာကို အသိမွတ္ျပဳရမယ္။အာဆီယံ ဥကၠ႒ျဖစ္တဲ့အတြက္ ကေမာၻဒီးယားႏိုင္ငံဟာ ျမန္မာႏိုင္ငံေရး အခက္ခဲျပႆ နာမ်ားကိုေျဖရွင္းႏိုင္ေအာင္ ကူညီေပးဖို႔ အျပည့္အဝ လုပ္ေဆာင္သြားမွာျဖစ္တယ္။အ ကူအညီလိုအပ္ေနတဲ့သူေတြကို လူသားခ်င္းဆိုင္ရာစာနာမႈ အကူအညီေပးေရးလုပ္ငန္းမ်ားလုပ္ေဆာင္ေနတယ္။ အာဆီယံ သေဘာ တူညီခ်က္ငါးခ်က္ထဲမွာပါဝင္တဲ့ ျမန္မာ့ႏိုင္ငံေရးမွာပါဝင္တဲ့သူအားလုံးရဲ႕ေတြ႕ဆုံ ေဆြးေႏြးမႈမ်ားျဖစ္လာေအာင္ အဖြဲ႕အစည္းမ်ားၾကား ယုံၾကည္မႈ ပိုမိုအားေကာင္းေစဖို႔ လုပ္ေဆာင္ေနတယ္"လို႔ေျပာပါတယ္။

ကေမာၻဒီးယားႏိုင္ငံဟာ အာဆီယံအဖြဲ႕ေၾကညာစာတမ္းထဲမွာပါဝင္တဲ့ စုစည္းညီၫြတ္မႈမ်ားကိုအေျခခံၿပီး ဘုံရည္မွန္းခ်က္မ်ားကို ရယူႏိုင္ေအာင္ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ေျပာပါတယ္။

Picture

09450004554

26/09/2022 15:55

ဟွနဆန်ရေ မလေး က ကောင်၊စ လုံးက ကောင် နဲ့ အင်ဒိုက ကောင်တွေကို ပါ လူလို နားလည်အောင် ပြောပြလိုက်ပါ။

Related news

© 2021. All rights reserved.