(၆)ဘီးကားပေါ်၌ နာနတ်သီးများဖြင့်အုပ်၍ သယ်ဆောင်လာသည့် ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ပြင်ဦးလွင်မြို့နယ်တွင်ဖမ်းမိ

 662

ဟိန်း (NP News) - စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ၆ ဘီးကားပေါ်၌ နာနတ်သီးများဖြင့် အုပ်၍ သယ်ဆောင်လာသည့် ငွေကျပ် (၁) ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီခန့်အချိန်တွင် အဆိုပါ မော်တော်ယာဉ်အား ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်- မန္တလေးသွားကားလမ်း၊ အောင်ချမ်းသာ ကျေးရွာအနီးတွင် မိုးကုတ်မှ ပြင်ဦးလွင်ဘက်သို့ ထွန်းနိုင်ဦး(ခ) ထွန်းနိုင်မောင်းနှင်ပြီး လှမြင့်လိုက်ပါလာသည့် Canter ၆ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာမှ ယာဉ်ပေါ်တွင် နာနတ်သီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ ဘိန်းဖြူများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မခင်အေးဝိုင်း(ခ) ခင်ဝိုင်းအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ဝ ရက်တွင်လည်း မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအနီး၊ လားရှိုး- မူဆယ်သွားကားလမ်းတွင် LANDCRUISER အမျိုးအစား မော်တော်ယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဖြူ အလေးချိန် ၂.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၃၃ဝ) သိမ်းဆည်းရမိခဲ့သေးကြောင်း သိရသည်။

zawgyi version
(၆)ဘီးကားေပၚ၌ နာနတ္သီးမ်ားျဖင့္အုပ္၍ သယ္ေဆာင္လာသည့္ ေငြက်ပ္ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ဖမ္းမိ
ဟိန္း (NP News) - စက္တင္ဘာ ၂၄

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ၆ ဘီးကားေပၚ၌ နာနတ္သီးမ်ားျဖင့္ အုပ္၍ သယ္ေဆာင္လာသည့္ ေငြက်ပ္ (၁) ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ စက္တင္ဘာလ ၂၂ ရက္၊ မြန္းလြဲ ၁ နာရီခန႔္အခ်ိန္တြင္ အဆိုပါ ေမာ္ေတာ္ယာဥ္အား ဖမ္းမိခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္ဦးလြင္- မႏၲေလးသြားကားလမ္း၊ ေအာင္ခ်မ္းသာ ေက်း႐ြာအနီးတြင္ မိုးကုတ္မွ ျပင္ဦးလြင္ဘက္သို႔ ထြန္းႏိုင္ဦး(ခ) ထြန္းႏိုင္ေမာင္းႏွင္ၿပီး လွျမင့္လိုက္ပါလာသည့္ Canter ၆ ဘီး ေမာ္ေတာ္ယာဥ္အား သတင္းအရရွာေဖြရာမွ ယာဥ္ေပၚတြင္ နာနတ္သီးမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ ေဒသကာလတန္ဖိုးေငြက်ပ္ ၁ ဒသမ ၁ ဘီလ်ံတန္ဖိုးရွိ ဘိန္းျဖဴ ၄၄ ကီလို သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဆက္လက္၍ စစ္ေဆးခ်က္အရ မြန္းလြဲ ၂ နာရီခန႔္အခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေအာင္ခ်မ္းသာေက်း႐ြာ၌ ဘိန္းျဖဴမ်ား သယ္ေဆာင္ရာ၌ ပူးေပါင္းပါဝင္သူ မခင္ေအးဝိုင္း(ခ) ခင္ဝိုင္းအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း၊ စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိ ဘိန္းျဖဴမ်ားအား ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ မႏၲေလးတိုင္း ေဒသႀကီးသို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၂ဝ ရက္တြင္လည္း မူဆယ္ၿမိဳ႕နယ္၊ မိုင္းယုေက်း႐ြာအနီး၊ လားရႈိး- မူဆယ္သြားကားလမ္းတြင္ LANDCRUISER အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ေပၚမွ သိုဝွက္သယ္ေဆာင္လာသည့္ ဘိန္းျဖဴ အေလးခ်ိန္ ၂.၂ ကီလို(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ သိန္း ၃၃ဝ) သိမ္းဆည္းရမိခဲ့ေသးေၾကာင္း သိရသည္။

Picture

Ko Moe

26/09/2022 00:41

ဘယ်တော့မှ ကွင်းဆက်ကို မဖမ်းဘူး မိသားစုကို တာဝန်ယူပေးရမှာက အစိုးရလေ ။တိုင်းပြည်မှာ နစက အရင် နအဖ နဝတ ကတည်းက တိုင်းရင်းသားတွေက စွပ်ဆွဲလာတာ နော်။ သူတို့ကို နအဖက ဖျက်ဆီးတာပါတဲ့ လူမျိူးဆန်ပါတယ်တဲ့ဗျား။သူတို့ လူမျိူးစုကို နာမည်တပ်ပြီး လက်နက်ကိုင် လူသတ်နေတဲ့ကောင်တွေကျတော့ မပြောရဲတော့ ရေငုံနှူတ်ပိတ်နေကြတာဗျ။လက်နက်ကိုင်တွေက အခွန်မဆောင်ရင်တော့ မရရအောင် ပြည်သူတွေကိုအမျိူးမျိူးတောင်းတယ် ရိုက်တယ် ဖမ်းတယ် သတ်တယ်။ဘိန်းရောင်တဲ့အိမ်ကျတော့ သူတို့နယ်မြေခံ လက်နက်ကိုက်တွေက မသိဘူးဆိုပြီး တပ်ကိုလွှဲချလိုက်တယ်။ပြည်သူ့စစ်ဆိုပြီး တော့ လက်ညှိူးထိုးပြန်ရော။ဘိန်းမစားတဲ့ လက်နက်ကိုင် က ရှာတာကျတော့ မဝန်ခံရဲဘူး။ကျွန်တော်တို့နိုင်ငံဟာ 2015 အကျော်မှာ 2020 အတွင်းမှာ ပြည်သူတွေ သတ္တိကောင်းခွန့်ရခဲ့ပါတယ်ဗျာ။ဒါကတော့အမှန်တရားပါပဲ။စစ်တပ်ကို ပယ်ပယ်နယ်နယ်ကို အဝေဖန်ခံကြရတာပါ။လက်နက်ကိုင်ကိုတော့ ကိုယ့်အမျိူး လာသတ်သွားတာတောင် အံကြိတ် မျက်ရည်ဝဲ ရုံနေရတဲ့ သူတွေအများကြီးရှိခဲ့ပါတယ်။ဒါအမှန်တရားပြောတာပါ။ထောင်ထဲထည့်မှာထက် သေနတ်နဲ့ဘတစ်ခါတည်း မာရှာလောပဲ ပိုကြောက်ကြတယ်ဗျာ။

Related news

© 2021. All rights reserved.