အီရန်သမ္မတက တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ သတင်းထောက်ကို ခေါင်းစည်းပုဝါဝတ်ဆင်ဖို့ တောင်းဆိုခဲ့တာကြောင့် အစီအစဉ်ဖျက်သိမ်းခဲ့ရ

 921

ရောင်နီ (NP News) - စက်တင်ဘာ ၂၄

အီရန်သမ္မတ အီဘရာဟမ် ရိုင်ဆီနဲ့ CNN ဝါရင့်သတင်းထောက် ခရစ်စတင်း အမန်ပေါ ရဲ့တွေ့ဆုံမေးမြန်းခန်းမှာ ရိုင်ဆီက နိုင်ငံတွင်းမှာ ယခုဆန္ဒပြပွဲများကို ဖြစ်ပေါ်စေတဲ့ hijab ခေါင်းစည်းပုဝါဝတ်ဆင်ရန်သတင်းထောက်ကို တောင်းဆိုခြင်းကြောင့် တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု PBS ရုပ်သံလိုင်းမှာပြသနေတဲ့ CNN သတင်းဌာနရဲ့နိုင်ငံတ ကာ ဝါရင့်သတင်းထောက် အကြီးအမှူး အမန်ပေါကို ၎င်းရဲ့ဆံပင်တွေ ခေါင်းစည်းပုဝါနဲ့ ဖုံးထားပေးဖို့ သမ္မတရဲ့လက်ထောက်တစ်ဦးက ပြောကြားခဲ့ပါတယ်။ ယင်းကြောင့် အ မန်ပေါက “ခေါင်းစည်းဝတ်ဆင်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်း မရှိတဲ့ နယူးယောက်မှာ နေထိုင်နေတာကြောင့် ကျွန်မယဉ်ကျေးစွာငြင်းဆိုခဲ့ပါတယ်” လို့ သူမရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

“အီရန်ပြင်ပမှာ တွေ့ဆုံမေးမြန်းတဲ့အခါ အရင်အီရန်သမ္မတတွေဟာ ဒါမျိုးတောင်းဆိုတာမျိုး မရှိခဲ့ဖူးပါဘူး၊ ဒီမကြုံစဖူးနဲ့မမျှော်လင့်ထားတဲ့ အခြေအနေတွေကို သဘောမတူနိုင်ဘူးလို့ ယဉ်ကျေးစွာပြောခဲ့ပါတယ်”လို့ သူမက ဆိုပါတယ်။

မွတ်စလင် ခေါင်းဆောင်များရဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းများအရ စာရိတ္တထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ် မက်ဆာအမီနီ သေဆုံးမှုနဲ့ ပတ်သက်ပြီး အီရန်မှာ သီတင်းတစ်ပတ်နီးပါးကြာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ အကျင့်စာရိတ္တဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အီရန်လုံခြုံရေးအဖွဲ့အစည်းများမှ ခေါင်း ဆောင်များဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖိနှိပ်ဖို့နဲ့ အီရန် အရပ်ဘက် လူ့အဖွဲ့အ စည်းဝင်များ၊ နိုင်ငံရေး အတိုက်အခံများ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများနဲ့ အဖွဲ့ဝင်များကို ဖိနှိပ်ဖို့ အကြမ်းဖက်မှုများ ပုံမှန်လုပ်ဆောင်နေကြောင်း အမေရိကန်ဘဏ္ဍာ ရေးဌာနက ကြာသပတေးနေ့ (စက်တင်ဘာလ ၂၃၂ ရက်)မှာ ပြောကြားခဲ့ပါတယ်။

zawgyi version
အီရန္သမၼတက ေတြ႕ဆုံေမးျမန္းခန္းအစီအစဥ္မွာ သတင္းေထာက္ကို ေခါင္းစည္းပုဝါဝတ္ဆင္ဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ အစီအစဥ္ဖ်က္သိမ္းခဲ့ရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၄

အီရန္သမၼတ အီဘရာဟမ္ ႐ိုင္ဆီနဲ႔ CNN ဝါရင့္သတင္းေထာက္ ခရစ္စတင္း အမန္ေပါ ရဲ႕ေတြ႕ဆုံေမးျမန္းခန္းမွာ ႐ိုင္ဆီက ႏိုင္ငံတြင္းမွာ ယခုဆႏၵျပပြဲမ်ားကို ျဖစ္ေပၚေစတဲ့ hijab ေခါင္းစည္းပုဝါဝတ္ဆင္ရန္သတင္းေထာက္ကို ေတာင္းဆိုျခင္းေၾကာင့္ ေတြ႕ဆုံေမးျမန္းခန္း အစီအစဥ္ကို ဖ်က္သိမ္းလိုက္တယ္လို႔ သိရပါတယ္။

အေမရိကန္ျပည္ေထာင္စု PBS ႐ုပ္သံလိုင္းမွာျပသေနတဲ့ CNN သတင္းဌာနရဲ႕ႏိုင္ငံတ ကာ ဝါရင့္သတင္းေထာက္ အႀကီးအမႉး အမန္ေပါကို ၎ရဲ႕ဆံပင္ေတြ ေခါင္းစည္းပုဝါနဲ႔ ဖုံးထားေပးဖို႔ သမၼတရဲ႕လက္ေထာက္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ယင္းေၾကာင့္ အ မန္ေပါက “ေခါင္းစည္းဝတ္ဆင္ျခင္းနဲ႔ ပတ္သက္တဲ့ ဥပေဒ (သို႔မဟုတ္) ဓေလ့ထုံးတမ္း မရွိတဲ့ နယူးေယာက္မွာ ေနထိုင္ေနတာေၾကာင့္ ကြၽန္မယဥ္ေက်းစြာျငင္းဆိုခဲ့ပါတယ္” လို႔ သူမရဲ႕တြစ္တာမွာ ေရးသားခဲ့ပါတယ္။

“အီရန္ျပင္ပမွာ ေတြ႕ဆုံေမးျမန္းတဲ့အခါ အရင္အီရန္သမၼတေတြဟာ ဒါမ်ိဳးေတာင္းဆိုတာမ်ိဳး မရွိခဲ့ဖူးပါဘူး၊ ဒီမႀကဳံစဖူးနဲ႔မေမွ်ာ္လင့္ထားတဲ့ အေျခအေနေတြကို သေဘာမတူႏိုင္ဘူးလို႔ ယဥ္ေက်းစြာေျပာခဲ့ပါတယ္”လို႔ သူမက ဆိုပါတယ္။

မြတ္စလင္ ေခါင္းေဆာင္မ်ားရဲ႕ ဝတ္စားဆင္ယင္မႈဆိုင္ရာ စည္းမ်ဥ္းမ်ားအရ စာရိတၱထိန္းသိမ္းေရး ရဲတပ္ဖြဲ႕မွ ဖမ္းဆီးခံခဲ့ရတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ မက္ဆာအမီနီ ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး အီရန္မွာ သီတင္းတစ္ပတ္နီးပါးၾကာ ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ပါတယ္။

အီရန္ႏိုင္ငံရဲ႕ အက်င့္စာရိတၱဆိုင္ရာ ရဲတပ္ဖြဲ႕နဲ႔ အီရန္လုံၿခဳံေရးအဖြဲ႕အစည္းမ်ားမွ ေခါင္း ေဆာင္မ်ားဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ဖိႏွိပ္ဖို႔နဲ႔ အီရန္ အရပ္ဘက္ လူ႔အဖြဲ႕အ စည္းဝင္မ်ား၊ ႏိုင္ငံေရး အတိုက္အခံမ်ား၊ အမ်ိဳးသမီး အခြင့္အေရး လႈပ္ရွားသူမ်ားနဲ႔ အဖြဲ႕ဝင္မ်ားကို ဖိႏွိပ္ဖို႔ အၾကမ္းဖက္မႈမ်ား ပုံမွန္လုပ္ေဆာင္ေနေၾကာင္း အေမရိကန္ဘ႑ာ ေရးဌာနက ၾကာသပေတးေန႔ (စက္တင္ဘာလ ၂၃၂ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.